Friday, July 27, 2012

တရုတ်ကျောထောက်နောက်ခံရှိသည့် ၀ တပ်မတော်အကြောင်း..။


by Yan Aung
ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ

့တွေထဲမှာ တပ်မတော်နဲ့
တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား
လက်နကိုင်

တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။  မြန်မာနိုင်ငံဟာ
တိုင်းရင်းသားလူမျိုးစုများပြားသလို
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ
ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့
လက်နက်ကိုင်တွေလည်း အများကြီးပါ။



ဒါပေမယ့် အခြားတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လုံးဝမတူပဲ
တရုတ်ကြီးအားကိုးနဲ့ ဘယ်လောက်ညှိညှိ လက်မခံတဲ့ အဖွဲ့ကတော့ ၀ ပြည်
သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပဲဖြစ်ပါတယ်..။



၁၉၈၈ အပြီးမှာ န၀တ/နအဖ အစိုးရရဲ့ စစ်ရေး မဟာဗျူဟာနဲ့
ငြိမ်းချမ်းရေးပေါ်လစီတွေအားနည်းချက်ကြောင့် အပစ်အခတ်ရပ်စဲတာကို
ငြိမ်းချမ်းရေးရခဲ့တယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖြည်းဖြည်းနဲ့
အင်အားကြီးထွားလာကြပါတယ်.။ အဲဒီတုန်းက ငြိမ်းချမ်းရေးကို
ဖော်ဆောင်သူဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ပေါ်လစီဟာ တကယ်တော့
နားလည်မှုရှိစွာ နိုင်ငံရေး၊ တိုင်းရင်းသားရေး အရ
ငြိမ်းချမ်းရေးယူထားတာမဟုတ်ဘဲ သေနတ်မပစ်ရင်ပြီးရောမူဝါဒချပြီး
အခွင့်အရေးများစွာပေးကာ ပြည်တွင်းမှာ စီးပွားရေးကို လုပ်ချင်သလို
လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်..။ အဲဒါကြောင့် ၀ တပ်မတော် (USA) အပါအ၀င်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာ ခေတ်မီတောင့်တင်းတဲ့
လက်နက်ကိုင်များအဖြစ် အင်အားကြီးထွားလာကြပါတယ်.။



လက်ရှိအချိန်မှာ ကေအိုင်အေနဲ့ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေဟာ
ဒီမိုကရေစီနည်းလမ်းကျစွာ ငြိမ်းချမ်းသောဖြေရှင်းမှု၊ ကို
လက်ခံဆွေးနွေးခဲ့ကြပေမယ့် တရုတ်ရဲ့အထောက်အပံ့ကို ပေါ်တင် ရရှိခဲ့တဲ့ ဝ
တပ်မတော်ကတော့ အားလုံးထဲမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး တရုတ်ရဲ့
တရားဝင်ပံ့ပိုးမှုမှုကြောင့် ယခုထက်ထိ အစိုးရကို လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။



ထူးခြားတာက ၀တပ်မတော် အဲဒီလို အင်အာကြီးမားလာတာ တရုတ်ကြောင့်ဖြစ်ပေမယ့်
တရုတ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို
ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့စကားလုံးကို ယခင်/ယခုအစိုးရကကော တပ်မတော်ကပါ
မသုံးစွဲဝံ့တာက အံ့သြစရာဖြစ်ပါတယ်။ ထို့အတူ   ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဆိုပြီ
မြို့နယ် (၆) မြို့နယ် နဲ့ ဖွဲ့စည်းခွင့်ပေးလိုက်ရပါတယ်..။
အဆိုးဆုံးတစ်ချက်က ပြည်ထောင်စုအစိုးရရဲ့ ပေါ်လစီနဲ့ ညွှန်ကြားချက်မပါပဲ ဝ
ပြည်နယ်အစိုးရနဲ့ တရုတ်နဲ့ တိုက်ရိုက် ဆက်ဆံခွင့်
ပေးလိုက်ရတာဖြစ်ပါတယ်..။ အမေရိကန်မှာတောင် ဖက်ဒရယ်ပြည်နယ်အစိုးရအဆင့်က
အခြားနိုင်ငံအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံခွင့် မရှိပါဘူး။



