Monday, June 4, 2012

သတင်းလေးတခုပါပိုပြီးသေချာအောင်ဖုန်းနံပါတ်ပါထည့် ပေးထားတယ်မယုံရင်မေးလို့ ရတျာပါ့

တောင်ကုတ်တွင် ခရီးသည်တင်ကား အကြမ်းဖက်တိုက်ခိုက်ခံရ၊ ခရီးသည်(၁၁) ဦးသေဆုံး

ယနေ့၃-၆-၂၀၁၂ရက်နေ့တွင် ညနေ(၅)နာရီခန့်တွင် သံတွဲမြို့မှ ရန်ကုန်မြို့သို့သွားသည့် ခရီးသည်တင်လေအိပ်ကား (၁)စီး အားတောင်ကုတ်မြို့အထွက်တွင်အကြမ်း ဖက်တိုက်ခိုက်ခံရပါသည်။ သံတွဲမြို့မှမြို့မဈေးအနီး ဝေလွင်လွင်စတိုးမှပိုင်ဆိုင်သည့် ခရီးသည်တင်ကားမှ ခရီးသည် ၁၁ဦး အသတ်ခံရပြီး တောင်ကုတ်မြို့ခံများမှ အဆိုပါကားအားလူ(၁၅၀) ခန့်က၀ိုင်းဝန်း မီးရှို့ဖျက်ဆီးလိုက်သည်ဟု သတင်းရရှိပါသည်။

ယခုအကြမ်းဖက်တိုက်ခိုက်မှုမှာ မကြာမီရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးငယ် မသီတာထွေးအား ကျောက်ထရံရွာမှ လူငယ်(၃)ဦးမှ အဓမ္မပြုကျင့် အကြမ်းဖက်သတ်ဖြတ်မှုအပေါ် လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု သိရပါကြောင်း၊ အကြမ်းဖက်သတ်ဖြတ်ခဲ့သည့် လူငယ်သုံးဦးတွင် အဓိကတရားခံ မောင်ထက်ထက်(၂၄)နှစ်မှာ ဗုဒ္ဒဘာသာဝင်၊ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး၊ အခြားနှစ်ဦးမှာ ရော်ဖိ(၁၈)နှစ်နှင့် လုယု(၂၁)နှစ်တို့ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါသည်။ တရားခံများမှ ကနဦးဝန်ခံဖြောင့်ချက်ပေးရာတွင် အဓိကတရားခံမှာ မောင်ထက်ထက်ဖြစ်ပြီး မောင်ရော်ဖိနှင့်
 မောင်လုယုတို့မှာ မောင်ထက်ထက်၏ ခြိမ်းခြောက်အကြပ်ကိုင်စေခိုင်းချက်အရ ယခုအမှုတွင် ပါဝင်ပတ်သက်ရခြင်းဖြစ်ကြောင်း အစစ်ဆေးခံကြပါသည်။ အဓိကတရားခံ မောင်ထက်ထက်မှာ ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတစ်ဦးဖြစ်သော်လည်း ပြည်တွင်းပြည်ပ သတင်းမီဒီယာများတွင် အစ္စလာမ်ဘာသာဝင်ဟုသာဖေါ်ပြကြပြီး ရခိုင်ပြည်နယ်တစ်ဝှမ်းလုံးရှိ မြို့များလူမျိုးရေးအစွန်းရောက်များနှင့် စီးပွားရေးသမားတစ်ချို့မှ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပြသနာများ ဖြစ်ပေါ်လာစေရန် သွေထိုးလှုံ့ဆော်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပါသည်။
သံတွဲမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော အဆိုပါ ရိုးမသစ္စကားဂိတ်မှ ခရီးသည်တင်ကားမှနေလည်(၁)နာရီထွက်သောကားဖြစ် ပြီးတောင်ကုတ်မြို့သို့ရောက်ပြီးအထွက် ၅ နာရီခန့်တွင်အတိုက်ခိုက်ခံရခြင်း ဖြစ်ပြစ်ပြီး လူ( ၁၁ )ဦးအသတ်ခံရပြီဖြစ်သည်ဟုသိရှိရပါသည်။ အသတ်ခံရသည့် (၁၁)ဦးတွင် အစ္စလာမ်ဘာသာဝင်(၉)ဦးနှင့် ဘင်္ဂလီလူမျိုးနှင့်ရုပ်ဆင်တူသည့် ဗုဒ္ဒဘာသာဝင် လူငယ်(၂)ဦးပါဝင်ကြောင်းသိရသည်။ အစ္စလာမ်ဘာသာဝင် (၉)ဦးတွင် သံတွဲမြို့ခံ အမျိုးသမီးတစ်ဦး၊ အမျိုးသား(၂) ဦး၊ တောင်တွင်းကြီးမြို့မှ ဦးနီ၊ ဦးတေဇာ အပါအ၀င်(၄)ဦး၊ မြောင်းမြမြို့မှ (၂)ဦးပါဝင်ကြောင်း သတင်းရရှိပါသည်။

သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို သံတွဲ-တောင်ကုတ်-ရန်ကုန်လမ်းမကြီးတွင် စုပုံထားပြီး ဓါတ်ဆီလောင်းမီးရှို့ရန်စီစဉ်နေကြောင်းသိရပြီး၊ ယခုည(၉း၃၀)တွင် ရရှိသည့် သတင်းများအရ သံတွဲမြို့(ခလရ-၅၅)မှ တာဝန်ရှိသူများနှင့်အတူ သံတွဲမြို့ခံမွတ်စလင်များမှ အသတ်ခံရသူများ၏ ရုပ်အလောင်းများ ပြန်လည်တောင်းခံရန် တောင်ကုတ်မြို့သို့ သွားရောက်နေကြောင်း သတင်းရရှိပါသည်။


သတင်းအတည်ပြုချက်ရယူရန်- (၁) ဦးညွှန့်မောင်ရှိန် - ဥက္ကဌ- အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖုန်း- 00959420064586

(၂) ကိုငပိ- သံတွဲမြို့ခံ ဖုန်း- 0095973033286

(၃) ကိုမျိုးသီဟကျော် - သံတွဲမြို့ခံ ဖုန်း 00959851639

0 ကွန်မန့်ရေးရန်:

Post a Comment