Thursday, June 28, 2012

ရိုဟင်ဂျာအရေးအခင်းဖြစ်နိုင်ဖွယ်သက်ရောက်မှုများနှင့်နောက်ဆုံးရသတင်းများ

ရိုဟင်ဂျာအရေးအခင်းနှင့် ဖြစ်နိုင်ဖွယ်သက်ရောက်မှုများ

by Myo Set on Wednesday, June 13, 2012 at 6:11am ·
ယနေ့အထိ မီးတောက်များကတောက်နေဆဲဖြစ်သည်။ လမ်းခုလတ်တွင် လက်တွဲခဲ့သော လူများက လှည့်ပြန်သွားကြပြီ။ မီဒီယာ တိုက်ပွဲတွင် ပြည်တွင်းမီဒီယာများ ဝင်ပါလာသည်။ ခံစစ်ကိုလုံအောင်ကာဖို့လိုသည်။
 တစ်ခါကပြောခဲ့သလို မြန်မာသည် "စံနစ်တကျ လုပ်ကြံမှုကြီး" နှင့်ရင်ဆိုင်နေရပြီဖြစ်သည်။
 ထိုလုပ်ကြံမှုကြီးတွင် လက်ကိုင်ဒုတ်ပြည်ပမီဒီယာများပါသည်၊ ကုလသမဂ္ဂဒုက္ခသည်ဌာနမှ အရာရှိဆိုသူများပါသည်၊ ပြည်ပနိုင်ငံရေးလက်ဝေခံ သစ္စာဖောက်များပါသည်။ ရိုဟင်ဂျာတို့၏ ပစ်မှတ်သည် နယ်မြေရရှိရေး။ ပြည်ပနိုင်ငံရေးသမားလက်တစ်ဆုပ်စာနှင့် မီဒီယာများကမူ ငွေစကြေးစရွှင်ရေးဖြစ်သည်။
 မြန်မာသတင်းထောက်များက သက်စွန့်ဆံဖျား မီးတောက်များကြားထဲတွင် ဓါတ်ပုံများ၊ သတင်းများ ရယူရန်ကြိုးစားကြသည်။ ပြည်တွင်း သတင်းဌာနများက ရသမျှအချိန်အတွင်း တင်ပေးသည်။ ကိုမြအေး စကားပြောသည်ကို အပြည့်အစုံတင်ပေးသော သတင်းဌာနများက ယနေ့ ရခိုင်ပြည်နယ်တွင် အိမ်များအလုံးလိုက်မီးလောင်ပြာကျနေသည်ကို၊ ရွာများ
ရွာလုံးကျွတ်မီးလောင်ပြာကျနေသည်ကိုတင်ပေးသောအခါ  နိုင်ငံရေးသမားလက်တစ်ဆုပ်စာက လူ့အခွင့်အရေးခေါင်းစဉ်တပ်ကာ ထိုပြည်တွင်းမီဒီယာများကပင် လိမ်ညာနေသည် ဟူသတတ်။

ကျလောက်ဖွယ်ရာပါတကား။ အံ့သြဘွယ်ပြည်ပရောက်မျိုးချစ်များပါတကား။ သေဆုံးကုန်ကြ၊ စီးပွားပျက်ကုန်ကြသော ရခိုင်တို့ကား မိအေးနှစ်ခါနာပေတည်း။ ကချင်ပြည်နယ်စစ်ပွဲတွင်မှ မည်သည့်  ကချင်ဒုက္ခသည်ကိုမျှ အရပ်သားများက မသတ်။ စစ်တပ်ကို ရှောင်ကွင်းနိုင်လျှင် ဘေးကင်းလုံခြုံသည်။ ကချင်များကို လိုအပ်လျှင် ကာကွယ်ပေးမည့် သူတို့လက်နက်ကိုင်များရှိသည်။ ယနေ့ကာလ ရခိုင်တွင်လည်း သတိကြီးစွာထားနေရဟန်တူသော အစိုးရသည် လုံလောက်သည့် ကာကွယ်မှုများမပေးနိုင်ချေ။