ဝ ပြည်နယ် (၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) နှင့် UWSA ၀ တပ်မတော်
ဖြစ်ပေါ်လာပုံ..။





ဝပြည်သွေးစည်းညီညွတ်ရေးအလံ..။







ဝ တောင်ပိုင်း မြောက်ပိုင်း။









ငြိမ်းချမ်းရေး နှစ် နှစ်ဆယ်ပြည့် အခမ်းအနားတွင် ၀ တပ်မတော် ဦးစီးချုပ်
တပ်စစ်နေပုံ.. ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ရှိသော်လည်း (ကားတွင်
မြန်မာ-တရုတ်) အလံနှစ်ခု ထောင်ထားသည်။









ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ ၁၉၇၀ နောက်ပိုင်း
ရှမ်းပြည်အရှေ့ပိုင်းမှာ တရုတ်ရဲ့အထောက်အပံ့နဲ့ တပ်မတော်ကို
ကြီးကျယ်စွာတိုက်ခိုက်ရင်ဆိုင်ခဲ့ပါတယ်.။ ၁၉၇၈ ကစပြီး တရုတ်က ထောက်ပံ့မှု
ရပ်ဆိုင်းခဲ့တဲ့အတွက် ဗကပအင်အားချည့်နဲ့လာပါတယ်..။ နောက်ပိုင်းမှာ
ဘိန်းစိုက်ဘိန်းရောင်းပြီး ရပ်တည်ခဲ့ပါတယ်။ ၁၉၈၉ မေလမှာ ရှမ်းအရှေ့ဒေသက
ကိုးကန့်နဲ့ ၀တွေဟာ ဗကပကို တော်လှန်ခွဲထွက်ခဲ့တာ
သီးခြားရပ်တည်ခဲ့ပါတယ်..။ ဘိန်းလုပ်ငန်းကို ကိုးကန့်နဲ့ ၀ နှစ်ဖွဲ့စလုံး
အကြီးအကျယ်လုပ်ခဲ့ကြပါတယ်.။ အဲဒီနှစ်မှာပဲ အစိုးရနဲ့ ငြိမ်းချမ်းရေး
ရခဲ့တဲ့အတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို နှစ်ရှည်လများ
ကြီးမားစွာ ရင်းနှီးမြုပ်နှံမှု ရရှိခဲ့ကြသလို
ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးခဲ့ပါတယ်..။  အဲဒီလိုတွေ
အခွင့်အရေးတွေပေးပြီး နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲ အပစ်အခတ်
ရပ်စဲခဲ့ခြင်းဟာ တစ်ချိန်မှာ ကြီးမားတဲ့ ပြဿနာတွေနဲ့
ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုက
သုံးသပ်ခဲ့ကြပါတယ်..။

တကယ်လည်း ဒီအတိုင်းဖြစ်လာခဲ့ပါတယ်.. အခုအချိန်မှာ ၀ (UWSA) ဟာ
စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ နည်းလမ်းပေါင်းစုံက ရတဲ့ ၀င်ငွေများစွာနဲ့
အင်အားကြီးမားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အဲဒါကြောင်  “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ၂၀၀၈ ” မှာ ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ်
ထည့်သွင်း ပြဌာန်းခဲ့ပါတယ်..။

ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊
နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နဲ့ ပန်ဆန်း(ပန်းခမ်း) မြို့နယ်များကို
ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ်
ဖော်ပြထားပါတယ်။  အဲဒီမြို့အားလုံးဟာ သံလွင်အရှေ့ဘက်ခြမ်း
တ၇ရုတ်နယ်စပ်မှာ ရှိပါတယ်..။



အစိုးရက အခြေခံဥပဒေအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပေမယ့်
အခြေခံဥပဒေပါ ပြဌာန်းချက်နောက်တစ်ခုအရ အပစ်ရပ် အဖွဲ့များသည် ရွေးကောက်ပွဲ
ပြီးသည့်အခါ လက်နက်ချရမည် ဆိုတဲ့ စကားကို တရုတ်အားကိုးနဲ့
ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ကို လုံးဝ
ဂရုမစိုက်တဲ့ တစ်ခုတည်းသော အဖွဲ့ဖြစ်ပါတယ်..။ ကျန်တဲ့ အဖွဲ့များက
ငြိမ်းချမ်းရေးကို ညှိနှိုင်းလို့ရပေမယ့်၊
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ပြီး ကြိုးစားခဲ့ကြပေမယ့်  ၀ ဟာ
ပြည်ထောင်စုမြန်မာနိုင်ငံရဲ့
ပြည်နယ်တစ်ခုမဟုတ်သလိုပုံစံမျိုးနဲ့ရပ်တည်နေတာကို ထူးခြားစွာပဲ အစိုးရက
ဘယ်လို့မှ မတုန့်ပြန်ခဲ့ပါဘူး.။





ခေါ်ဝေါ်ပုံ

ဝပြည် သွေးစည်းရေး တပ်မတော်

ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ



    ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း

    ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း



အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY -
MNSP) မှ ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/
UWSA) အမည်သို့ ပြောင်းလဲထားပြီးပါတယ်။





ဝ တပ်မတော်၏ စစ်အင်အားနှင့် စီးပွားရေး



တရုတ်မှ ၀ယ်ယူထားသော သံချပ်ကာကားများ..။





တရုတ်တပ်မတော် ဒီဇိုင်းနှင့် ၀ တပ်မတော် ရဲမေများ..။





တရုတ်မှ ၀ယ်ယူထားသော ခေတ်မှီ သံချပ်ကာကား တစ်မျိုး





ငြိမ်းချမ်းရေး နှစ် ၂၀ ပြည့်အခမ်းအနားတွင် တရုတ်မှ စက်ရုံတည်ပေးသော AK
47 အသစ်စက်စက်များကို ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးများ မချိပြုံးဖြင့်
ကြည့်နေခဲ့ရသည်။





၂၀၀၉ ခုနှစ်က ပြုလုပ်သော အခမ်းအနားသို့ ပါဝင်တက်ရောက်သူ မြန်မာ စစ်အရာရှိကြီးများ





ဝမြို့တော် ပန်ဆန်း







တရုတ်မှ ၀ယ်ယူထားသော စစ်သည်တင်ယာဉ်များ



၂၀၁၀ ၀န်းကျင်က လေ့လာချက်အရ ၀ ပြည်သွေးစည်းရေးပါတီရဲ့ ၀ တပ်မတော် UWSA ဟာ
တပ်မဟာ ၈ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း ၀ နယ်တွင် တပ်မဟာ ၃ ခုနှင့်
တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း ၀ နယ်တွင် တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂
ရင်း ) ရှိပါတယ်။ စစ်သည်တင်မော်တော်ယာဉ် အစီး ရာကျော်၊ သံချပ်ကာ ကားများ၊
မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင်ဆိုင်ထားပါတယ်.။  စစ်အစိုးရနှင့်
အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့
စီးပွားရေးလုပ်ငန်း များစွာမှာ ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး
မြုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုကို
ရပ်ဆိုင်းခဲ့ကြောင်း ၂၀၀၉ မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ
ထွက်ပေါ်လာတဲ့ ၀ီကီလိ သတင်းဖွင့်ထုတ်ချက် အရ ဆိုရင် UWSA က ပြည်တွင်းပြည်ပ
ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။
တရုတ်လက်နက်ကုန်သည်များနဲ့ တခြားနိုင်ငံက သူပုန်များအကြားကို
ပွဲစားလုပ်ပေးတဲ့အတွက် မျိုးမျိုးမြက်မြက် ရရှိခဲ့တယ်လို့ သိရပါတယ်.။

