Saturday, September 15, 2012

ဦးကျော်မောင်ချေ အသုဘ ကျောက်တော်တွင် လူပေါင်း နှစ်သောင်းနီးပါးခန့် ပို့ဆောင်


နိရဉ္စရာ

ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရသော ဦးကျော်မောင်ချေ အသုဘ အား စက်တင်္ဘာလ ၁၃ ရက်နေ့က ကျောက်တော်တွင်ပြုလုပ် သ ဂြိုလ်ရာ လူပေါင်း နှစ်သောင်းနီးပါးခန့် လိုက်ပါ ပို့ဆောင် ပေးခဲ့သည်။

“ ဒီလောက် များတဲ့ လူတွေ ကို အသုဘ တစ်ခါမှ မတွေ့ဖူးပါဘူး။ တစ်မြို့လုံးပြည့်နေတယ်။ ခန့်မှန်း ခြေ တစ်သောင်းကျော်၊ နှစ်သောင်း နီး ပါးခန့်ရှိ နိုင်ပါတယ်” ဟု အသုဘသို့ သရဏဂုံ သွားရောက် တင်ပေးခဲ့သူ ဆရာတော် တစ်ပါးက မိန့်ကြားသည်။

အသုဘအား နေ့လည် ၂ နာရီကျော် အချိန်တွင် မီးသဂြိင်္ုလ်ရာ ကျောက်တော်မြို့ပေါ် က ပြည်သူများသာမက ကျောက်တော်မြို့နယ် တစ်ခု လုံးမှ လူပေါင်းမြောက်မြားစွာ အသုဘ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

အသုဘ လိုက်ပါ ပို့ဆောင်နေစဉ် ဆူပူအုံကြွမှု ပေါ်ပေါက်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သဖြင့် ဒေါသ ထွက်နေသော လူအုပ်ကြီးကို ရဟန်း တော်များနှင့် အာဏာပိုင်များက ဖျောင်းဖျ ထိန်းသိမ်း ခဲ့ရသည်ဟု ဆိုသည်။

“ ဆရာတော်တို့က ပြောတာက တရားဥပဒေနဲ့ အညီ တာဝန်ရှိသူတွေက အရေးယူလိမ့်မယ်။ အကြမ်း ဖက်မူတွေ မလုပ်ဖို့ မေတ္တာရပ် ခံရ ပါတယ်။ အကယ်၍ လူသတ် တရားခံတွေကို တရား ဥပဒေနဲ့ ရဲအဖွဲ့ က အရေးမယူဘူးဆိုရင်တော့ အဲဒီခါမှသာ ဆရာတော်တို့ကိုယ်တိုင် ဦးဆောင်ပြီး အရေးဆိုမူတွေ လုပ်မယ်လို့ ပြောဆို ဖျောင်းဖျရပါတယ်။ အခုတော့ ရဲက တရားခံ နှစ်ဦးကို ဖမ်းဆီး မိထားပြီလို့ သိရပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ယခုအခါ ဦးကျော်မောင်ချေ အား သတ်ဖြတ်မူနှင့် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူ ပိုက်သည်ရွာ သား ရွှေမောင်(ခေါ်) အဒူမာလိတ်နဲ့ လာလူး (ခေါ်) ဖော်ရီအာမတ်တို့ ဖမ်းဆီးထားကြောင်း သိရ သည်။ တခြား သတင်းရပ်ကွက်အရ အဆိုပါ ဖမ်းဆီးထားသူ နှစ်ဦးမှာ စစ် တွေမြို့မှ လာ ရောက်သူ များ ဖြစ်ကြောင်းနှင့် သူတို့ နှစ်ဦးနှင့် အတူ ယခု လူသတ်မူတွင် အနည်းဆုံး လူပေါင်း (၈) ဦးခန့် ပါဝင်နိုင် ကြောင်း သူတို့ ကျူး လွန်သော ပြစ်မူကို ကြည့်ပြီး ပြောဆိုသည်။

