Saturday, July 14, 2012

ဒိုက်ဦး ဆရာမ က ကျောင်းသား ကို အညှိုးကြီး စွာ ရိုက်နှက် ဆုံးမ



ပဲ ခူးတိုင်း ဒိုက်ဦးမြို့ နယ် အစိုးရအထက်တန် ကျောင်းတွင် ပညာသင်ကြားနေသည့် အဌမတန်းကျောင်းသား မောင်ဟိန်းသန့် ဇင် အား ၊ (ဒသမတန်း-D) တွင်ပညာသင်ကြားလျှက်ရှိသော ကျောင်ဆရာမ ဒေါ်ခင်ခင်လဲ့  က ဇွန်လ ၂၈ ရက်နေ့ က လူမဆန်စွာ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ သည် အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါသည် ။

ဖြစ်စဉ်မှာ မောင်ဟိန်းသန့် ဇင် သည်ဒသမတန်းတွင် ပညာသင်ကြာနေသော အစ်ကိုဝမ်းကွဲအား ထမင်းချိုင့်သွားပို့ စဉ် (ဒသမတန်း-D) ခန်းရှေ့အရောက်မှ ဆရာမ ဒေါ်ခင်ခင်လဲ့၏ မြေးဖြစ်သူလက်ထဲမှ လွတ်ကျသွားသော မာလာကာသီးတစ်လုံးအား တက်နင်းမိ၍ လွတ်ပစ်လိုက်သော မာလာကာသီး ဟုထင်မှတ်က ကန်ကျောက်ဆော့ ကစားမိရာ (ဒသမတန်း-D) မှဆရာမဒေါ်ခင်ခင်လဲ့က (၈)တန်းကျောင်းသားမောင်ဟိန်းသန့် ဇင် အားဆွဲခေါ်၍ သူ၏အခန်းထဲတွင်(ဒသမတန်း-D)ကျောင်းသူကျောင်းသားများရှေ့  တွင် အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့သည်ဟု မျက်မြင်ကျောင်းသားကျောင်းသူများက တွေ့ ရှိခဲ့ကြောင်းပြောသည်။
ထို ကျောင်းမှာ အထက်တန်း ကျောင်းသား တစ်ဦး က FNG ကို ပြောပြ ရာ တွင် ဆရာမ ဒေါ်ခင်ခင်လဲ့ က အချက် ပေါင်း များစွာ ရိုက်နှက် ခဲ့ သည် ဟု သိရသည်။

ထိုသို့  ဖြစ်ပွား ပြီး နောက် မောင်ဟိန်းသန့် ဇင် ၏ မိဘများက ကျောင်းအုပ်ဆရာမကြီး ထံ တိုင်ကြားခဲ့ ရာ နောက်တစ်နေ့ တွင် ဆရာမဒေါ်ခင်ခင်လဲ့  သည် မောင်ကောင်းသန့့်ဇင် နေထိုင်သော ကျေး ရွာသို့ လာရောက်ပြီး(တောင်းပန်)သည်မဟုတ်ပဲ ကျောင်းသား မိဘများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့  မချေမငံပြောဆိုသွားပါသည်။

ဒိုက်ဦး မြို့  တွင် ပြင်ပ ပုဂ္ဂလိ က ကျောင်း နှင့် ကျုရှင် များ မှာ လည်း ခောတ် စား နေ ပြီး အစိုးရကျောင်း ဆရာမ များ မှာ ထို ကျုရှင် များ တွင် လည်း သင်ကြား ပြသလျှက် ရှိသည်။

ပြီးခဲ့ သည့် မတ်လ က ရန်ကုန် တိုင်း စမ်းချောင်း မြို့ နယ် မှ ကျောင်းဆရာ မ တစ်ဦး သည်ကျောင်းသူ တစ်ဦး အား လက် ကျိုး သည် ထိ ရိုက် နှက် ခဲ့ ရာ ကလေး က ကြောက်လန့် သွား ခဲ့ ပြီး ကျောင်း ပြောင်း ရွှေ့ အပ် နှံ ရသည် ထိ ဖြစ်ပေါ် ခဲ့ သည်။

0 ကွန်မန့်ရေးရန်:

Post a Comment