လည်စင်းခံနေရသော ရခိုင်များအပေါ်တွင် ထပ်မံအမြတ်ထုတ်လိုသော နိုင်ငံရေးသမားများကိုတွေ့နေရသည်။ မီဒီယာသမားများကိုတွေ့နေရသည်။ အံ့သြကုန်နိုင်ဘွယ် မျိုးချစ်စိတ်များပါပေ။ သူတို့လောက် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သိုက ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသားအခွင့်အရေးပြောသည်မှာသူတို့ပင်ဖြစ်သည်။ တိုင်းရင်းသား စစ်စစ်ကြီးဖြစ်၍ ရခိုင်ပြည်နယ်ဟု တစ်သီးတစ်သန့် သမုတ်ထားသော ပြည်နယ်တွင် ကျူးကျော်သူတို့က ဝင်ရောက်သတ်ဖြတ်နေခြင်းကို ဘာသာရေးအဓိကရုဏ်းဟု ပြောကြလေသည်။
မီဒီယာ အက်သစ် နှင့်တိုင်းတာလိုက်သော် ထို ပြည်ပမီဒီယာအားလုံး ဘိတ်ချေးမှ တက်လာမည်မဟုတ်တော့ချေ။ အားနည်းခဲ့သော ပြည်တွင်းမီဒီယာများက တရားဝင် ဆန့်ကျင်လိုက်ကြပြီ။ ပြည်ပမီဒီယာတို့ သမိုင်းသေလေပြီ။

ယနေ့အရေးအခင်းကြီးဖြစ်ပွားနေသောအခါ လုပ်ရမည့်အလုပ်က တစ်ခုတည်းဖြစ်သည်။ ထိုအလုပ်ကား Restoration of law and order ဖြစ်သည်။ ရခိုင်အများစု လုံခြုံရေးဖြစ်သည်။ ထိုကိစ္စသည် ချက်ခြင်း အကောင်အထည်ဖော်ရမည့်ကိစ္စဖြစ်သည်။ အစိုးရသည် ငွေမရှိ။ နိုင်ငံတကာမှ ငွေကို လက်ဖြန့်နေ၇သည်။ စစ်တွေကို ဘင်္ဂလားတို့မီးတင်ရှို့နေခြင်းကို မတားဆီးနိုင်လျှင် စစ်တွေမြို့ပြန်လည်ထူထောင်ရေးမှာ များစွာ အခက်တွေ့မည်။ လက်ရှိ အဓိကရုဏ်းနောက်ဆက်တွဲ တွင် မရေမတွက်နိုင်သော လူသတ်မှုများစွာ တိတ်တဆိတ်လူသတ်မှုများ ဖြစ်ပေါ်လာပါဦးမည်။

ထိုအဓိက အရေးအကြီင်္းဆုံးဖြစ်သော အချက်ဖြစ်သည့် လုံခြုံရေးပေးရန်ကို မည်သည့် ပြည်ပမီဒီယာကမှလည်းပြောသည်ကိုမတွေ့ရပါ။ ကလော်တုတ်ခံနေရ၍လား၊ ဘင်္ဂလားငွေစား၍လားမသိ..အတော်ပင် ဝတ်ကျေတန်းကျေနိုင်ကြသည်ကိုတွေ့ရသည်။ လုံခြုံရေးကိစ္စသည်အစိုးရတာဝန်ဖြစ်သည်။ အစိုးရမှ ပစ်ခတ်နှိမ်နင်းခြင်းမပြုသေးဘဲ လုံခြုံရေးကို ဆောင်ရွက်လိုလျှင် အင်အားများစွာ ချထားမှသာဖြစ်နိုင်မည်ဟု ယူဆသည်။ ထိုကိစ္စအတွက် ပြည်သူနှင့် နိုင်ငံေ၇းအင်အားစုတို့မှ တောင်းဆိုပေးရန်လိုသည်ဟုမြင်သည်။

ယနေ့အချိန်တွင် အစိုးရသည် ဘင်္ဂလားများ၏ အကောက်ဥာဏ်လှည့်ကွက်ထဲ မကျစေရန် သတိကြီးကြီးထားနေရသည်ဟုမြင်သည်။ ပစ်ခတ်လိုက်လျှင်လည်း အကယ်ဒမီဆု ရလောက်အောင် ငိုပြကြရန် ဇာတ်တိုက်ထားပြီးဖြစ်သည်။ ကြေငြာပေးမည့် သူများမှာ သမိုင်းသင်းကွပ်ခြင်းခံလိုက်ရသော ပြည်ပမီဒီယာများ ဖြစ်ကြသည်။ ဒေါ်စုကလည်း သူ့ကို ထောင်ချောက်ဆင်သည်ဟု ယူဆနေသည်နှင့်တူသည်။ စစ်တွေတွင် တစ်ရက်ပြီးတစ်ရက် မီးဟုန်းဟုန်းတောက်နေလေပြီ။ မည်သူက မည်သို့ပင် လှည့်သည်ဖြစ်စေ တိုင်းရင်းသားများအရေးသည် မိမိအရေးဟု ခံယူသောအခါ တက်ကြွပါဝင်ကြသည်သာ ဖြစ်သည်။ယနေ့ ရိုဟင်ဂျာအရေးအခင်းသည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ အပေါ် သြဇာသက်ရောက်နိုင်လေသည်။