ဝမြို့တော် ပန်ဆိုင်းဆိုဟာ ကာစီနို လောင်းကစားရုံတွေ၊ ကမ္ဘာ့အဆင့်မီ
ဆောက်လုပ် ထားတဲ့ ဟိုတယ်တွေနှင့် စည်ကားနေတဲ့ မြို့တော် ဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်တုန်းက လက်နက်ကိုင် အရေအတွက်
ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တပ်မဟာ (၈)  ခု ရှိတဲ့
အင်အားကြီး တပ်မတော်တရပ် ဖြစ်နေပါပြီ။



ကျနော်တို့ သိခဲ့တဲ့ “၀” လူမျိုးဆိုတာ အသားနီစပ်စပ် တောင်ပေါ်သားတွေ
အဖြစ်သာ သိခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်ကြီးရဲ့ ပံ့ပိုးမှုနဲ့
လက်နက်ငယ် ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်တွေ
ပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော် ဖြစ်နေပါပြီ။  သေချာတာကတော့ သူ့ကို
မညှိနှိုင်း မကိုင်တွယ်နိုင်ရင် ဆိုးကျိုးတွေ များလာပါလိမ့်မယ်..။
ရှမ်းပြည် အရှေ့ခြမ်းတစ်ခုလုံး မီးလောင်သွားမယ့် မီးတုတ်ကို တရုတ်က
လောင်စာပေးတာခြင်းပါ..။





ဝ UWSA နှင့် မြန်မာအစိုးရသစ်၏ ပေါ်လစီ

ဝ” ရဲ့ အချုပ်အခြာပိုင်မှုကို ကြည့်ရင် လက်ရှိ အခြေအနေမှာ အစိုးရရဲ့
ထိန်းချုပ်မှု အောက်က လုံးဝ လွတ်ကင်းနေတာကို တွေ့ရပါတယ်။ ဗဟို အစိုးရကို
အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ်
ဖွဲ့စည်းရေးကို လုံးဝ လက်မခံခြင်းနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို “၀”
ဒေသမှာ လုံးဝ လုပ်ခွင့် မပေးခြင်းတို့ ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “၀”
ဒေသဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။

အစိုးရဟာ ၀ (UWSA) ကို ဖိအားပေးနေခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို
စွန့်လွတ်ခဲ့ကြောင်း တွေ့ရပါတယ်။ နောက်ပြီး တရုတ်အစိုးရနဲ့
ဝပြည်နယ်အစိုးရတို့ တိုက်ရိုက် ဆက်ဆံဖို့ တောင်းဆိုတာကို
ခွင့်ပြုပေးခဲ့ရပါတယ်..။ ဒါတွေကို ကြည့်ရင် ယခင်စစ်အစိုးရဟာ (UWSA) ကို
သွယ်ဝိုက်သောနည်းဖြင့် မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ်
ပြုပေးလိုက်တာ ဖြစ်ပါတယ်။  မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ UWSA လို
လက်နက်ကိုင် တပ်တွေကို လက်ရှိအချိန်မှာ ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့်
မြန်မာစစ်ခေါင်းဆောင်တွေဟာ “၀” ကို ကေအိုင်အေလို မတို့မထိရဲ ဖြစ်နေတာကို
ကြည့်ရင် သူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ခန့်မှန်းနိုင် ပါတယ်။



၁၉၆၇ က တရုတ်သံရုံးကိုထိခိုက်ခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းအပြီးမှာ
ရှမ်းပြည်အရှေ့ပိုင်းက ဗကပများကို တိုက်ထုတ်နေတဲ့ မြန်မာ့တပ်မတော်ဟာ
တစ်ဖက်နိုင်ငံက၀င်လာတဲ့ ဗကပ အမည်ခံ တရုတ်တပ်မတော်ရဲ့ တိုက်ခိုက်မှုကို
ပြင်းထန်စွာခုခံခဲ့ရတာကို မမေ့သင့်ပါ။ အဲဒီနောက်ပိုင်း
ဆယ်နှစ်ကျော်လောက်အထိ တရုတ်ရဲ့အထောက်အပံ့နဲ့ တိုက်ခိုက်လာတဲ့
ဗကပအမည်ခံတွေကို မနည်းတွန်းလှန်ခဲ့ရတာကလည်း သာဓကပါ..။



မြန်မာနှင့် တရုတ်ကြားက ၀ ဒေသ နှင့် UWSA ၀ တပ်မတော်..

