Sunday, November 25, 2012



 ကမ္ဘာ့အကြီးဆုံး လူလိမ်ရွေးချယ်ပြိုင်ပွဲကို အင်္ဂလန် အနောက်မြောက်ပိုင်းဒေသရှိ ဘရစ်ခ်ျအင်တွင် မကြာမီကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘာအရပ်ရပ်မှ အဆိုပါလူလိမ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုဝင်ဘာလ၁၅ရက်နေ့တွင် ဘရစ်ခ်ျအင်သို့ စုရုံးရောက်ရှိနေပြီဖြစ်သည်။ အဆိုပါလူလိမ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးချင်းစီသည် ငါးမိနစ်ခန့် ပရိသတ်များရှေ့တွင် အလိမ်အညာစကားများကို ပြောကြားခွင့်ရရှိမည်ဖြစ်ပြီး ၎င်းတို့ထဲမှအကောင်းဆုံးကို ရွေးချယ်မည်ဖြစ်သည်။
ယင်းကမ္ဘာ့အကြီးဆုံး လူလိမ်ပြိုင်ပွဲကို ၁၉ရာစုအစောပိုင်းတွင် အင်္ဂလန်၏အကျော်ကြားဆုံး လူလိမ်ဖြစ်သူ ဘရစ်ခ်ျအင်၏ ပိုင်ရှင်ဝယ်လ်ရစ်ဆွန်ကို ဂုဏ်ပြု၍ စတင်ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၀၃ခုနှစ်တွင် ကျင်းပသောယင်းပြိုင်ပွဲမှ အံ့သြဖွယ် ဥရောပတိုက်ပြင်ပ ဆုရရှိသူအဖြစ် တောင်အာဖရိကမှ အဘရီကာရူကာက ပထမဦးဆုံးအကြိမ်ရရှိခဲ့သည်။ ထို့ပြင် ၂၀၀၆ခုနှစ်တွင် ပထမဦးဆုံးအမျိုးသမီး လူလိမ်ပညာရှင်အဖြစ် ဆူပါကင်က ရရှိခဲ့သည်။ ပြိုင်ပွဲကျင်းပပြုလုပ်မည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။
ref: ပြည်မြန်မာ 

0 ကွန်မန့်ရေးရန်:

Post a Comment