ပထမမှာ ပြည်ပမီဒီယာများ၏ မြန်မာပြည်သူတို့အပေါ် သြဇာလွှမ်းမိုးမှု အလွန်လျော့ကျသွားနိုင်ခြင်းဖြစ်သည်။ ပြည်ပမိဒိယာများသည် နအဖ စစ်အုပ်ချုပ်ရေးတစ်လျှောက်လုံးတွင် အတိုက်အခံဖက်မှ တန်ခိုးထက်မြက်သော မီဒိယာလက်နက်ဖြစ်ခဲ့သည်။ ပြည်သူအပေါ်လည်း သြဇာကြိးခဲ့သည်။ သူတို့ တစ်ခွန်းထုတ်ေ်ပြာလိုက်လျှင် များစွာ ထိရောက်နိုင်သည်။ ယခု ထိုအနေအထားသည် ပြောင်းပြန်ဖြစ်သွားရလေပြီ။ အင်အားအကြီးဆုံးအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုတော့ရာမှ အင်နှင့်အားနှင့်ကြီးထွားလာသော ပြည်တွင်းမီဒီယာများပေါ်ပေါက်လာချိန်တွင် ယနေ့ကိစ္စ ဘူးပေါ်သလို ပေါ်သွားခြင်းဖြစ်သည်။ သမိုင်းတစ်ကန့်ရပ်သွားပြီ။ နောင်အာကိုးလျှင် ပြည်တွင်းသတင်းများကိုသာ နိုင်ငံတကာက ကိုးကားဖို့ ပိုဖြစ်နိုင်လာမည်။ ဤအချက်သည်ကောင်း၏။ ပြည်ပမိဒီယာများမှာ သက်ဆိုင်ရာနိုင်ငံများရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တိုက်ရိုက် အုပ်ချုပ်ထားသဖြင့် သူတို့ပေါ်လစီအတိုင်းလွှင့်ရသည်ချည်းဖြစ်သည်။ ထိုနည်းအားဖြင့် မြန်မာ့နိုင်ငံေ၇းမှာ ပြည်ပစွက်ဖက်မှု က မီဒီယာအားဖြင့် ကြီးကြီးမားမား သက်ရောက်မှုရှိနေသည်။ သူတို့လိုချင်သည့်အတိုင်း နှပ်ကြောင်းပေးပုံဖော်ခွင့်သည် ပြည်ပမီဒီယာများနှင့် ထိုပြည်ပနိုင်ငံများ၏ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနများ ၏ လက်ထဲတွင် မသိမသာကျရောက်နေရာမှ တိုင်းပြည်၏ အနာဂါတ်လမ်းကြောင်းအား ကိုယ်ပိုင်မီဒီယာများက ပိုမိုပုံဖော်နိုင်လာမည်။ မည်သည့်နိုင်ငံခြားသားကမှ ကိုယ့်တိုင်းပြည်ကိုအသားလွတ်မချစ်ပေ။ ထို့ကြောင့် ပြည်တွင်းမီဒီယာများ အင်အားကောင်းလာခြင်းသည် မျက်မှန်စိမ်းတပ် ပြည်ပမီဒီယာများ သမိုင်းသေသွားခြင်းနှင်င့်္အတူ အစိုးရအပေါ် ထိန်းကျောင်းခွင့်များ ပိုမိုအားကောင်းလာနိုင်သည်။် ဦးနေဝင်း ရိုက်ချိုးခဲ့သော မဏ္ဍိုင်သည် တစ်စတစ်စ အားကောင်းလာမည်ဖြစ်သည်။ ထိုဂျာနယ်များတွင် စစ်အုပ်ချုပ်ရေးနှင့်နှီးစပ်သူများပါသည်ဟု ဝေဖန်မည်ဖြစ်သော်လည်း လုပ်ရပ်ဖြင့်တိုင်းတာလျှင်မူ သမ္မတဦးသိန်းစိန်တက်လာသည့်အချိန်မှစ၍ မြစ်ဆုံကိစ္စ၊ ယခု ရိုဟင်ဂျာကိစ္စများတွင် မီဒီယာများသည် တာဝန်ကျေကြသည်ကိုတွေ့ရသည်။ သတ္တုတွင်းဝန်ကြီးဌာနကို စိန်ခေါ်ခဲ့သော The Voice ဂျာနယ် နှင့် စာရေးသူနာမည်ထုတ်မပြောခဲ့ခြင်းတို့ကို အပေါင်းရလာဒ်အဖြစ်မြင်မိသည်။