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကြည့်မယ်ဆိုရင်
တရုတ်နိုင်ငံရဲ့ အနေအထားဟာ စစ်အစိုးရ အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ
လိုက်လျောပြီး အမြတ်ထုတ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ “UWSA” ကို
အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် တပ်မတော် တရပ် ပေါ်ပေါက် လာအောင်
ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ အနေနဲ့ တူညီတဲ့ အမျိုးသားရေးနဲ့
အမှတ်အသားသရုပ် လက္ခဏာဟာ ပေါင်းစည်းမှု သဘောကို ဆောင်တယ်လို့
မှတ်ချက်ချနိုင်ပါတယ်။ “၀” တွေဟာ တရုတ် စကားပြောတဲ့လူမျိုး ဖြစ်နေပြီး၊
တရုတ်ထုံးတမ်း အစဉ်အလာကို နှစ်သက်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု
ဖြစ်လေတော့ တရုတ်ရဲ့ သြဇာကို တည်ထောင်လို့ ကောင်းတဲ့ လူမျိုးစု အဖြစ်
တည်ရှိနေပါတယ်။ “၀” လက်နက်ကိုင်တပ်ဟာ သဘောအရ ပြောရရင် နဂါးကြီးရဲ့
“ကုတ်တံ” ဖြစ်နေပါတယ်။



“၀” နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာ ရှိတဲ့ ပြဿနာတွေ
ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ပေဘူးလား။

“၀” ဒေသဟာ မြန်မာနိုင်ငံရဲ့ အက်ကြောင်းတခု မဖြစ်နိုင်ဘူးလား။



ကေအိုင်အေနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်များကို စုတ်ပြတ်စွာ
ဝေဖန်နေကြသော အွန်လိုင်းသူရဲကောင်းများကကော  ကိုယ့်နိုင်ငံ အချုပ်အခြာ
အာဏာအတွက် အရေးကြီးသည့် ၀ တပ်မတော်အား တရုတ်ကြီးမှ ၀င်ရောက်စွက်ဖက်
လက်နက်ထောက်ပံ့ထားခြင်း မဟာဗျူဟာအရ မွေးထားခြင်းတို့ကို စစ်ရေးအမြင်၊
နိုင်ငံရေးအမြင်ဖြင့် ဘာ့ကြောင့် ဝေဖန်ဆွေးနွေးခြင်း ဗဟုသုတပေးခြင်းကို
မလုပ်ဝံ့ကြတာပါလဲ..။



အိမ်နီးချင်း ပြည်ပနိုင်ငံကြီး တခုက မြန်မာပြည်တွင်းရေးကို
ကစားလိုတဲ့အချိန် ဘယ်အချိန်မဆို ကစားလို့ရတဲ့ အနေအထားမျိုးကို
ရောက်နေပါပြီ။  ပြည်ပနိုင်ငံကြီး တခုက အစိတ်အပိုင်း အနည်းငယ်လောက်
ဝင်ရောက် စွက်ဖက်လိုက်ရုံနှင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ
အာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။



ရန်အောင်..

မည်သူမဆို ရှဲနိုင်ပါတယ်..။



ကိုးကား

Photo http://mmmilitary.blogspot.com

ပဋိပက္ခကြားက မြန်မာနိုင်ငံ - အာရှရဲ့ ဘော့စနီးယား ဖြစ်နိုင်သလား
(ဆောင်းပါးရှင် -လှရွှေ)

--

0 ကွန်မန့်ရေးရန်:

Post a Comment