Saturday, July 14, 2012

ကားတိုက်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဝိုင်းဝန်းကူညီပေးကြစေလို


ကားတိုက်ခံရပြီး ကိုယ်လက် အင်္ဂါ ဆုံးရှုံးခြင်းအား
အမှုမှန် မြန်မြန်ပေါ်ပေါက်စေရေးအတွက် ဝိုင်းဝန်းကူညီပေးကြစေလိုပါသည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ နယ်ဥဿာမြို့ သစ်၊ ကွင်းကြီး(၈)ရပ်ကွက် နေ မောင်ရဲဇော်ဟိန်း (ဖ) ဦးဇော်မြင့် အသက်(၂၂)နှစ် သည် ၁၀-၇-၂၀၁၂ ရက်နေ့ နံနက် (၀၉း၃၀)နာရီခန့် တွင် ပဲခူးကောလိပ်နှင့် ပဲခူးမြို့ တွင်း အကြား ကားလမ်းမပေါ်ရှိ နာဂဝန်ဘုန်းကြီးကျောင်းနှင့် သစ်သားအထပ်သားစက်ရုံအနီးတွင် ဆိုင်ကယ်စီးလာစဉ် သစ်သားအထပ်သားစက်ရုံသို့  ဆီလာချပြီးပြန်လည်ထွက်ခွာလာသည့် မော်တော်ယာဉ် အမှတ် (ထ-၂၇၅၅)၊ ဟိုင်းလပ်အမျိုးအစား အဖြူရောင်နှင့် တိုက်မိပြီးနောက် ဘေလုံးကွဲပျက်ပြီး ဘယ်ဘက်လက်မှာလည်း တံတောင်ဆစ်အထက်မှ ထက်ပိုင်းကျိုးပြတ်ကာ လက်မှာ ကားနှင့်ချိတ်ပါသွားပြီး နောက် ကျကျန်ခဲ့ပါသည်။

အမှုအား ပဲခူးမြို့ နယ် အမှတ်(၃) ရဲစခန်းမှ (ဒုရဲအုပ် မျိုးမင်းထွန်း (၀၉၄၀၀၄၅၇၅၃၅) မှ) ကိုင်တွယ် လျက်ရှိပြီး အခြေအနေအား မေးမြန်းလိုက်တိုင်း (စုံစမ်းလျက်/ ဆောင်ရွက်ဆဲ) ဟုသာ သိရှိရပြီး ကားပိုင်ရှင်မှာ ဝေါမြို့ နယ်မှ မထသ ဥက္ကဌ ၏ ကားဖြစ်သည်ဟု သိရှိရပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ယနေ့ တိုင် ထွက်ပြေးတိမ်းရှောင်လျက် ရှိပါသည်။ ကားပိုင်ရှင်မှ လည်း လူနာအား ယနေ့ တိုင် လုံးဝ လာရောက်မေးမြန်းခြင်း ဆေးဝါးထောက်ပံ့ ကူညီပေးခြင်းလုံးဝမရှိပါ။ မောင်ရဲဇော်ဟိန်း အား ၁၀-၇-၂၀၁၂ ရက်နေ့  နေ့ ခင်းမှ ယနေ့ ထိတိုင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ၅/၆ အဆောင်တွင် တက်ရောက် ကုသမှုခံယူလျက်ရှိပါသည် ထို့ ကြောင့် အမှုမှန် မြန်မြန်ပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း Myanmar  News Now ကို သတင်းပေးပို့ ထားပါသည်။

အသေးစိတ်သိရှိလိုပါက အမဖြစ်သူ ဒေါက်တာနှင်းမို့ မို့ ဇော် (၀၉၇၃၀၈၁၂၇၇)နှင့် အဒေါ် မဝင်းခိုင် (၀၉၄၉၃၇၆၄၁) တို့ အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment