Friday, July 27, 2012

မြန်မာနိုင်ငံလုံခြုံရေး

Inbox
x




ကျွန်တော်တို့တွေးတော ကြောက်ရွံ့နေစရာမလိုသည်မှာ နိုင်ငံတော်လုံခြုံရေးပင်ဖြစ်သည်။
နိုင်ငံတော်တွင် စစ်အစိုးရလက်ထက်က ပင် နိုင်ငံတော် ဘက်ဂျက်(စာရင်းပြ)၄၀ရာခိုင်နှုန်
ပတ်ဝန်းကျင်အထိပင်သုံးစွဲထားသည်ကိုတွေ့နိုင်ပါသည်။ထို့အတွက်ကြောင့်လည်း ပြည်တွင်း
ပြည်ပ အတိုက်အခံများက အပြစ်တင်ရှုံ့ချခြင်းကို ခံခဲ့ရပါသည်။ မြန်မာစစ်ဗိုလ်ချုပ်တို့သည်
အမေရိကန်၏ ရန်ကို ကြောက်ရွံ့ခဲ့ကြသည်ကိုမူ သိသာထင်ရှားလှပါသည်။ ထို့ကြောင့်လည်း
တိုင်းပြည် ၀င်ငွေ၏ အများစုကိုကာကွယ်ရေး ဘက်ဂျက်တွင် အလွန်အမင်းသုံးစွဲ၍ တပ်မတော်
ကိုခေတ်မှီတပ်မတော်ဖြစ်စေရန် အဖက်ဖက်မှ ကြိုးစားခဲ့ပါသည်။

ပြည်တွင်းလူအနည်းစု အစွန်းရောက်များကိုမဆိုထားနှင့် ပြည်တွင်းလူထုတစ်ရပ်လုံးကိုပင်
ငြိမ်ဝပ်ပိပြားနေအောင် ထိန်းချုပ်နိုင်သော စစ်တပ်နှင့်အစိုးရပင်ဖြစ်ပါသည်။ ဘာသာခြား
လူမျိုးခြားများမဆိုထားနှင့် ဘာသာတူ လူမျိုးတူ များပေါ်တွင်ပင်လျှင် ရက်စက်ကြမ်းကြုတ်
စွာဆက်ဆံနှိပ်ကွက်ထားခဲ့သော သာဓကများကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်လုံခြုံရေးအတွက်
မည်သည့်အဖွဲ့အစည်းက မည်သို့ခြောက်လှန့်စေကာမူ ပြုံး၍ နေမည်ပင်ဖြစ်ပါသည်။
ဦးခင်ညွှန့်လက်ထက်က အမျိုးသားထောက်လှမ်းရေးသည် အလွန့်အလွန်အစွန်းထက်သည်ဟု
နာမည်ရခဲ့သည်မှာလည်း အခြောက်တိုက်မဟုတ်ချေ။ ထောက်လှမ်းရေးပညာတွင် ကမ္ဘာကပင်
ချီးကျူးရသောမြန်မာနိုင်ငံသားမြောက်များစွာ အစ္စရေး(မော့ဆက်) ထောက်လှမ်းရေးဗဟိုသို့
သင်တန်းများတက်ရောက်လေ့လာဆည်းပူးပြီး ဆုများပင်လျှင်ဆွတ်ခူးရရှိခဲ့ကြောင်း အနောက်နိုင်ငံ
သတင်းဌာနာများ က ထုတ်လွှင့်သွားခဲ့ပါသည်။