ဦးကျော်မောင်ချေ (၆၄ နှစ်) သည် စက်တင်ဘာလ (၁၁) ရက်နေ့ ညနေ ၅ နာရီခန့်တွင် မလေးရှားရှိသူ့သားထံမှပေးပို့သောငွေကို ကျောက် တော်မြို့မှ ထုတ်ယူပြီး သူနေထိုင်ရာ သရက်အုပ် ကျေးရွာ သို့ အပြန်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။

“ သူသတ်ဖြတ်ခံရတာက ရိုးရိုး လူသတ်မူ မဟုတ်ပါဘူး။ လုယက်မူလည်း မဟုတ်ပါဘူး။ လည်ပင်းကို လှီးထားတဲ့ အတွက် ဒါဟာ ဘာသာရေး အစွန်းရောက်သူတွေက တမင် ကျူးလွန်တာ ဖြစ်ပါတယ်။ ရမ်းဗြဲ ကျောက်နီမော်က မသီတာ ထွေး လည်ပင်းကို လှီးထား တာနဲ့အခု လှီးထား တာဟာ တစ်ထေရာတည်း တူနေပါတယ်” ဟု အလောင်းကို ကိုယ်တိုင် သွာြး ကည့်ခဲ့သူ ကျောက်တော် သင်္ဘောဆိပ်မှ ကိုနီအောင် ကျော် က နိရဉ္စရာသို့ ပြောသည်။

ယခုအခါ ကျောက်တော်မြို့နယ်တွင် ဦးကျော်မောင်ချေ အသတ်ခံရမူနှင့် ပတ်သက်ပြီး မကျေနပ်မူများ အထူး တိုးပွားနေပြီး သက်ဆိုင် ရာမှ ငွေ စားပြီး အမူမှန်ကို မဖေါ်ထုတ်ဘဲ ထားမည်ကို ပြည်သူများက အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

အခင်းမဖြစ်ပွားမီ နံနက်ပိုင်းကလည်း သရက်အုပ် ကျေးရွာမှ ဈေးသွား ဈေးလာများအား ပိုက်သည်ရွာ ဘက်မှ တုတ်၊ ဓားများကိုင် ဆောင် ထား သူ အကြမ်းဖက် သမားများက ရန်ပြုမည့် အနေအထားမျိုး ရှိနေကြောင်း သရက်အုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင် သန်းနှင့် ဦး ကျော်မောင်ချေတို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဦးကျော်မောင်ချေ အသတ်ခံရသော ညနေပိုင်းကလည်း ရွာသားများ အလောင်း တွေ့ချိန်တွင် က၀ိရတနာ ဘုန်ကြီးကျောင်းတွင် တပ်စွဲ ထား သော မြောက်ဦး အခြေစိုက် ခမရ (၃၇၈) တပ်ရင်းသို့ သွားရောက် တိုင်ကြားရာ တပ်ရင်းမှုးကတပ်သားများကိုမလိုက်ရဟုတားမြစ် ကြောင်း သိရသည်။

အလားတူ ကျောက်တော် ရဲစခန်းသို့ အကြောင်းကြားရာ တာဝန်ရှိသူ ရဲစခန်းမှူးက ရွာသား များ အား မင်းတို့ အလောင်းကို ယူလာ နိုင်ရင် ယူလာကြပါဟု ပြောကြားပြီး ရဲသား တစ်ဦး တစ်ယောက် မှ စေလွှတ်ခြင်း မရှိကြောင်း သိရသည်။

ရခိုင်တွင် တာဝန်ကျနေသော ဗမာလူမျိုး အရာရှိကြီးများ အထဲမှ တချို့သည် “ရခိုင်နဲ့ ကုလားဖြစ် တာ- တို့ အနေသာကြီးပါ” ဟု စိတ် သ ဘော ထားကာ ပြုမူ ဆောင်ရွက် လုပ်ကိုင် နေသဖြင့် မလို လားအပ် သော ပြဿနာများ နောင်တွင် ပိုမို ဖြစ်ပေါ်လာနိုင်သည်ဟု ပြည် သူ များက ယုံကြည်နေကြသည်။

0 ကွန်မန့်ရေးရန်:

Post a Comment