Tuesday, July 17, 2012

ဒီပဲယင်းတွင် ဒုက္ခိတဖြစ်သွားသည်အထိ ရိုက်နှက်ခံရသူ NLD အဖွဲ့ဝင် ကိုမြတ်ကို



မိုးအခအထောက်တော် ဝဝ၁
ဇူလိုင် ၁၆၊ ၂၀၁၂

၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှုတွင် ရိုက်နှက်ခံရသူတဦး၏ ဓာတ်ပုံကို မုံရွာမြို့ NLD ၏ Facebook တွင် ယနေ့ ပေါ်ပေါက်လာသည်။
သူ၏အမည်မှာ ကိုမြတ်ကို ဖြစ်ပြီး မြောင်မြို့နယ် တွင်းကြီးကျေးရွာအုပ်စုတွင် နေထိုင်သူ ဖြစ်သည်ဟု ဆိုသည်။
သူ့ကို သွားရောက် တွေ့ဆုံသော NLD အဖွဲ့ဝင်

များကိုလည်း ဓာတ်ပုံတွင် တွေ့ရသည်။

ကိုမြတ်ကိုသည် စစ်ကိုင်းတိုင်းသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးပေးသည့် NLD အဖွဲ့ဝင်များထဲတါင် ပါဝင်သည်။

၂၀၀၃ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း ဒေသ အကြမ်းဖက်မှုတွင် ထောင်နှင့်ချီသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်။

ထိုဖြစ်ရပ်ကို အာဏာပိုင်တို့က ပဋိပက္ခတခုအဖြစ် သတ်မှတ်ပြီး သေဆုံးသူ ၄ ဦးရှိသည်ဟု တရားဝင် ပြောဆိုခဲ့သည်။

အများအပြား ဒဏ်ရာရ ဖမ်းဆီးခံရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အဖွဲ့ဝင် တချို့မှာ နှစ်ရှည် ထိန်းသိမ်းခံခဲ့ရသည်။

ယခုအခါ အစိုးရက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြောဆိုခြင်း အလျဉ်း မရှိသကဲ့သို့ NLD ကလည်း သင်ပုန်းချေလိုသည့်ပုံရှိနေသည်ကို တွေ့ရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment