Tuesday, September 11, 2012

*ကျောင်းသားလေး၏လွယ်အိတ်ထဲမှသေနတ်တွေ့ ပြီးနောက် မက္ကဆီကိုရဲတပ်ဖွဲ့ သေနတ်နှင့်ကျည်အများအပြားထပ်မံတွေ့ ရှိ**




ကိုးနှစ်အရွယ်ကျောင်းသားလေးက
 ကျောင်းသို့ သေနတ်ယူဆောင်လာခဲ့ပြီးနောက် မက္ကဆီကို ရဲတပ်ဖွဲ့များ စုံစမ်းစစ်ဆေးခဲ့ရာ ဟာမိုစီလိုမြို့မြောက်ပိုင်း မူးယစ်ဆေးဝါးမှောင်ခိုများ ပိုင်ဆိုင် သော လက်နက်အမြောက်အမြားကို ထပ်မံရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြောင်း စက်တင်ဘာ ၈ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ရေးသားဖော်ပြသည်။ အဆိုပါ ကျောင်းသားလေး၏ ကျောင်းလွယ်အိတ်ထဲ၌ အတန်းဖော်သူငယ်ချင်းများက သေနတ်မြင်တွေ့ခဲ့ပြီးနောက်ကျောင်း တာဝန်ရှိသူ များအား သွားရောက်သတင်းပို့ တိုင်ကြားခဲ့သည်ဟုဆို၏။ ယင်းကျောင်းသားလေး ၏ ကျောင်းလွယ်အိတ်ထဲ၌ သေနတ်တွေ့ရသည်ဟုသတင်းရလျှင်ရချင်း မက္ကဆီကိုရဲ တပ်ဖွဲ့ သည် ၄င်းကျောင်းသားလေး နေထိုင်ရာနေအိမ်သို့ အမြန်သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ လက်နက်နှင့်ကျည်ဆန်အမြောက်အမြားထပ်မံတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ၄င်းကျောင်းသား လေး၏နေအိမ် ထမင်းစားပွဲပေါ်တွင်ရိုင်ဖယ်တစ်လက်တွေ့ရပြီးသည့်နောက် အိပ်ခန်းအတွင်း၌ ကျည်ဆန် အတောင့် ၁၃ဝဝ၊ ပစ္စတိုသေနတ်များ၊ ရိုင်ဖယ်သေနတ်များ၊ ကျည်ကာအင်္ကျီများနှင့် ငွေရေစက်နှစ်လုံးတို့ကိုပါ တွေ့ရှိခဲ့သည်ဟုဆိုသည်။ ရဲတပ်ဖွဲ့က ကျောင်းသားလေး၏ မိခင်ဟု ယူဆရသူအမျိုးသမီးတစ်ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့ပြီး အမျိုးသားတစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားသည်ဟုဆိုသည်။ (အင်တာနက်)

0 ကွန်မန့်ရေးရန်:

Post a Comment