Sunday, November 25, 2012


မြန်မာ့တပ်မတော်ထုတ် လက်နက်ငယ်များ ပုံစံသစ်ဖြင့်ထွက်ရှိလာ

24/11/2012

ယခင်က အစ္စရေးတပ်မတော်သုံး galil rifle များကို အတုယူပြီးထုတ်လုပ် သည်ဟု ပြော ဆိုနေသော မြန်မာ့တပ်မတော်(Myanmar Army-MA)စီးရီး လက်နက်များ အထဲမှ လက်နက်ငယ်များအား တရုတ်နိုင်ငံတပ်မတော်သုံး QBZ ဒီဇိုင်းများဖြင့် ထွက်ရှိလာပါတယ် ။ ၄င်းQBZ များသည် Bullpup(မောင်းခလုတ် နောက်တွင်ကျည်အိမ်နှင့်မောင်းပြန်စစ်စတမ်တပ်ဆင်ထားသော) သေနတ်အမျိုးအစားဖြစ်ပြီး သေနတ်အား ရင်ခွင်ထဲပိုက်ထားသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး သေနတ်ပြောင်းရမ်းခါမှူကို သက်သာစေမှာဖြစ်တဲ့အတွက် ထိရောက်မှူပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်လို့ လက်နက်ငယ်ဆိုင်ရာကျွမ်းကျင်သူ အရာရှိ တစ်ဦး မှ ပြောပါတယ် ။

ယခင်ကလည်း ဂျာမဏီမှ G3/G4 များကို လိုင်စင်ချပေးခဲ့ရာမှ လိုင်စင်သက်တမ်းကုန်၍ ရပ်နားခြင်းပြုခဲ့ပြီးဖြစ်ပါတယ် ။ထိုစဉ်ကလည်း မြန်မာနိုင်ငံထုတ် G3(သို့)BA 63 များသည် အာရှတွင် လူမဆန်သော သေနတ် ဟု နာမည်ကြီးခဲ့သေးသည်။အမ်အေများထုတ်လုပ်တပ်ဆင်ခဲ့ပြီးနောက် ပေါ့ပေါ့မှူ ကျည်ထွက်ကောင်းမှူတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များသည် ၄င်းတို့၏ လက်နက်များကို စွန့်ခွါကာ စစ်တပ်မှကျဆုံးကျန်ခဲ့သော စစ်သားများရဲ့ အမ်အေ များကိုသာ ကိုင်ဆောင်နေကြပါသည် ။

ယခု အသစ်ထုတ် အမ်အေ စီးရီးသေနတ်များဟာ ဖိုင်ဘာကိုယ်ထည်နဲ့ဖြစ်တဲ့အတွက် ယခင် အမ်အေ ထက်ပိုမို ပေါ့ပါးသည့်အပြင် စကုပ်များပါတပ်ဆင်လာသည့်အတွက် ပစ်မှတ်ကို တိကျစွာ ချိန်ရွှယ်ပစ်ခတ်နိုင်မည်ဖြစ်ပါသည် ။မကြာခင်မှာလည်း တပ်မတော်ခြေလျင်များတွင် ညကြည့်များပါ တပ်ဆင်တော့မယ်လို့ သိရပါတယ် ။ ချပ်ဝတ်တန်ဆာများပါ ပြောင်းလဲပေးတော့မည်ဖြစ်ပြိး ကြည်းတပ် စစ်သည်များကမူ ယခုဝတ်ဆင်နေသော သံလွင်စိမ်းပြောင် ထက် ပြောက်ကျား ဝတ်စုံများကို သာဝတ်ဆင်လိုကြပါသည် ။ တိုက်ခိုက်ရေးဝတ်စုံတွင်လည်း ပေါ့ပါးစွာ ဝတ်ဆင်နိုင်သော ဆာဖရီအကျီအား အပြင်ကထုတ်ဝတ်၍ အပြင်ကခါးပတ် ပတ်ဝတ်ရသော ဒီဇိုင်းမျိုးကို အလိုရှိနေကြကြောင်း သိရပါသည် ။

