Tuesday, October 16, 2012

မိကျောင်း နှင့် နပန်းသတ်ပြီး သူ၏ခွေးမလေးကိုကယ်တင်သူ အသက် 66 နှစ်ရှိလူကြီးတစ်ယောက်


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မှ အသက်၆၆ နှစ်အရွယ်ရှိ စတိဗ်ဂူစတက်ဆင် ဆိုသူ အဘိုးအိုတစ်ဦးသည် သူ၏ကိုးနှစ်အရွယ် ခွေးတစ်ကောင်အား ကယ်တင်ရန်အတွက် ခုနစ်ပေရှည်သော မိကျောင်းကြီးတစ်ကောင်နှင့်လုံးထွေးသတ်ပုတ်ခဲ့သည်။ ပြီးခဲ့သည့် စက်တင
်ဘာလ ၁၉ ရက်နေ့က စတိဗ်မှာ နေအိမ်အပြင်ဘက်ရှိ ၀က်သစ်ချပင်ကို ခုတ်နေစဉ် သူ၏ခွေးဘောင့်စ် ၏ နာကျင်စွာအော်ဟစ်သံကြားရာသို့ စတိဗ်သွားအကြည့်တွင် သူ၏ခွေးမလေး ကို မိကျောင်းကြီးတစ်ကောင်က ကုပ်မှကိုက်ချီထားပြီး ရေစပ်သို့ ဆင်းသွားနေသည်ကို တွေ့ လိုက်ရသည်။ ထိုအခါ စတိဗ် မှာ ပြေးလွှားပြီး မိကျောင်းပေါ်ခုန်တက်ကာ မိကျောင်းကြီးနှင့် လုံးထွေးသတ်ပုတ်ရင်း မိကျောင်း၏ မေးရိုးများကို ဆွဲမ၍ ခွေးမလေးကိုကယ်တင်လေသည်..။ စတိဗ် ၏ စွန့်စားမှုကြောင့် မိကျောင်းကြီး မှာ ခွေးလေးကို လွှတ်ပေး၍ ရေထဲသို့ ပြန်လည် ကူးခပ်သွားသည်။ စတိဗ်မှာ ဆိုးဆိုးရွားရွာဒဏ်ရာ တစ်စုံတစ်ရာမရရှိဘဲ သူ၏ခွေးမလေးကို ကယ်တင်နိုင်ခဲ့သည်။

ရက်အနည်းငယ်အကြာတွင် အဆိုပါ မိကျောင်းကို ထောင်ချောက်ဆင်ဖမ်းမိခဲ့ပြီး တိရစ္ဆာန်ရုံသို့ ပို့လိုက်သည်..။

0 ကွန်မန့်ရေးရန်:

Post a Comment