နောက်တစ်ချက်မှာ ပြည်ပအထောက်ပံ့ခံနိုင်ငံေ၇းအင်အားစုများ၏ မျက်နှာဖုံးကျွတ်ကျသွားခြင်းပင်ဖြစ်သည်။ ရိုဟင်ဂျာတောင်းဆိုနေသည်မှာ တိုင်းရင်းသားအခွင်င့်္အရေး၊ ထပ်ချဲ့ရလျှင် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားများက တရားဝင်တောင်းဆိုခွင့်ရှိသော တောင်းဆိုထိုက်သော တိုင်းရင်းသားများအဆင့်နှင့်တန်းတူ တောင်းဆိုနေခြင်းဖြစ်သည်။ ထိုကိစ္စသည် အလွန်အန္တရာယ်ကြိးသည်။ လူကို လူလိုမြင်၍ ရသည်။ ဒုစရိုက်သမားလည်းလူ၊ လွှတ်တော်အမတ်လည်း လူဖြစ်သည်။ သို့ရာတွင် ဒုစရိုက်သမားနှင့် တိုင်းကျိုးပြည်ပြု နိုင်ငံရေးသမားကို ထပ်တူမြင်၍ မရချေ။ ထိုကဲ့သို့ပင် လူလူချင်းဖြစ်သော်လည်း အိမ်သားနှင့် ဧည့်သည်မည်သို့မျှ ထပ်တူပြု၍ မရချေ။ ထိုမျှ အန္တရာယ်ကြီးလှသော ကိစ္စကို မီးနှင့်ကစားသလို ရေတိုကိုသာကြည့်၍ လုပ်ခဲ့သော နိုင်ငံရေးသမားတို့၏ အမှု ဘူးပေါ်သလို ပေါ်လာကြသည်။ သမိုင်းသေတော့မည်ကို သိသော ထိုသူများက လူ့အခွင့်အရေးကို ကိုင်ကာအော်ကြသည်။ သို့သော်ထိုသူတို့၏ အသံများးသည် ယနေ့ ရိုဟင်ဂျာများ၏ အန္တရာယ်ကို သိမြင်နားလည်နေသော၊ ရခိုင်လူထု၏ ခံစားရမှုအတွက် ခံပြင်းနာကြည်းနေသော လူထုအသံများအောက်တွင် ငုပ်လျှိုးပျောက်ကွယ်သွားသည်။ ထိုသူများသည်လည်း နောင်လာမည့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များထဲတွင် ဝင်ရောက်စွက်ဖက်ခွင့် ပိတ်သွားပြီဖြစ်သည်။ သို့အတွက် နိုင်ငံရေးအတွက် အာရုံစိုက်မှု ဒီဂရီသည် ပြည်တွင်းဖက်သို့ လုံးဝနီးပါးရောက်သွားပြီဖြစ်သည်။

နောက်အရေးကြီးသောတစ်ချက်မှာ အများမြင်ကြသလို တပ်နှင့်ပြည်သူ ပေါင်းစည်းမှုဖြစ်သည်။ ယခင် စစ်ဆိုလျှင် ရေစစ်၍ ပင်မသောက်ဟု ပြောခဲ့သောသူများမှာ  ယခုစစ်တပ်ကို လုံးဝဥဿုံအကောင်းမမြင်သေးသည့်တိုင် လိုအပ်သောအခါ  ဝင်ရောက်ထိန်းပေးပါရန် ဆိုကြသည်။ ဤသည်မှာလည်း နောက်ကွယ်မှ ကိုင်တွယ်နေသူများရှိမည် ဟု ခန့်မှန်းသူများရှိကြသည်။ မဖြစ်နိုင်ဟု ပြော၍တော့မရပါ။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးစန်းလည်းကျ၊ တပ်သည်လည်း ပိုမိုထင်ရှားတောက်ပလာလျှင် သူတို့အတွက် သားရွှေအိုးထမ်းသောကိန်းဆိုက်နိုင်ပါသည်။ ထိုသု့နောက်ကွယ်မှ တမင်အချိန်ဆွဲမနေဘဲ ယခုအချိန်တွင် မရှိမဖြစ်လိုအပ်နေသော လုံခြုံရေး (ပစ်ခတ်သတ်ဖြတ်ရန်မဟုတ်ပါ) ကို ပံ့ပိုးပေးနိုင်လျှင် မူ ဖြူစင်သောလုပ်ဆောင်မှု၏ အကျိုးကိုမုချခံစားရမည်။ လူထုယုံကြည်မှု တိုးမြင့်လာမည်။ ထို့ကြောင့် အကွက်ချအချိန်ဆွဲခြင်း လုပ်နေပါက ချက်ခြင်းရပ်တန့်ပစ်ရန်ုလိုသည်။ထပ်မံ၍ လူထုအယုံအကြည်ကင်းမဲ့သွားလျှင် နစ်ဖက်လုံးအတွက်မကောင်း။ ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းကောင်းများစွာကို တိုင်းပြည်အတွက် အကျိုးရှိရှိ စွမ်းဆောင်စေလိုသေးသည်။ Win-Win အနေအထားကို အတတ်နိုင်ဆုံးဖန်တီးရန်လိုသည်။ယခုအရေးတွင် မကောက်ကျစ်ဘဲ တပ်အပေါ် ပြည်သူက ယုံကြည်မှုကို အဟုတ်ရရန် ပြန်လည်တည်ဆောက်နိုင်ပါက နစ်ဖက်လုံးအကျိုးများမည်။ ပြည်သူမထောက်ခံသော တပ်သည် အင်အားမကြီးမား။ ထို့ကြောင့် ပြည်သူများထောက်ခံမှုကို တည်ဆောက်နိုင်စေလိုသည်။

