Saturday, September 15, 2012

ဧကရာဇ်မြစ်၏ဆေးအစွမ်း

ဧကရာဇ်ပင်သည် အညာဒေသ မြေလတ်ပိုင်းတွင် အလေ့ကျ ပေါက်ပါသည်။ ဧကရာဇ်ပန်းသည် မွှေးမြပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသည်။ ဧကရာဇ်ရွက်နုများကို ရေနွေးဖြောပြီး နှမ်းလှော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ အကွင်းလိုက်လှီးပြီး သုပ်စားကြပါသည်။ အနည်းငယ် ခါးသက်သက်ရှိ၍ ဆီး၊ ၀မ်းကို ရွှင်စေပါသည်။ ယခု တင်ပြလိုသည်မှာ ဧကရာဇ်အမြစ်၏ဆေးအစွမ်းပင် ဖြစ်ပါသည်။ ပျို့အန်သည်။ အော့အန်သည်။ ၀မ်းလည်း ခဏခဏ လျှောသည်။ ရေလည်း ငတ်သည်။ ထိုသို့ အော့အန်ဝမ်းကျ ရေငတ်နာ ဖြစ်ခဲ့သော်- ဧကရာဇ်မြစ် တစ်ထွာခန့် တူးယူပြီး ရေစင်စင်ဆေး၍ ဆန်ဆေးရည်နှင့် ခပ်ပျစ်ပျစ်သွေးပြီး ဟင်းသောက်ဇွန်းတစ်ဇွန်း သောက်ပေးပါ။ အနည်းငယ် အချိန်ခြား၍ သုံးဇွန်းအထိ ဆက်သောက်ပါ။ ရောဂါ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ သူ့တစ်မည်တည်းနှင့်ပင် အစွမ်းထက် လွယ်ကူသောဆေးနည်းဖြစ်၍ တင်ပြပေးလိုက်ပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment