Monday, June 4, 2012

လူသတ်ပွဲ (ဓါတ်ပုံပါ) နှင့် ၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံချက်

တောင်ကုတ်မြို့ မှာအသတ်ခံရသူများ ပြန်ကြားရေးဝန်ကြီးဌာနက အထူးသတင်းထုတ်ပြန်ချက် တစ်ခုကို ၄င်းအင်တာနက်စာမျက်နှာwww.ministryofinformation.gov.mm မှာ တင်ပြထား

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့်ပတ်သက်သည့် အခြေအနေအပြည့်အစုံနှင့် နိုင်ငံတော်အစိုးရက တရားဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင် သံကြား သတင်းအစီအစဉ်တွင်လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ်နေ့စဉ်သတင်းစာများတွင်လည်းကောင်း၊ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှု ကို ထိခိုက် စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့်အညီ နေထိုင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန် (ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)

စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍
၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။

၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။

၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။

၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ “ ၈၈ မျိုးဆက်ကျောင်းသားများ ” မှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ



တောင်ကုတ်တွင် အသတ်ခံရသူများကို ယနေ.နေ.လည်သဂြိုလ်မည်။
ယမန်နေ့မွန်းလွဲပိုင်း တောင်ကုတ်-သံတွဲလမ်းဆုံတွင်လူအုပ်စုမှ ၀ိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန်တွင်သဂြိုဟ်မည်ဟု သံတွဲမြို့ခံတဦး ကပြောသည်။

ယမန်နေ့မွန်းလွဲပိုင်း သံတွဲ-ရန်ကုန်သွား ရိုးမသစ္စာ ခရီးသည်တင်ယာဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်က သံတွဲ တောင်ကုတ်လမ်းဆုံတွင် ရိုက်နှက်ခဲ့ကြသဖြင့် ယင်း ၁၀ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် တခြမ်းပဲ့ ဗလီ တရားထိုင်အဖွဲ့ဝင် ၈ ဦးအပြင် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်း ကိုယ်စားလှယ်တဦးနှင့် သံတွဲမြို့ခံတဦးတို့ဖြစ်သည်ဟုသိရှိရသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့နံနက် ၁နာရီခွဲကျော်တွင် သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် သဂြိုဟ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများ ထားရှိရာ သုဿာန်သို့ အသိမိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများ လာရောက်ကြည့်ရှုလျှက်ရှိရာ လူပရိသတ် ၂၀၀ ကျော် ၃၀၀ နီးပါးရှိလာသည့်နောက် ရဲလုံခြုံရေးများ ပိုမိုတိုးမြှင့်ချထားခဲ့ရသည်ဟုလည်း သံတွဲမြို့ခံက ပြောသည်။

ယခုကဲ့သို့ သံတွဲ ရန်ကုန်ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ခရီးသည်အချို့အား ရန်ပြုသတ်ဖြတ်သည့်ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် သတင်းများထွက်ပေါ်ကာ အမှတ် (၁) ရဲစခန်းသို့ လူအုပ်ကြီးက ၀ိုင်းဝန်းတောင်းဆိုသည့် အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။

ယခုလောလောဆယ်တွင် သံတွဲမြို့ လုံခြုံရေး အခြေအနေမှာ ပုံမှန်အတိုင်းသာရှိသည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။ ။

0 ကွန်မန့်ရေးရန်:

Post a Comment