နိုင်ငံတော်အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ ( ကာလုံ) တွင်စစ်ဦးစီးချုပ်နှင့်၎င်းအောက်တွင်
ရှိသော ပြည်ထဲရေးအဖွဲ့၊နယ်စပ်ကာကွယ်ရေးတပ်၊စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အပါအ၀င်
ပြည်ထဲရေးအောက်ရှိ အကြမ်းဖက်ရဲ၊နိုင်ငံခြားခရီးသည် စောင့်ရှောက်ရေးရဲတပ်ဖွဲ့(tourism security guard force )လုံခြံမှု ထိန်းသိမ်းရေးရဲ (လုံထိန်း)၊မူးယစ်အထူးတပ်ဖွဲ့၊ သတင်းအထူးတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊နိုင်ငံတော် ရဲတပ်ဖွဲ့၊အကျဉ်းဦးစီးစသည်ဖြင့်များမြောင် လှသော အဖွဲ့အစည်းများဖြင့် စနစ်တကျဖွဲ့စည်းထားသည်ကို တွေ့ရှိနိုင်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံသည် တပ်မ ဌာနချုပ်များ၊တပ်ရင်းဌာနချုပ်များ၊ တိုင်းစစ်ဌာနချုပ်များ၊စစ်ဒေသ ကွပ်ကဲမှုဌာနချုပ်(ဒကစ)၊ကာကွယ်ရေးနှင့်စစ်လက်နက်ပစ္စည်းစက်ရုံများ(ကပစ)၊လေကြောင်းရန်ကာကွယ်ရေး၊
ရေတပ်၊လေတပ် မြောက်များစွာဖြင့်ဖွဲ့စည်းထားသော အရှေ့တောင်အာရှနိုင်ငံများထဲတွင် အင်အား
အကြီးဆုံးစစ်တပ်ကို ပိုင်ဆိုင်ထားလေသသည်။မြန်မာနိုင်ငံက ၄င်း၏ စစ်အင်အားကို တရားဝင် ချပြ မထားပါဘဲလျှက် ပြည်ပနိုင်ငံများက မြန်မာနိုင်ငံကို အရှေ့တောင်အာရှ တွင်စစ်အင်အားအများဆုံးဟု
ခန့်မှန်းထားသည်ကို ကြည့်ခြင်းအားဖြင့် အမှန်တကယ် တွင် စစ်အင်အားသည် ထိုထက်ပင်များစွာ
ပိုနိုင်ကြောင်း ခန့်မှန်းပြောဆိုသည်လည်း ရှိပါသည်။

မြန်မာနိုင်ငံသည်တစ်ခြားသော နိုင်ငံများထက်စစ်ရေးစစ်ရာတွင် အလွန်နိုးကြားသောနိုင်ငံတစ်နိုင်ငံဖြစ်
ပါသည်။ အကြောင်းမှာ နှစ်ပေါင်းများစွာအချင်းချင်းတိုက်ခိုက်နေကြသော မျိုးနွယ်စုများ စုပေါင်းတည်
ဆောက်ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်က တစ်ကြောင်း၊စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အမေရိကန်အပါအ၀င် ပြည်ပနိုင်ငံများ၏ ရန်ကို စိုးကြောက်ခဲ့သော သာဓက များကြောင့်လည်းကောင်း
ထောက်ရှုခြင်းဖြင့်သိနိုင်ပါသည်။မြန်မာနိုင်ငံတွင် ပြည်ပ ထောက်လှမ်းရေးများလာရောက်ထောက်လှမ်း
ခဲ့သော သက်သေများရှိခဲ့ပါသည်။( စီိအိုင်အေနှင့်မြန်မာ နိုင်ငံ )ဟူသောစာအုပ်တွင်ဖတ်ပါ။
သို့သော် ပြည်ပ နိုင်ငံသားများနှင့် အသားအရောင်ရော ယဉ်ကျေးမှုပါကွဲပြားသိသိသာသာပင် ကွဲပြားခြားနားနေရကား တိုင်းတစ်ပါးသားတို့ ၀င်ရောက်ထောက်လှမ်းရန် အလွန့်အလွန် ခက်ခဲလှပါသည်။

သတင်းပေါက်ကြားမှု များရှိခဲ့သော်လည်း စစ်အစိုးရက ပြင်းထန်စွာအရေးယူခဲ့သော သာဓကများစွာ ရှိပါသည်။ဥမင်ပရောဂျက်တွင်သတင်းပေါက်ကြားမှုဖြင့်သေဒဏ်ပေးခဲ့သော ၀န်ထမ်းနှစ်ယောက်သည်
ဥပမာပင်ဖြစ်ပါသည်။ မြန်မာ့စစ်တပ်အတွင်းမှ လုံခြုံရေးနှင့်အမျိုးသားရေးဆိုင်သော သတင်းအချက်အလက်များသည် ကြိုတင်သိရှိနိုင်ရန် လွန်စွာမှ ပင်ခက်ခဲလျှက်ရှိပါသည်။ ထို့ကြောင့်
မြန်မာ့တပ်မတော်မည်မျှ ခေတ်မှီနေသည် မည်မျှ ကြိုတင်ပြင်ဆင်ထားသည်ကိုမူ အတိအကျ သိနိုင်ရန်
ခက်ခဲလှပါသည်။