ထို့ပြင်လူပြောနည်းသောအချက်တစ်ချက်မှာ ရခိုင်ပြည်နယ်၏ အဓိကရုဏ်းဖြစ်စဉ်အပြီး စီးပွားရေးဖြစ်သည်။ ရွာပေါင်းများစွာ မီးလောင်ပြင်ဖြစ်သွားသည်။ မြို့တော်စစ်တွေ မတည်မငြိမ်ဖြစ်နေသည်။ မတည်မငြိမ်ဖြစ်နေသော စစ်တွေတွင် စီးပွားရေးကျဆင်းမည်ဖြစ်သည်။ လူမျိုးရေးပဋိပက္ခကြောင့် ကုန်သွယ်မှုလည်း ထိခိုက်ဦးမည်ဖြစ်သည်။ ထို့ပြင် လောင်ကျွမ်းပျက်စီးသွားသော အဆောက်အဦးများကို အစိုးရမှ ပြန်လည်တည်ဆောက်ပေးနိုင်ရန်ငွေအလုံအလောက်ရှိဦးမည်မထင်ချေ။ ထို့ပြင် ၇ခိုင်ဒေသ၏ စီးပွားရေးကလည်း ရန်ကုန်၊ မန္တလး၊ တောင်ကြီး တို့လိုမဟုတ်ချေ။ နာလံထရန်အတော်ပင်ရုန်းကန်ရပေဦးမည်။ တစ်နိုင်ငံလုံးခြုံ၍ကြည့်လျှင် နာဂစ်ဒေသ၊ ကချင်ပြည်နယ်နှင့် ရခိုင်တို့၏ စီးပွားရေးကျဆင်းမှုသည် ဆင်းရဲတွင်းထဲေ၇ာက်နေသော တိုင်းပြည်အတွက် အထိနာစေမည့် အချက်များဖြစ်နေသည်။ ထို့ကြောင့် ထိုယိုပေါက်များကို အမြန်ဆုံးပိတ်ဆို့ပေးရန် ကြိုးစားကြရတော့မည်။

အစိုးရယန္တယားဖက်ကိုလှည့်ကြည့်လျှင် မှတ်ပုံတင်ထုတ်ပေးခြင်းမှလွဲ၍ ဝင်ငွေရလမ်းမရှိသော လ.ဝ.က ဌာနကို လူများ အာရုံစိုက်လာကြသည်။ တရုတ်သိမ်းသွားသော မန္တလေးနှင့် ဘင်္ဂလားဝင်နေသော ရခိုင်အတွက် ဗမာများနှင့်ကျန်တိုင်းရင်းသားများပါ စိုးရိမ်မကင်းဖြစ်လာကြသည်။ ယခင်က အစိုးရဌနများတွင် စစ်တပ်၊ ရဲ၊ ကျန်းမာရေးနှင့် မီးသတ်တို့လောက်ကိုသာ လူများစိတ်ဝင်စားသော်လည်း ယခုတွင် လူအများပါးစပ်ဖျားနေရာယူလာသော အစိုးရဌာနများမှာ လျှပ်စစ်၊ဆက်သွယ်ရေးနှင့် ယခု လ.ဝ.က ဖြစ်လာသည်။ လျှပ်စစ်ကတော့ Reform process များ၏ အကျိုးဆက်အဖြစ် ပြည်သူကိုတောင်းပန်ခြင်း၊ ချက်ခြင်းရေတိုဖြေရှင်းချက်ထုတ်ခြင်းတို့ကိုမြင်လာရသည်။ လူထုဖိအားကြောင့် ဆက်သွယ်ရေးစံနစ်တွင် ဖုန်းများဈေးကျလာသည်။ ဗဟိုချုပ်ကိုင်မှုပျော့လာသည်။ ယနေ့ လ.ဝ.က များကိုတော့ ပြည်သူအလွန်ငြိုငြင်နေပြီဖြစ်သောကြောင့် သိသာထင်ရှားသော ပြောင်းလဲမှုများစွာကို မြင်ရတော့မည်ဟု ထင်ပါသည်။ အကောင်းဆုံးမှာ ရခိုင်ပြည်နယ်ရှိ လ.ဝ.က များကို ရခိုင်များကို ဦးစားပေးခန့်ထားခြင်း၊ န.စ.ကများကို ရခိုင်များကိုသာခန့်ထားခြင်း ဖြစ်သင့်သည်။ သူတို့လောက် ရခိုင်မြေကို စောင့်ရှောက်လိုသူမရှိချေ။ ထိုသို့ဖြစ်ရာ လ.ဝ.က ယန္တယားစိတ် ပြောင်းလဲမှုများကို မြင်လာရခြင်း၊ လူထုအကြား လူဝင်မှုအပေး အသိတရားနိုးကြားလာခြင်းသည် တောင်ကျော်တရုတ်များအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်လာတော့မည်ဖြစ်သည်။ ထိုကိစ္စသည်လည်း နိုင်ငံစီးပွားရေးအပေါ် အနည်းနှင့်အများ ဂယက်ရိုက်လာနိုင်ပေသည်။

