Tuesday, July 17, 2012

Android Application Setting အသုံးပြုခြင်းအကြောင်း




Android OS ဖုန်းတွေအတွက် Setting ထဲက Application Setting ကို ဘယ်လိုအသုံးပြုနိုင်တယ် ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Application Setting ဆိုတာကတော့ Android OS ဖုန်းတွေ မှာ ထည့်သွင်းအသုံးပြုထားတဲ့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေနဲ့ အခြား Application စနစ်တွေ အားလုံးကို ထိန်းချုပ်အသုံးပြုနိုင်မယ့် နေရာတစ်ခုလို့ပဲ ဆိုရမှာပါပဲ။ ဖုန်းထဲကိုထည့်သွင်းထားတဲ့ Application တွေကို ပိတ်ထားချင်ရင်ပဲဖြစ်ဖြစ်၊ ဖျက်ပစ်ချင်ရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟု

တ် ဖုန်းထဲမှာ ထည့် သွင်း ထားတဲ့ Application တစ်ခုခုက Error ဖြစ်နေလို့ ဖုန်းဟန်းနေတာမျိုးတွေကိုပဲဖြစ်ဖြစ် ဒီနေရာကနေ ပြုလုပ်နိုင်ပါတယ်။ Application Setting ထဲမှာ ပြုလုပ်နိုင်တာတွေကတော့ ဖုန်းထဲ မှာ ထည့်ထားတဲ့ ဆော့ဖ်ဝဲတွေရဲ့လုပ်ဆောင်ချက်ကို ရပ်ဆိုင်းနိုင်ခြင်း၊ ဆော့ဖ်ဝဲ ကိုဖျက်ပစ်နိုင်ခြင်း ၊ ဖုန်းထဲမှာရှိနေတဲ့ ဆော့ဖ်ဝဲတွေအားလုံးကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်ခြင်း၊ Run နေ တဲ့ဆော့ဖ်ဝဲတွေ၊ Download တွေ၊ SD Card ထဲမှာရှိနေတဲ့ ဆော့ဖ်ဝဲတွေ အစရှိတာတွေကို ရှာဖွေခြင်းတွေ ပြု လုပ်နိုင်ပါတယ်။

အသုံးပြုပုံကတော့ ဖုန်းရဲ့ Setting ထဲကိုဝင်လိုက်ပါ။ ပြီးရင်တော့ Setting ထဲက Applicaiton ထဲကိုသွားရပါမယ်။ Application ထဲက Manage Application ထဲကိုဝင်လိုက်တာနဲ့ ဆော့ဖ်ဝဲတွေ ရဲ့ မြင်ကွင်းတစ်ခုကိုမြင်တွေ့ရမှာပါ။ ဒီနေရာမှာမြင်တွေ့ရမှာကတော့ Download, ALL, On SD Card, Running အစရှိတာတွေကို မြင်တွေ့ရမှာပါ။ Down- load ရဲ့မြင်ကွင်းထဲမှာတော့ ဖုန်းထဲကို Download ပြုလုပ်ပြီးထည့်သွင်းထားတဲ့ Application တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ALL ဆို တဲ့ထဲကို ၀င်လိုက်မယ်ဆိုရင်တော့


