Tuesday, September 11, 2012

အမေရိကန် သံတမန်အဖွဲ့ရခိုင်သို့ရောက်ရှိ၊ အတူယှဉ်တွဲနေထိုင်ရေး သဘောထား ကိုမေး


ရွှေဘန်း(စစ်တွေ)

ရခိုင်ပြည်နယ်အရေး၌ရေရှည်ဖြေရှင်းနိုင်မည့်နည်းလမ်းများတွင်ထိရောက်စွာကူညီနိုင်ရေးအတွက်အဖွဲ့ဝင် ၁၁ ဦးပါအမေရိကန် သံတမန် အဖွဲ့သည် စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Joe Yun ၊ အမေရိ ကန် သံအမတ်ကြီး Mr. Derek Mitchell၊ ကုလသမဂ္ဂဒုက္ခသည် များ ဆိုင်ရာမာမင်းကြီးရုံး အကြီးအကဲ ဌာနေကိုယ်စားလှယ် Hans ten Feld တို့ ပါဝင်သော သံတမန်အဖွဲ့သည် Air Mandalay လေ ကြောင်းခရီးဖြင့် စစ်တွေသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါသံတမန်အဖွဲနှင့်အတူ အဖွဲ့ဝင် ၇ ဦးပါသောလုံခြုံရေးနှင့်နယ်စပ် ရေးရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဦး ဆောင် သည့်အဖွဲ့လည်းလိုက်ပါလာခဲ့ပြီးပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ် အတွင်း ဒေသအလိုက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂ လီလူမျိုး များပျံ့နှံ့နေထိုင်မှုအနေအထားကိုမြေပုံကားချပ်ဖြင့်ဟိုတယ်ဧည့်ခန်းမ၌အကျယ် တ၀င့် ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် အတွင်းဖြစ်ပျက်ခဲ့သည့် ပကတိအနေအထားများ၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီ ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတကာ မှ လာရောက်မှုအခြေအနေ အရပ်ရပ်ကို ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးက ရှင်းပြပြီး ၊ Mr.Joe Yun က ရခိုင်ဒေသအတွင်း ရေရှည်ဖြေရှင်းရ မည့် နည်းလမ်းများအနက် အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာရေးအ ပေါ် သဘောထားနှင့် အမေရိကန် ပြည် ထောင်စု အနေဖြင့် လူသားချင်းစာနာမှု အကူအညီများကိုဆက်လက်ပေးသွားရန်ရှိကြောင်း အစိုး ရ အဖွဲ့ရုံးခန်းမ၌ နေ့လည်အချိန် ပြု လုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ရွှေစေတီကျောင်း၊ မင်းဂံ၊ သက္ကေပြင်၊ ဘောဒူဖ စသောဒုက္ခသည် စခန်းများသို့ သွားရောက်ကာ ဒုက္ခ သည် များအပါအ၀င် ပြုစုစောင့်ရှောက်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းတွင် မောင်တော မြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော တိုင်းရင်းသားများကိုလည်း တွေ့ဆုံမေးမြန်ကာ ၊ နေ့လည် ပိုင်း၌် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တက်ဘာ ၉ ရက်နေ့ ၁ နာရီတွင် စစ်တွေဟိုတယ်၌ ဆရာတော်သံဃာတော်ကြီးများ နှင့်တကွ ရခိုင်သဟာယ၊ ၀ံလက်ဖောင်ဒေးရှင်း၊ ဒုက္ခ သည်များကယ်ဆယ်ရေးကော်မတီ၊ Action Based Community Development (ABCD)၊ ယူတိုပီးယား စသည့် ရခိုင်လူမှုအဖွဲ့အစည်း ငါးဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်းခဲ့သည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Joe Yun၏ ခရီးစဉ်တလျှောက် မေးမြန်းချက် များတွင် အဓိကအားဖြင့် ပဋိပက္ခဖြစ် ပွား ရ သည့်အခြေခံ အကြောင်းရင်းနှင့် ရေရှည် ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ခြင်းရှိ၊ မရှိကို အလေး ထားမေးမြန်းခဲ့ကြောင်းသိရသည်။




ဆရာတော်ကြီးများ၊ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ဒုက္ခသည်များကမူ ၁၉၄၂ခုနှစ်မှသည်ယနေ့အထိဘင်္ဂလီတို့၏ နယ်မြေလုသတ်ဖြတ် မှု ကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ အသက် အိုးအိမ် စည်းစိမ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး၊ နောင် အတူယှဉ်တွဲ ဆက်လက်နေ ထိုင်လျှင် လည်း ယခုထက် ပိုမိုးဆိုးရွားစွာဖြစ်ပွားရုံသာမက နိုင်ငံအချုပ်အခြာ နယ်နိမိတ်ပါဆုံးရှုံး၍ ရခိုင်လူမျိုးပါ ပျက်သုန်းပျောက်ကွယ် သွား နိုင်သ ဖြင့် ကျူးကျော်လာသူ ဘင်္ဂလီများနှင့် လုံးဝ အတူမနေလိုကြကြောင်း ပြတ်သားစွာငြင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ စစ်တွေ နှင့် မောင်တော ဒေသများမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို နှစ်ရက်တာ ကာလ တွေ့ဆုံမေး မြန်း ပြီးနောက် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၉ ရက်နေ့ ညနေတွင် လေကြောင်းခ ရီးဖြင့် ရန်ကုန် မြို့သို့ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိသည်။

0 ကွန်မန့်ရေးရန်:

Post a Comment