Tuesday, July 17, 2012
သူတို့ တစ်တွေ (အာဇာနည်နေ့ ဂုဏ်ပြုဆောင်းပါး)
       ထိုတစ်နေ့ က ကောင်းကင်ကြီးမှာ တိမ်တွေအရင်လို မထူထပ်နေဘဲ ရှင်းလင်းနေခဲ့တယ်။ လူတွေပာာလည်း
ကိုယ့်အလုပ်နဲ့  ကိုယ် သာမန်နေ့ လိုပဲ သွားလာေ
အဖြစ်အပျက်တစ်ခုပာာ ဖြစ်ပွားခဲ့တယ်။ မနက်စောစောပိုင်းမှာ မိုးကလေးဖွဲဖွဲရွာပြီး မမျှော်လင့်သော အဖြစ်အပျက်
တစ်ခုသေနတ်သံတွေ ဗိုလ်ချုပ်တို့ အစည်းအဝေး အမြဲတမ်းလုပ်လေ့ရှိတဲ့ နေရာမှာ တော်တော်များများကြားလိုက်ရ
ပြီးဘေးပတ်ဝန်းကျင်က  လူတွေ ထိတ်လန့် ခဲ့ကြတယ်။
တဲ့။ လူတွေလမ်းပေါ် မှာ ကင်းမဲ့နေတယ်။ တောက်ခေါက်သံတွေ ၊ ရှိုက်သံတွေ ၊ ငိုတဲ့အသံတွေ တစ်ချက်ချက်ကြားနေ
ရတယ်။ တစ်ချို့ ယောကျာ်းတွေဆို တုတ်တွေ ဓါးတွေ ကောက်ဆွဲပြီး ဘယ်သူ့ ကို သွားချလို့ ချရမှန်းမသိ ဖြစ်နေတယ်။
         ထိုနေ့ က မိဘတွေက ကလေးတွေကို အပြင်ထွက်ဆော့မကစားစေဘဲ အိမ်ထဲမှာပဲနေစေတယ်။ ရန်ကုန်မြို့ ကြီး
ပာာ ထို့ နေ့ က တိတ်ဆိတ်နေပြီး အသက်ကင်းမဲ့လို့ နေခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တခြားဝန်ကြီးတွေ အပါ
သွားပြီဆိုတာကို ဘုရင်ခံ ဆာမန်ဒေါ်နယ်စမစ် က ရေဒီယိုကနေ တစ်ဆင့် အတည်ပြုကြေညာပြီးတဲ့နောက်ပိုင်းမှာ ဤ
သတင်းပာာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတင်မကဘဲ ကမ္ဘာကိုပါ ပျံနှံ့သွားပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံး လွန်စွာမှပင်
ဝမ်းနည်းကြေကွဲခဲ့ရတယ်။
မလဲ။ ဗိုလ်ချုပ်မရှိတော့ဘူး ။ တောက်....ဒီကောင်တွေ လုပ်ရက်လိုက်ကြတာ..ခွေးထက်မိုက်တဲ့ကောင်တွေ "ဆိုပြီး
ပြည်သူတွေ ဗိုလ်ချုပ်တို့ အတွက် ၀မ်းနည်း ပက်လက် ရင်ကွဲဖြစ်ခဲ့ရတယ်။
         မြန်မာ့သမိုင်းမှာ ဒီလိုနေ့မျိုးကြီးကို ပယ်ဖျက်ခွင့်ရရင် သိပ်ကောင်းမှာဘဲ။ ငါတို့ မြန်မာတွေကို နှစ်ပေါင်း(၁၂၀)
နီးပါး ကြာအောင် ကျွန်ပြုပြီး သွေးစုပ် အုပ်စိုးခဲ့တဲ့ နယ်ချဲ့ အင်္ဂလိပ်တွေနဲ့ တကွ ဖက်ဆစ်ဂျပန်တွေကိုပါ ဦးဆောင်ပြီး
တိုက်ထုတ်ခဲ့တဲ့လွတ်လပ်တဲ့ စည်းလုံးညီညွတ်တဲ့ ဒီမိုကရေစီအပြည့်အ၀ ရရှိတဲ့ မြန်မာနိုင်ငံဖြစ်အောင်ပါ ဦးစီး
ဆောင်ရွက်ခဲ့တဲ့ ငါတို့ ဗိုလ်ချုပ်နဲ့ တကွဝန်ကြီး(၇)ယောက် ၊ ကိုယ်ရံတော်တွေအားလုံး ငမိုက်သား အာဏာရူးဦးစောနဲ့ 
တကွ အပေါင်းအပါတွေ လုပ်ကြံလို့ ဗိုလ်ချုပ် တောင် သေနတ်နဲ့ (၁၃)ချက် ရက်ရက်စက်စက် အပစ်ခံရပြီး