ဖုန်းထဲမှာရှိနေတဲ့ ဆော့ဖ်ဝဲတွေအားလုံးကို တစ်နေရာတည်းမှာ တစ်စုတစည်းတည်း မြင်တွေ့ ရမှာဖြစ်ပါတယ်။ On SD Card ဆိုတာကတော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ SD Memory Card ထဲမှာရှိနေတဲ့ ဆော့ဖ်ဝဲတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Running ဆိုတာကတော့ ဖုန်းထဲမှာ လက်ရှိအလုပ်လုပ်နေတဲ့ဆော့ဖ်ဝဲတွေ၊ Run နေတဲ့ဆော့ဖ်ဝဲတွေကို ပြသပေးမှာဖြစ်ပါတယ်။ ဖုန်းထဲမှာမလိုအပ်ဘဲ Run နေတဲ့ ဆော့ဖ်ဝဲတွေနဲ့ အသုံးမပြုချင်လို့ ခဏတဖြုတ်ပိတ်ထားချင် တဲ့ ဆော့ဖ်ဝဲတွေကိုလည်း ဒီနေရာမှာပြုလုပ်နိုင်ပါတယ်။ All ထဲမှာ ကိုယ်အသုံးမပြုချင်တဲ့ဆော့ဖ်ဝဲ၊ ပိတ်ချင်တဲ့ဆော့ဖ်ဝဲကို လိုက်ရှာလိုက်ပါ။ ပြီးရင်တော့ အဲဒီဆော့ဖ်ဝဲကို နှိပ်လိုက်တာနဲ့ ဆော့ဖ်ဝဲရဲ့ Commond ဖိုင်ကိုမြင်တွေ့ရမှာပါ။ Software Commond စာမျက်နှာမှာ Force Stop, Uninstall Clear Data ဆိုတဲ့စာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ကိုယ်ကဆော့ဖ်ဝဲတွေကို ဖျက်မပစ်ချင်သေးပဲ လုပ်ဆောင်ချက်ကို ခဏရပ်ဆိုင်းထားချင်တယ်ဆို ရင်တော့ Force Stop ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုဆော့ဖ်ဝဲရဲ့လုပ်ဆောင်ချက် ရပ်တန့်သွားပါလိမ့် မယ် ။ဆော့ဖ်ဝဲကို ဖုန်းထဲကနေ လုံးဝဖယ်ထုတ်ပစ်ချင်တယ်ဆိုရင်တော့ Uninstall ဆိုတာ ကိုနှိပ်လိုက် ပါ။ ဒါဆိုရင်တော့ ဖုန်းထဲမှာရှိတဲ့ Install တစ်ခုလုံးကို ဖျက်ပစ်လိုက်မှာဖြစ်ပါတယ်။ Install ကိုတော့ မဖျက်ဘူး၊ ဒါပေမယ့် ဆော့ဖ်ဝဲဖိုင်ကို ဖျက်ချင်တယ်ဆိုရင်တော့ Clear Data ဆိုတာကိုနှိပ်လိုက်ပါ။ Clear Data ကတော့ Delete Function ဖြစ်ပါတယ်။ ဆော့ဖ်ဝဲကိုခဏ ရပ်တန့် တဲ့အနေနဲ့ ပြုလုပ်တဲ့ Force Stop စနစ်မှာတော့ Stop လုပ်ထားတဲ့အချိန်မှာ ဆော့ဖ်ဝဲ ရဲ့လုပ်ဆောင်ချက်က ရပ်တန့်နေမှာဖြစ်ပေမယ့် ဖုန်းကိုပါဝါပိတ်လိုက်တဲ့အချိန်မှာတော့ ဒီစနစ်က ရပ်တန့်သွားမှာဖြစ်ပါတယ်။ ဖုန်းကို ပါဝါပြန်ဖွင့်လိုက်တဲ့အချိန်မှာ ကိုယ်ရပ်တန့်ခဲ့တဲ့ Force Stop လုပ်ခဲ့တဲ့ ဆော့ဖ်ဝဲတွေအားလုံးဟာ ပြန်ပြီးအလုပ်လုပ်နေမှာဖြစ်ပါတယ်။

Uninstall လုပ်မယ်ဆိုရင်တော့ ဂရုစိုက်ရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ Android OS ဖုန်းတွေဟာ ဖုန်းထဲမှာ Default ပါဝင်တဲ့စနစ်တွေနဲ့ ဆော့ဖ်ဝဲတွေကိုလည်း ဖြုတ်ပစ်လို့ရအောင် လုပ်ပေးထားတဲ့အတွက် ဥပမာ- ကင်မရာဆော့ဖ်ဝဲလိုဟာမျိုးကို Uninstall လုပ်မိသွားမယ်ဆို ရင်တော့ ဒါက Original Default ပါဝင်တဲ့ဆော့ဖ်ဝဲဖြစ်တဲ့အတွက် သက်သက်ပြန်ရှာပြီး ထည့်လို့မ ရနိုင်ပါဘူး။ ဖုန်းရဲ့ OS စနစ်တစ်ခုလုံးကို ချိန်းပြစ်လိုက်မှပဲ ရနိုင်မှာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် Uninstall စနစ်ကိုအသုံးပြုရင် ဂရုစိုက်သင့်ပါတယ်။

Originally Posted by ဦးမတ်စိုး


0 ကွန်မန့်ရေးရန်:

Post a Comment