 24/11/2012

ယခင်က အစ္စရေးတပ်မတော်သုံး galil rifle များကို အတုယူပြီးထုတ်လုပ် သည်ဟု ပြော ဆိုနေသော မြန်မာ့တပ်မတော်(Myanmar Army-MA)စီးရီး လက်နက်များ အထဲမှ လက်နက်ငယ်များအား တရုတ်နိုင်ငံ တပ်မတော်သုံး QBZ ဒီဇိုင်းများဖြင့် ထွက်ရှိလာပါတယ် ။ ၄င်းQBZ များသည် Bullpup(မောင်းခလုတ် နောက်တွင် ကျည်အိမ်နှင့် မောင်းပြန်စစ်စတမ်  တပ်ဆင်ထားသော) သေနတ် အမျိုးအစားဖြစ်ပြီး သေနတ်အား ရင်ခွင်ထဲပိုက်ထားသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး သေနတ်ပြောင်းရမ်းခါမှူကို သက်သာ စေမှာဖြစ်တဲ့အတွက် ထိရောက်မှူ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်လို့ လက်နက်ငယ်ဆိုင်ရာ ကျွမ်းကျင်သူ
အရာရှိ တစ်ဦး မှ ပြောပါတယ် ။

ယခင်ကလည်း ဂျာမဏီမှ G3/G4 များကို လိုင်စင်ချပေးခဲ့ရာမှ လိုင်စင်သက်တမ်း ကုန်၍ ရပ်နားခြင်း ပြုခဲ့ပြီးဖြစ်ပါတယ် ။ထိုစဉ်ကလည်း မြန်မာနိုင်ငံထုတ် G3(သို့)BA 63 များသည် အာရှတွင် လူမဆန်သော သေနတ်ဟု နာမည်ကြီးခဲ့သေးသည်။ အမ်အေများ ထုတ်လုပ် တပ်ဆင်ခဲ့ပြီးနောက် ပေါ့ပေါ့မှူ ကျည်ထွက် ကောင်းမှူတို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များသည် ၄င်းတို့၏ လက်နက်များကို စွန့်ခွါကာ စစ်တပ်မှ ကျဆုံးကျန်ခဲ့သော စစ်သားများရဲ့ အမ်အေ များကိုသာ ကိုင်ဆောင်နေကြပါသည် ။

ယခု အသစ်ထုတ် အမ်အေ စီးရီးသေနတ်များဟာ ဖိုင်ဘာ ကိုယ်ထည်နဲ့ဖြစ်တဲ့အတွက် ယခင် အမ်အေ ထက်ပိုမို ပေါ့ပါးသည့်အပြင် စကုပ်များပါ တပ်ဆင်လာသည့်အတွက် ပစ်မှတ်ကို တိကျစွာ ချိန်ရွှယ် ပစ်ခတ်နိုင်မည် ဖြစ်ပါသည် ။ မကြာခင်မှာလည်း တပ်မတော် ခြေလျင်များတွင် ညကြည့်များပါ တပ်ဆင်တော့မယ်လို့ သိရပါတယ် ။ ချပ်ဝတ်တန်ဆာများပါ ပြောင်းလဲပေးတော့မည်ဖြစ်ပြိး ကြည်းတပ် စစ်သည်များကမူ ယခုဝတ်ဆင်နေသော သံလွင်စိမ်းပြောင် ထက် ပြောက်ကျား ဝတ်စုံများကို သာ ဝတ်ဆင်လိုကြပါသည် ။ တိုက်ခိုက်ရေး ဝတ်စုံတွင်လည်း ပေါ့ပါးစွာ ဝတ်ဆင်နိုင်သော ဆာဖရီအကျီအား အပြင်က ထုတ်ဝတ်၍ အပြင်ကခါးပတ် ပတ်ဝတ်ရသော ဒီဇိုင်းမျိုးကို အလိုရှိနေကြကြောင်း သိရပါသည် ။

Shan News, အင်တာနက်စာမျက်နှာသတင်းမှ

0 ကွန်မန့်ရေးရန်:

Post a Comment