Tuesday, October 16, 2012

"Asus ရဲ့ Padfone 2 ကို ထိုင်ဝမ်တွင် တရားဝင်မိတ်ဆက်ပွဲထက်စော၍ မိတ်ဆက်ပြသ"

"Asus ရဲ့ Padfone 2 ကို ထိုင်ဝမ်တွင် တရားဝင်မိတ်ဆက်ပွဲထက်စော၍ မိတ်ဆက်ပြသ"

Asus ရဲ့ Padfone 2 တရားဝင်မိတ်ဆက်ပွဲကို ဒီနေ့ မကြာခင် အချိန်တွင်းမှာ အီတလီနိုင်ငံရှိ မီလန်မြို့ တွင် ကျင်းပမည် ဖြစ်သော်လည်း မှတရားဝင် မိတ်ဆက်ပွဲ မကျင်းပမီတွင်ပင် Asus မှ ထိုင်ဝမ်တွင် Padfone 2 ကိုမိတ်ဆက်ပြသထားပြီ ဖြစ်ကြောင်းသိရပါတယ်။ Padfone 2 ဆိုတာကတော့ Smartphone-Tablet အမျိုးအစား ပဲဖြစ်ပါတယ်။ Padfone 2 ကို သာမန် စမတ်ဖုန်းတစ်လုံးကဲ့သို့  အသုံးပြုနိုင်ပြီး Tablet အနေနဲ့ လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ယခုထွက်ရှိလာမည့် Padfone 2 တွင် 4.7 လက်မအရွယ် 720p Super IPS+ Display၊ CPU အနေနဲ့ Qualcomm APQ8064 Quad-Core Processor ၊ 1080p Video များကို ရိုက်ကူးနိုင်သော 13MP ကင်မရာ၊ NFC နှင့် 2,140mAh ဘက်ထရီတို့  ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Padfone 2 ကိုယခုအချိန်တွင် Android 4.0 Ice Cream Sandwich နှင့်သာပွဲထုတ်လာမှာ ဖြစ်ပြီး Asus မှနေ၍ မကြာမီ အချိန်မှာ Android 4.1 Jelly Bean Update ပေးသွားမည်ဖြစ်ကြောင်း ကတိပေးထားပါတယ်။

Tablet အနေနှင့်ကတော့ 10.1 လက်မအရွယ် IPS HD Display ပါဝင်မှာ ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့  ကတော့ ယခင် မော်ဒယ်တွင် ပါဝင်ခဲ့သော 6,600 mAh ဘက်ထရီ အစားယခုအခါတွင်တော့ 5,000 mAh ဘက်ထရီသာ အသုံးပြုထားပါတယ်။ ယခင်ကထက် ဘက်ထရီ ပမာဏပိုနည်းသွားသောကြောင့် Padfone 2 ရဲ့အလေးချိန်သည် ယခင် 854 gram မှ ယခုအခါ 649 gram သာရှိပါတော့သည်။

Padfone 2 ကိုထိုင်ဝမ်တွင် နောက်အပတ်မှ စတင်၍ ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းများအနေနဲ့  ကတော့ 16GB ကို US$616 ဖြင့်လည်းကောင်း၊ 32GB ကို US$684 ဖြင့်လည်းကောင်း၊ 64GB ကို US$750 ဖြင့်လည်းကောင်း ရောင်းချမှာ ဖြစ်တယ်လို့  သိရပါတယ်။ အကယ်၍ သင့်အနေနဲ့  Tablet ပါဝင်သော ဗားရှင်းကို ၀ယ်ယူချင်လျှင်တော့ မော်ဒယ်တစ်ခုချင်းစီ အတွက် အပိုဆောင်းငွေ US$205 ထပ်မံပေးဆောင်ရမည် ဖြစ်ကြောင်း သိရပါတယ်။

Source : GSMArena, CNET Asia

Info Tech For Myanmar (IT4M)

0 ကွန်မန့်ရေးရန်:

Post a Comment