ကျဆုံးခဲ့ရတယ်။
        သူတို့ တစ်တွေ ကြိုးစားပမ်းစား အသက်နဲ့ ရင်းပြီးအားထုတ်ခဲ့ရတဲ့ လွတ်လပ်ရေးကိုတောင် မြင်မသွားရှာဘူး။
သူတို့ တွေအတွက် စိတ်မကောင်းဖြစ်မိလိုက်တာ။ သူတို့ တွေနိုင်ငံအတွက် အသက်ကိုပေးလှူသွားတာပဲ ။ တိုက်ပွဲမှာ
ကျလို့ ကျဆုံးသွားတယ်ဆိုတာ ခံသာသေး အခုပာာက လုပ်ကြံခံလိုက်ရတဲ့အတွက် အရမ်းကို ကြေကွဲဖို့ ကောင်းပါတယ်။
        သူတို့ တစ်တွေဆိုတာ အာဇာနည်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးဘ၀င်း ၊ မန်းဘခိုင် ၊ စပ်စံထွန်း ၊
ဦးရာဇတ်၊ဒီးဒုတ်ဦးဘချို ၊ သခင်မြ ၊ ဦးအုန်းမောင် ၊ ရဲဘော်ကိုထွေးတို့ ပါပဲ။ ရဲဘော်သုံးကျိပ်ဝင် တစ်ယောက်ဖြစ်တဲ့
ဗိုလ်ချုပ်အောင်ဆန်းနဲ့  တကွ ၀န်ကြီးတွေပာာ လွတ်လပ်တဲ့ ဒီမိုကရေစီအရသာ အပြည့်အ၀ရရှိတဲ့ နိုင်ငံတော်ကြီးဖြစ်
အောင် ကိုယ်ကျရာ ကျရာ တာဝန်ကနေတစ်ဆင့် အားကြိုးမာန်တက် နိုင်ငံ့အတွက် ထမ်းဆောင်နေရာကနေ အခုလို
ရုတ်တရတ် ဖြတ်ပြီး လုပ်ကြံခံခဲ့ရတာလွန်စွာမှပင် ခံပြင်းစရာကောင်းလှပါတယ်။
        ဗိုလ်ချုပ်တို့ ပာာ အခုလိုမျိုး အဆင့်ကို ရောက်ရှိဖို့ အတွက် ဂျပန်ပြည်မှာ စစ်ပညာကို ခဲရာခဲစစ် သင်ယူခဲ့ရပြီး
လူတွေအမြောက် အများ သူတို့ အသက်တွေကို နိုင်ငံ့လွတ်လပ်ရေးအတွက် ပေးလှူခဲ့ရပါတယ်။ အင်္ဂလန်ကိုမကြာ
သေးမီလေးကမှ သွားပြီး အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပာာ မြန်မာပြည်သူ တွေကို
(၁)နှစ်အတွင်း လွတ်လပ်ရေးရမယ်ဆိုတာ ကတိပေးခဲ့ပြီး ပြည်မကြီးက တိုင်းရင်းသားတွေနဲ့ လည်း စည်းလုံးညီညွတ်
မှုရယူပြီး မြန်မာနိင်ငံကို နယ်ချဲ့ အင်္ဂလိပ်တွေက သွေးခွဲတာကို ကာကွယ်နိုင်ခဲ့ပြီး ပင်လုံစာချုပ် ချုပ်ဆိုခဲ့ တဲ့
သူတစ်ယောက်ပါ။
       တခြားဝန်ကြီးတွေပာာဆိုရင်လည်း သူတို့ ကျရာ တာဝန်မှာ ထမ်းဆောင် ပြီး သူတို့ ရဲ့ ဘ၀တစ်လျှောက်လုံး
တက္ကသိုလ်  ကျောင်းသားဘ၀ ကနေစတင်ပြီး နိုင်ငံ့လွတ်လပ်ရေးအတွက် ကိုယ့်အသက်ကိုပင် အမှုမထားဘဲ
ခေတ် တွေမှာ ပြည်သူလူထုနဲ့ အတူ နောင်လာနောင်သား မြေး ၊ မြစ် ၊တီ၊ တွတ် တွေအတွက် အနာဂတ်ကို မျှော်မှန်း
ပြီး တိုက်ပွဲဝင်ခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အစိုးရမှာ ၀န်ကြီးနေရာတွေကတစ်ဆင့် တိုင်းပြည်
လည်ပတ်နိုင်အောင်လည်း  ကြိုးကြိုးစားစား ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့သူတွေပါ။
