Saturday, September 15, 2012

ရှမ်းရွာ သုံးရွာ ရွှေ့ပေးရန် ကေအိုင်အေ ညွှန်ကြား


ကော့လီ

အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တင်းမာလာနေတဲ့ အချိန်မှာ လိုင်ဇာဌာနချုပ်နဲ့နီးတဲ့ ရှမ်းရွာသုံး ရွာကို တစ်ပတ်အတွင်း လုံခြုံရေးအရ ရွှေ့ပြောင်းပေးရန် ကေအိုင်အေက ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။

(စက်တင်ဘာ) ၈ ရက်နေ့က ညွှန်ကြားချက် ရောက်လာတယ်။ တစ်ပတ်အတွင်း ရွာထဲက လူအကုန်ထွက်ပေးရမယ်တဲ့။ တိုက်ပွဲကြီးတွေ ဖြစ် လာနိုင်တယ်။ လုံခြုံရေးအရ ရွာသားတွေ အကုန်လုံး ရွာတွေကနေ ထွက်သွားပေးပါလို့ ပြောတာပဲ – ဟု ဒေသခံ တစ်ဦးက ပြောပါ တယ်။

ရွာရှိလူကုန် ပြောင်းရွှေ့ပေးဖို့ အမိန့်ပေးခံရတဲ့ ရွာတွေကတော့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲထဲ ပါဝင်တဲ့ မန်မော် (မ္ဂ္မှ်ုမြှ်)၊ မန်ဆိုင်း (မ္ဂ္မှ်ုသ္ဂဿး)၊ နားလုံ (္မြးလူင်) ရွာတွေ ဖြစ်ပြီး လိုင်ဇာဌာနချုပ်ကို တောင်ဘက်ခြမ်းက ဝင်နိုင်တဲ့ ကားလမ်းနဲ့အနီးကပ်ဆုံး တည်ရှိတဲ့ ကျေးရွာ တွေလည်း ဖြစ်ပါတယ်။

တစ်ပတ်အတွင်း ရပ်မိရပ်ဖ လူကြီးတွေ လိုင်ဇာသွားပြီး တစ်ပတ်အတွင်းတော့ ရွှေ့လို့မဖြစ်နိုင်သေးဘူး၊ အချိန်ပိုပေးပါလို့ ကချင်လူကြီး တွေ ကို သွားပြီးတောင်းပန်နေတယ်။ သွားတဲ့ ရပ်မိရပ်ဖတွေရဲ့ အခြေအနေလည်း မသိရသေးဘူး။ အခုအထိ ရွာကို ပြန်မရောက်သေး ဘူး – လို့ ဒေသခံ တစ်ဦးက စက်တင်ဘာ ၁၃ ရက်နေ့မှာ ကော့လီကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ အစိုးရတပ်က ၁၀၅ မမ အမြောက်များနဲ့ လိုင်ဇာဒေသဘက်ကို ပစ်ခတ် နေတယ်လို့ ကေအိုင်အေပြောခွင့်ရပုဂ္ဂိုလ် လ နန် က ပြောကြားကြောင်း ဧရာဝတီ သတင်းဌာနက ရေးသားထားပါ တယ်။

ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အစိုးရအဖွဲ့နဲ့ ကေအိုင်အေ နှစ်ဖက်စလုံး ထုတ်ဖော်ပြောဆိုကြပေမယ့် တွေ့ဆုံဆွေးနွေးကြမယ့်နေ ရာ သတ် မှတ်ကိုတောင် တစ်ဖက်နဲ့တစ်ဖက် လိုက်လျော သဘောတူနိုင်ခြင်း မရှိသေးပါဘူး။

0 ကွန်မန့်ရေးရန်:

Post a Comment