ယနေ့ ဘင်္ဂလားတို့၏ လှည့်ကွက်မှာ နိုင်ငံသာဖြစ်ရေးနှင်င့်္ တိုင်းရင်းသားဖြစ်ရေးဖြစ်သည်။ တိုင်းရင်းသားဖြစ်ရေးးကို အရင်တောင်းမည်။ သဘောမတူပါက နိုင်ငံသားဖြစ်ခွင့်ကို တောင်းမည်ဖြစ်သည်။ ထိုအခါ နိုင်ငံသားအဖြစ်လက်ခံရေးအပေါ်တွင် နိုင်ငံတကာဖိအားများစွာ ကျရောက်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့မြေပေါ်တွင်မွေးဖွားသောသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သည်ဟူသော အချက်ကိုကိုင်စွဲလျက် ဖိအားပေးကြမည် ဖြစ်သောကြောင့်တည်း။ ထိုသို့ဖြစ်နေစဉ်တွင် အယ်လ်ခေးဒါးများနှင့် ဆက်စပ်သော သတင်းများကို ရရှိနေခြင်းမှာ ထူးခြားသည်။ ထိုသို့ အလ်ခေးဒါးများနှင့် ပတ်သက်နေသည့်သူများကို နိုင်ငံသားအဖြစ် ပေး၇န်ငြင်းဆန်ခြင်းသည် ယုတ္တိယုတ္တာရှိသော ငြင်းပယ်မှုဖြစ်နိုင်ပေသည်။ ထိုကြောင့် ထိုအချက်ကို စိစစ်အတည်ပြုနိုင်လျှင် ကောင်းပါမည်။ထိုရိုဟင်ဂျာများနှင့် ဆက်စပ်အယ်လ်ခေးဒါးများဟူသော အချက်ဖြင့် နိုင်ငံအတွင်း အန္တရာယ်ရှိသော ကွန်ယက်မျာကို ထောက်လှမ်းဖော်ထုတ်နိုင်လျှင် လုံခြုံရေးအတွက်ပိုမို သင့်လျော်မည်ဖြစ်သည်။ ထိုအခါ ကုလသမဂ္ဂ၊ နိုင်ငံတကာအန်ဂျီအိုများသည်လည်း မည်သို့မျှ ပြောနိုင်တော့မည်မဟုတ်ချေ။

ထိုသို့ဖြစ်ရာ ယနေ့ရိုဟင်ဂျာအရေးအခင်းသည် တစ်ကယ့်ဝံပုလွေအစစ်ကို မည်သူများက မွေးခဲ့ကြောင်း၊ မည်သူများက ၇ုံသွင်းခဲ့ကြောင်းပေါ်လွင်သွားစေသည့်အပြင် မမျှော်လင့်ဘဲ နိုင်ငံရေးချိန်ခွင်လျှာအပြောင်းအလဲများဖြစ်ပေါ်လာနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြိုင်ဖက်များနှင့် သူမကို မလိုသူများအတွက် ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေခြင်းကို တိုက်ရိုက်အသုံးချ ခြေထိုးလာနိုင်သည်။ ထိုအတွက်ဒေါ်အောင်ဆန်းစုကြည်တွင် ဖြေရှင်းချက်တစ်ခု အဆင်သင့်ရှိရန်တော့လိုမည်ဖြစ်သည်။ ဆိုလိုသည်မှာ ထိုတိုက်ကွက်မုချနီးပါးလာစရာ၇ှိသည်။ ချေပချက်များကို ကြိုတင်ပြင်ဆင်ရန်လိုသည်။ သို့သော်လည်း ယခုအရေးအခင်းတွင် တာဝန်အရှိဆုံးဖြစ်သူမှာ အာဏာပိုင်အစိုးရသာဖြစ်သောကြောင့် အလွန်အမင်းတစ်ဖက်သတ်တော့ ထိုးနှက်နိုင်မည်မဟုတ်ချေ။ ဘင်ဒစ်ရော်ဂျာရေးသလို Discredit လုပ်ရုံမျှတော့ဖြစ်နိုင်ပါမည်။ ထိုသို့သော အပြောင်းအလဲ များကို မြင်မိပါသည်။ အားနည်းချက်များ၊ မမြင်သည်များလည်း ရှိပေမည်။ ယခုရေးသည်မှာကား မိမိတွေးမိသမျှသာ ဖြစ်ပေသည်။

ဂွမြို့တွင် ဖမ်းမိသော ဘင်္ဂါလီ တစ်ရာခန့် ကို စစ်ဆေးရန် သံတွဲ ရဲစခန်းသ...


ရခိုင်ပြည်နယ် ဂွမြို့  အနီးတွင်ရှိသော ကျွန်းတစ်ကျွန်းတွင် တရားမ၀င် ၀င်ရောက် လာသည့် ဘင်္ဂါလီလူမျိုး ၁၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမ၀င် ၀င်ရောက်လာသည့် လူများအနက် အချို့ကို စက်လှေတစ်စင်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ဂွမြို့တွင် ငါးဖမ်းရှာနေသည့် ဒေသခံရေလုပ်သား အချို့က တွေ့ရှိခဲ့ရာ တာဝန်သိ ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ယင်းအကြောင်းကြားမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် အဆိုပါကျွန်းသို့  ထွက်ခွာပြီး လိုက်လံ ရှာဖွေရှာ တရားမ၀င် ၀င်ရောက်လာသူ လူဦးရေ ၁၀၀ နီးပါးခန့်ကို တွေ့ရှိခဲ့သဖြင့် ယင်းတို့ကို ဂွမြို့သို့ ဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

"လူတွေကများတော့ အတိအကျ စာရင်းကို ကျွန်တော်တို့မရလိုက်ဘူး ဖမ်းဆီးလာတဲ့သူတွေကို သက်ဆိုင်ရာက ကားပေါ်တင်ခေါ်တဲ့အချိန်မှာ ရေတွက်ကြည့်လိုက်တာတော့ ၈၈ ဦး တွေ့ခဲ့ရပါတယ် သူတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သံတွဲရဲစခန်းကို ပို့ဆောင် လိုက်တယ်လို့ သိရပါတယ်  ၊သူတို့ ဘယ်ကနေ၀င်လာပြီးတော့ ဒီကျွန်းကို ဘယ်အချိန်ကတည်းကရောက်နေတာကိုတော့ ကျွန်တော်တို့လည်း အတိအကျမသိရသေးပါဘူး  " ဟု ငါးဖမ်းစက်လှေပိုင်ရှင် ဒေသခံတစ်ဦးက Flower News သို့ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်မီဒီယာဂရုပ်မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက "ဒီသတင်းဟာ မှန်ကန်ပါတယ် လူ ၁၀၀ နီးပါးလောက် ရှိမယ်လို့ သတင်းရထားပါတယ် ဒီလူတွေကို အခုဆိုရင် သံတွဲရဲစခန်းက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ စီစဉ်နေပါတယ်   " ဟု ပြောကြားသည်။

ဂွမြို့သို့ တရားမ၀င် ၀င်ရောက်လာသူများကို တွေ့ရှိခဲ့သည့် အဆိုပါကျွန်းကို ရောက်ရှိရန် ဂွမြို့မှ စက်လှေဖြင့် တစ်နာရီ ခန့် အချိန်ယူပြီးသွားလာရကြောင်း သိရသည်။

"ပြည်သူတစ်ဦးအနေနဲ့ ပြောချင်တာက ယခုဆိုရင် ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ယခုအချိန်အထိ ယခင်လို မဖြစ်သေးတာကိုလည်း ကြားနေရပါတယ် အထူးသဖြင့် ဒီလို တရားမ၀င် ၀င်ရောက်လာတဲ့ လူတွေကို စနစ်တကျ မှန်မှန်ကန်ကန် စစ်ဆေးဖော်ထုတ် အရေးယူဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးကို ယခင်ထက် ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ဆောင်ရွက် ဖို့လည်း လိုအပ်လာပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ဟာ ဘင်္ဂလားပင်လယ် အနီးမှာရှိတဲ့အတွက် တရားမ၀င် ၀င်ရောက်လာတဲ့   သူအများစု ဟာလည်း ရေကြောင်းကို အသုံးပြုပြီးတော့ ၀င်ရောက်နေကြတာကို ယခင်ကလည်း ကြားသိနေရသလို ယခုဆိုရင်လည်း ကျွန်တော်တို့ ဂွ မြို့ဘက်ကိုတောင် ၀င်ရောက်လာတာကို တွေ့နေရပြီဖြစ်တဲ့ အတွက်  နောက်နောင် ဒီလိုမျိုး ကိစ္စတွေ ထပ်မံမပေါ်ပေါက်လာဖို့ကတော့ နိုင်ငံတော် အစိုးရအနေနဲ့လည်း ရေပြင်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လိုသလို ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ ကျွန်တော် မြင်ပါတယ် " ဟု စက်လှေပိုင်ရှင်  ဂွမြို့ဒေသခံတစ်ဦး က အကြံပြုပြောကြားသည်။

