Saturday, July 14, 2012

ဇေကမ္ဘာကို ရွှေနံ့ သာ ဆန္ဒပြမည်


တင်မောင်အေး
အထွေထွေအတွင်းရေးမှုး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ ဒေသခံတောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်နေသော လယ်မြေများကို ဇေကမ္ဘာ ကုမ္ပဏီက စက်မှုဇုန်အတွက်ဆိုကာ သိမ်းယူထားခဲ့ခြင်းကြောင့် ကုမ္ပဏီနှင့် လယ်သမားများအကြား ပဋိပက္ခ ဖြစ်ပွားနေသော မင်္ဂလာဒုံမြို့နယ်တွင် လာမည့် ဇူလိုင်လ ၁၅ရက်နေ့ နံနက်(၉)နာရီမှမွန်းလွဲ (၁)နာရီအထိ ရွေနံသာကျေးရွာမှလယ်သမားများနှင့် ပြည်သူများက တရားဝင်ဆန္ဒထုတ်ဖေါ်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မတူကွဲပြားရေးနှင့် ငြိမ်းချမ်းရေးပါတီ ထံမှ သိရသည်။

ဆန္ဒပြလမ်းလျှောက် စတင်မည့်နေရာမှာ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဌာနချုပ်ရှေ့မှ စတင်ထွက်ခွာပြီး ရန်ကုန်ပြည်လမ်းပေါ်၊ ထိုမှတစ်ဆင့်ထောက်ကြံ့လမ်းဆုံ၊ ထိုမှတဆင့်
ရန်ကုန်ပဲခူးလမ်းမကြီးဘေးရှိ မြနန္ဒာပန်းခြံ အတွင်းတွင် စုပေါင်းပြီးဆန္ဒထုတ်ဖေါ်မည်ဖြစ်ကြောင်း အဆိုပါ ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးက ရှင်းပြသည်။

နာက်ဆုံးအခြေအနေအရ ပန်းခြံအတွင်းမိုးရွာသွန်းမှုကြောင့်ဗွက်များပေါက်နေသဖြင့် ပန်းခြံ
အရှေ့တွင်ဆန္ဒထုတ်ဖေါ်ကြမည်ဖြစ်ကြောင်း၊ အင်အား(၂၀၀)ကျော်ဖြင့်စတင်မည့် ဆန္ဒပြ လမ်းလျှောက်ပွဲကို ဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူများက တားဆီးပါက ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်များလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်းနှင့် အသေးစိပ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် ၀၉ ၈၆၁၀၇၁၉သို့ ဆက်သွယ်နိုင်ကြောင်း ၄င်းက ဆိုသည်။

နောက်ဆုံးရရှိသောသတင်းများအရ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးက
နံနက် ၉း၀၀နာရီမှ နံနက် ၁၁း၀၀ နာရီအထိသာ ခွင့်ပြုကြောင်း ပြန်လည်ဖြေကြားသဖြင့် နှစ်ရက်သာပြုလုပ်မည်ဖြစ်ပြီး
ကျန်ရက်များကို ဖျက်သိမ်းကာ ကြည့်မြင်တိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်တို့တွင် စုဝေး
ဆန္ဒထုတ်ဖေါ်ခြင်းကို ဆက်လက်လုပ်ဆောင်နိုင်ရန်သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ ပါတီခေါင်းဆောင်များက တာဝန်ယူပြီးတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment