Monday, June 4, 2012

ဒီတစ်ပတ်စာ သင်၏ကံဇာတာ (ဇွန် ၃ ရက်မှ ၉ရက်)

မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -


ယှဉ်ပြိုင်မှုများသည့် စီးပွားရေးလုပ်ငန်းများ အကျိုးအမြတ်တိုးပွားလာမည်။ မည်သည့်ပညာရေးကိစ္စမဆို တိုးတက်ပေါက် မြောက်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ အိမ်ထောင်ဖက်ကြောင့် မိသားစုစည်းစိမ်ချမ်းသာတိုးမည်။ ဇွန်လ ၁ ရက်နှင့် ၃ ရက်တို့ကံတရားအကျိုးပေးကောင်းမွန်နေ၍ အရေးကြီးအလုပ်များ ဦးစားပေး ဆောင်ရွက်သင့်၏။ 
ယတြာ - မျက်နှာသုတ်ပ၀ါနှင့် မျက်နှာသစ်ဆပ်ပြာများ လှူဒါန်းပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -


ဇွန်လ ၃ ရက်နှင့် ၅ ရက်နေ့များ ကံတရားပိုမိုကောင်းမွန်နေမည်။ အကြံအစည်များ အောင်မြင်မည်။ ဇိမ်ခံပစ္စည်းများနှင့် အ၀တ်အထည်ကောင်းများ အကျိုးပေးနေမည်။ မိသားစုအတွင်း ပျော်ရွှင်ချမ်းသာဝမ်းမြောက် ကြည်နူးရလိမ့်မည်။ ကြွယ်ဝချမ်းသာသည့် မိတ်ဆွေကောင်းများထံမှ ပံ့ပိုးကူညီမှုရမည်။
ယတြာ - ဆေးဝါးဓာတ်စာ လှူဒါန်းပါ။

မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -


စည်းစိမ်ဥစ္စာနှင့် လျှပ်တစ်ပြက် ၀င်ငွေတိုးပွားမည်။ ပညာအရည်အချင်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်။ အပြိုင်အဆိုင်များသည့် ဆေးဝါးလုပ်ငန်း၊ အခြေခံစားသောက်ကုန်လုပ်ငန်းများ အကျိုးရှိလိမ့် မည်။ လုပ်ငန်းဆိုင်ရာ နစ်နာဆုံးရှုံးမှုနည်းပါးအောင် ဆောင်ရွက်နိုင်မည်။ ခရီးဝေး သွားရောက်ရ တတ်သည်။ စီမံကိန်းချမှတ်လုပ်ဆောင်သည့် လုပ်ငန်းများ၊ အထူးသဖြင့် အောင်မြင်မှုရနေမည်။ ကျန်းမာရေးညံ့ဖျင်းတတ်၏။
ယတြာ - မွေးနံထောင့်၌ အခင်းကော်ဇောစသည်လှူပါ။

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -


၁ ရက်နေ့သည် ကံအကျိုး ပေးမြင့်မားနေမည်။ မည်သည့်လုပ်ငန်းမဆို အကျိုးရှိနေမည်ဖြစ်ပြီး မည်သည့်တာဝန်ယူ ဆောင်ရွက်သည့်ကိစ္စမဆို အဆင်ပြေအောင်မြင်လိမ့်မည်။ ပရဟိတလုပ်ငန်းများ အားကြိုး မာန်တက်လုပ်ဆောင်ရင်း မိမိ၏ အကျိုးစီးပွားလည်း ပိုမိုဖြစ်ထွန်းလာလိမ့်မည်။ ပစ္စည်းသစ် ထုတ်လုပ်ခြင်း၊ လုပ်ငန်းချဲ့ထွင်ခြင်း၊ အရောင်းမြှင့်တင်ခြင်းများ ဦးစားပေး ဆောင်ရွက်သင့် ၏။
ယတြာ - မိခင်ဖြစ်သူအား နို့ထွက်ပစ္စည်းများဖြင့် ကန်တော့ပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -


အလုပ်အကိုင်အခွင့်အလမ်း ကောင်းများ ပေါ်ပေါက်လာလိမ့်မည်ဖြစ်သည်။ ရေလမ်း ကုန်သွယ်မှုနှင့် ဓာတုပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှု အကျိုးပေးထက်သန်နေမည်။ စာပေရေးသားခြင်း၊ ကျမ်းပြုစုခြင်း နှင့် ပညာရေးကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်နိုင်မည်။ ၃ ရက်နေ့သည် ကံကောင်း၍ အရောင်းအ၀ယ်ကိစ္စများ ဦးစားပေးဆောင်ရွက်သင့်၏။ ယတြာ - စနေထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -


အမှုအခင်းကိစ္စများ ရှိပါက အနိုင်ရပြီးပြတ်အောင် ဆောင်ရွက်နိုင်မည်။ ရောဂါဝေဒနာများ သက်သာပျောက်ကင်း နိုင်ပြီး ဆေးကောင်းဝါးကောင်းတွေ့မည်။ ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေမည်။ ကိုယ်ရည် ကိုယ်သွေး၊ ဂုဏ်သိက္ခာမြင့်မားတိုးတက် လာပြီး အတိတ်ဘ၀ကံ ပွင့်လန်းလာချိန်ဖြစ်သည်။ မိဘလက်ငုတ်လက်ရင်းလုပ်ငန်းများ အထူးကောင်းကျိုးပေးမည်။ မိဘဆရာသမားတို့၏ ဖေးမကူညီမှု ကောင်းစွာရရှိလိမ့်မည်။
ယတြာ - စနေထောင့်၌ အောင်သပြေ၊ ဒန်းညွန့်နှင့် နှင်းဆီပန်းများ ကပ်လှူပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -


နက်နဲသော ပညာရပ်များ လေ့လာလိုက်စားရာ၌ ခရီးရောက်နိုင်ချိန်ဖြစ်သည်။ လက်ဝတ်ရတနာ၊ ဇိမ်ခံ ပစ္စည်းနှင့် အမွေအနှစ်များ အကျိုးပေးနေမည်။ အကြံဉာဏ်ကောင်းကြောင့် တိုးတက်ချမ်းသာမှု ပိုင်ပိုင်နိုင်နိုင်ရရှိနိုင်၏။ ရောဂါဝေဒနာများ သက်သာ ပျောက်ကင်း လိမ့်မည်။ သို့သော် သတိ လက်လွှတ်ဆုံးရှုံးမှု ကြုံရတတ်သည်။ 
ယတြာ - သောကြာထောင့်၌ ရောင်စုံဖယောင်းတိုင်များ ကပ်လှူပါ။

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -


ခရီးကောင်း ထွက်ရ လိမ့်မည်။ အစုစပ်လုပ်ငန်းများ ပိုမိုအကျိုးပေးလာနိုင်သည်။ အိမ်ထောင်ဖက်ကြောင့် ပျော်ရွှင်ဝမ်းမြောက် ရလိမ့်မည်။ မိမိ၏ ငွေကြေးလိုအပ်ချက်များကို ၎င်းက ဖြည့်ဆည်းပေးနိုင် လိမ့်မည်။ ရေရှည်အကျိုးရှိမည့် စာချုပ်စာတမ်းများ ချုပ်ဆိုရတတ်သည်။ အပေါင်းအသင်း မှားတတ်၍သတိထားပါ။
ယတြာ - ပညာရေးအထောက်အကူပြု စာအုပ်စာတမ်းများ လှူဒါန်းပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -


ငွေကြေးဥစ္စာနှင့် အရောင်း အ၀ယ်ကိစ္စများ ၃ ရက်နေ့တွင် ဆောင်ရွက်သင့်သည်။ ၀င်ငွေတိုးတက်နိုင်သလို ထွက်ငွေ လည်း များနေမည်။ ကုသိုလ်ကောင်းမှုနှင့်ပတ်သက်၍ ခရီးဝေးထွက်ရလိမ့်မည်။ နိုင်ငံရပ်ခြား ခရီးသွားရန် ကြိုးပမ်းအားထုတ်မှု အောင်မြင်မည်။ အိမ်၊ ခြံ၊မြေနှင့် အဖိုးတန်ပစ္စည်းများ ၀င်မည်။
ယတြာ-သောကြာထောင့်၌ အောင်သပြေ၊ ရေမွှေးနှင်းဆီပန်းများကပ်လှူပါ။

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -


သားသမီး၊ တပည့်တပန်းများထံမှ ပံ့ပိုးကူညီမှုများ ကောင်းစွာရရှိလိမ့်မည်။ အိမ်ထောင်ရှင်များအဖို့ သားသမီးကောင်းရတနာရရှိနိုင်၏။ တစ်ပတ်လုံးကံကောင်းနေမည်ဖြစ်ပြီး အကျိုးပေး ကောင်းမည့် အစုစပ်လုပ်ငန်းသစ်များ စတင်ဆောင်ရွက်ရတတ်သည်။ လုပ်ဖော်ကိုင်ဖက်ချင်း အထင်အမြင်လွဲမှားမှု ကြုံရတတ်၍ တစ်ဖက်သတ်ဆန္ဒစော မဆုံးဖြတ်သင့်။ ယတြာ - မွေးနံထောင့်၌ မြန်မာမုန့်များ ကပ်လှူပါ။

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -


အိမ်ခြံမြေနှင့် ကား ကိစ္စများ အကျိုးရှိနေမည်။ နေရေးထိုင်ရေး အဆင်ပြေတိုးတက်အောင် ဆောင်ရွက်နိုင်မည်။ လုပ်ငန်းနေရာဌာနအသစ်ဖွင့်လှစ်ရာ၌ ကံကောင်းလိမ့်မည်။ နက်နဲသော ပညာရပ်များ လိုက်စား ပေါက်မြောက်ခရီးရောက်နိုင်၏။ လုပ်ငန်းသစ် ထူထောင်သင့်သည်။ နိုင်ငံရပ်ခြား၌ သွားရောက်လုပ်ကိုင်နေရသူများအဖို့လည်း ကံကောင်းမှုများ ပေါ်ပေါက်လိမ့်မည်။
ယတြာ - ဗုဒ္ဓဟူးထောင့်၌ ရွှေသင်္ကန်းကပ်လှူပါ။

မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -


မိမိ၏ လုပ်ငန်းကျွမ်းကျင်မှုကြောင့် ပိုကောင်းသည့် အလုပ်များ ကမ်းလှမ်းခံရလိမ့်မည်။ ဉာဏ်စွမ်းဉာဏ်စ ထက်မြက်နေမည်။ ဂုဏ်မာနမြင့်လောက်စရာ လောကီကောင်းကျိုးများ ခံစားရတတ်ချိန်ဖြစ်သည်။ ဇိမ်ခံပစ္စည်း၊ တူရိယာအမျိုးမျိုး၊ လက်ဝတ် ရတနာများ၊ အားကစားပစ္စည်းများ ကောင်းကျိုးပေးလိမ့်မည်။ ချစ်သူခင်သူ၊ မိတ်ဟောင်းဆွေဟောင်းတို့နှင့် ပြန်လည်ဆုံစည်းရတတ်သည်။
ယတြာ - အခမဲ့ဆေးခန်းများသို့ ပံ့ပိုးကူညီလှူဒါန်းပါ။
 
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)

0 ကွန်မန့်ရေးရန်:

Post a Comment