        သူတို့ တွေ ကျဆုံးချိန်မှာ သူတို့ မှာ ကျန်ခဲ့တဲ့ မိန်းမတွေ ၊ သားသမီးတွေလည်း ရှိကြလိမ့်မယ်။ သူတို့ တွေ
လည်းပဲ ပြည်သူလူထု နဲ့ အတူ ထပ်တူထပ်မျှ ၀မ်းနေကြေကွဲနေကြလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တခြားဝန်
ကြီးတွေ ကျဆုံးခဲ့ကြပေမဲ့လည်း သူတို့ တွေ မြန်မာပြည် သူတွေအတွက် လုပ်ဆောင်သွားခဲ့ကြတဲ့ ကြိုးပမ်းမှုတွေ ၊
ဇွဲတွေ ၊ သတ္တိတွေ ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ ၊ ထက်မြက်မှုတွေ ၊ ခေါင်းဆောင်မှုတွေပာာ သူတို့ တွေ သေဆုံး
သွားကြပေမဲ့လည်း ဒီကမ္ဘာမြေပျက်တဲ့အထိ မသေဆုံးနိုင်ပါဘူး။ အမြဲတမ်းဆက်လက် ရှင်သန်နေမှာပါ။ သူတို့ တစ်တွေ
သားတွေပာာလည်း သူတို့ ကိုလေးစားအောက်မေ့ပြီး သူတို့ ဖြစ်စေချင်ခဲ့တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီအပြည့်အ၀ ရရှိတဲ့
နိုင်ငံတော်ကြီးဖြစ်အောင် ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားကြမှာပါ။
        အခုဆို ဗိုလ်ချုပ်နဲ့ တကွ တခြား အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ(၆၅)နှစ်တောင်ရှိပါပြီလား ။
ဘူး။ ကျွန်တော်တို့ အခုရရှိနေတဲ့ လွတ်လပ်ရေးပာာလည်း သူတို့ တွေရဲ  ကြိုးပမ်းမှုတွေကြောင့်ပဲဖြစ်တယ်။ သူတို့ 
တစ်တွေရဲ့    နောင်လာနောင်သားတွေဖြစ်တဲ့ ကျွန်တော်တို့ အတွက် အစစအရာရာ ကြိုးပမ်းမှုတွေကြောင့် ကျွန်တော်
တို့ ပာာအခုလို အင်္ဂလိပ်လက်အောက်မှာ ပာုတ်မနေတော့ဘဲ ကိုယ့်အစိုးရနဲ့ ကိုယ်လွတ်လပ်တဲ့ မြန်မာပြည်ဖြစ်နေပါပြီ။
ပြည်အတွက် ကြိုးပမ်းလိုမှုတွေပာာ စိတ်အစဉ်မှာ ဖြစ်ပေါ်တည်ရှိလို့ နေပါတယ်။ ဤမေ့မရနိုင်တဲ့ မြန်မာတစ်မျိုးသား
လုံးအတွက်ဝမ်းနည်းကြေကွဲဖို့ ကောင်းတဲ့ အာဇာနည်နေ့ မှာ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်တွေ ကောင်းရာသုဂတိ
လားပါစေလို့ ဆုတောင်းရင်း သူတို့ တွေကို ဒီဆောင်းပါးလေးနဲ့ သတိရစွာဖြင့် ဂုဏ်ပြုလိုက်ပါတယ်။
                                                                             ဆက်လက်ကြိုးစားပါဦးမည်။
                                                                                7/14/2012.7:36PM
                                                                              http://wiwilay.blogspot.com
0 ကွန်မန့်ရေးရန်:
Post a Comment