သို့သော် နျူကလီးယားစီမံကိန်း တစ်စိတ်တစ်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှုးစိုင်း..က ထိုင်းနိုင်ငံသို့ထွက်ပြေးပြီး လျှို့ဝှက်မှု တစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်လိုက်သည်တွင် မြန်မာုနိင်ငံ
စစ်တပ်သည် ရုရှ နိုင်ငံ၏ အကူအညီဖြင့်တာဝေးပစ် ဒုန်းပျံများ ကိုစမ်းသက်ထုတ်လုပ်နေသည် ဆို
သည်ကို ၄င်း နျူလက်နက် ထုတ်လုပ်ရန်အစီအစဉ်ရှိနိုင်သည် ဆိုသည်ကို ၄င်း ထိုဗိုလ်မှုးမှ ဖွင့်ချ
သွားခဲ့သည်။ ( သို့သော် ထိုဗိုလ်မှူးသည် လည်း အစီအစဉ်၏ အစိတ်အပိုင်းမျှသာဖြစ်သောကြောင်
တိတိကျကျ မသိရှိနိုင်ဟု လေ့လာသူများက သုံးသပ်ကြသည်)

မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာစစ်တပ်သည်
တိုင်းပြည်ကိုပြည်ပ ရန်မှ သော်လည်းကောင်း၊အစွန်းရောက်အုပ်စုများ၏ အန္တရာယ်မှ လည်းကောင်း
ပြည်တွင်းပြည်ပ မည်သို့သော အဖြတ်သမားရန်များမှ မဆို ကာကွယ်ပေးရန် အဆင်သင့်ဖြစ်လျှက်၇ှိ
ကြောင်းကိုမူ သံသယဖြစ်ဖွယ်မရှိပါချေ။ထို့ကြောင့် အမေရိကန်၏ ထိုးစစ်များကြောင့် အလူးလူးအလဲ
လဲ ဖြင့်နေစရာပင်မရှိအောင် ပုန်းလျှိုးကွယ်လျှိုးဖြင့် အကြမ်းဖက်မှုများကို အောက်တန်းကျစွာလုပ်
ဆောင်လျှက်ရှိသော၊ တစ်ကမ္ဘာလုံးကလည်း အကြမ်းဖက်သမားအစွန်းရောက်များဟု သက်မှတ်ခံ
ထားရသော ထိုတာလီဘန်ဆိုသော သူပုန်တို့၏ ချိမ်းခြောက်မှုကို မြန်မာစစ်တပ်သည် မည်သို့မျှ တုန့်
ပြန်မည် မဟုတ်သော်လည်း အသာအယာပင် ပြုံး၍ နေပေလိမ့်မည်။ တိုင်းသူပြည်သားများကလည်း
မည်သို့ပြဿနာမျိုးပင်မဆို တိုင်းပြည်နှင့်လူမျိုးဘာသာ သာသနာကို ထိပါးလာပါက ပါဝင်ပူးပေါင်း
ရန်အဆင်သင့်ဖြစ်လျှက်ရှိကြောင်း တင်ပြလိုက်ရပါသည်။


--
ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။
ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။
တိုင်းတိုင်းပြည်သူ လူဟူသမျှ
ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို
ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။

မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း
ကျွန်ုပ်မမြင်..မထင်ပါသေး။
ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန်
ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား..
တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။

                                            သုရှင်
                                 (conservatism,traditionalism,nationalism )
          (အစဉ်အလာကိုချစ်သော၊ရိုးရာကိုမြတ်နိုးသော၊အမျိုးသားရေးဝါဒီ)

0 ကွန်မန့်ရေးရန်:

Post a Comment