စောမြင့်သန်း(ပေါက်တော)( Yangon Media Group)
ဘင်္ဂါလီလူမျိုး တဦးအားတွေ့ ရစဉ် ဓါတ်ပုံ-Google Images

ရခိုင် ဆူပူမူကြောင့် ဘင်္ဂလာ ဒေခ်ျ့တွင် သောင်တင်နေသူ မြန်မာ စီးပွားရေ...

ရခိုင်ပြည် နယ်တွင် ပေါ်ပေါက် ခဲ့သော ဆူပူအ ကြမ်းဖက်မူ များကြောင့် မြန်မာ ဘက်ကို မပြန်နိုင်ဘဲ ဘင်္ဂလာ ဒေခ်ျ့နိုင်ငံတွင် သောင်တင်နေသူ မြန်မာနိုင်ငံမှ စီးပွားရေးသမား ၄၄ ဦးကို ဇွန်လ ၂၄ ရက်နေ့က တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ပြန်လည်ပို့ဆောင်လိုက်သည်။

ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီး ကြပ်ရေးဌာနမှ သောင်တင်နေသော မြန်မာ စီးပွားရေးသမား ၄၄ ဦးကို တရားဝင်ပြန်လည် ပို့ဆောင် လိုက်ခြင်း ဖြစ်ကြောင်း  တက်ကနက် ဆိပ်ကမ်း ဌာနမှ တာဝန်ရှိပုဂ္ဂိုလ် အာဘဒူလ် ကာဒဲလ်ကတ်က ဒေသခံ သတင်းထောက်များသို့ ပြောသည်။

“ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက စီးပွားရေး သမား ၂၆ဦး၊ တခြား ရိုးရိုး အလုပ်သမား ၁၈ ဦး စုစုပေါင်း ၄၄ ဦးကို တရားဝင် မြန်မာသို့ ပို့ပေးလိုက်ပါတယ်။ နောက်ထပ် စီးပွားရေးသမား ၂၂၇ ဦးကိုလည်း ပြန်ပို့ပေးဖို့ရှိနေတယ်” ဟု သူက ပြောသည်။

အဆိုပါ စီးပွားရေး သမားများမှာ ရခိုင်ပြည်တွင် ဆူပူအကြမ်းဖက်မှု မဖြစ်ခင်ကတည်းက ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက် ဆိပ်ကမ်းသို့ ရောက်ရှိသူများဖြစ်ကြောင်း၊ ရခိုင်တွင် ပဋိပက္ခ မတည်ငြိမ်မှုကြောင့် အိမ်မပြန်နိုင်ဘဲ သောင်တင်နေကြခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို ယခုအခါ မြန်မာအစိုးရနှင့် ညိုနှိုင်းပြီး ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီးကြပ်ရေး ဌာနမှ စိစစ်ပြီး ပြန်ပို့နေခြင်း ဖြစ် ကြောင်း သူက ပြောကြားသည်။

ရခိုင် ဆူပူမှုကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ စီးပွားရေးသမား ၁၀၀ ကျော် မြန်မာဘက်တွင် ပိတ်မိနေခဲ့ပြီး ယခုအခါ အများစု ပြန်လာကြပြီ ဖြစ်သော်လည်း နောက်ထပ်  ၄ဦးမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ တရားဝင် ၀င်ရောက် လာခြင်းမရှိသေးကြောင်း သိရသည်။ သို့သော်လည်း တခြားလမ်း တခုခုမှ ၀င်ရောက်လာနိုင်ကြောင်း ၄င်းပုဂ္ဂိုလ် ကဆိုသည်။

ယခုအခါ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ငြိမ်သက်မှုမရှိသေး သည့်အတွက် နယ်စပ် ကုန်သွယ်ရေးမှာ ယခုအချိန်ထိ ရပ်တန့်နေပြီး ဘင်္ဂလားဒေ့ခ်ျ- မြန်မာ နယ်စပ် စီးပွား ရေးကို အကြီးအကျယ် ထိခိုက်နေကြောင်း သိရသည်။

ထွန်းထွန်း-နိရဉ္စရာ

စစ်တွေမြို့ခံ များ ညမထွက်ရ အမိန့် ရုပ်သိမ်းလျှင် ဆူပူမှုများ ပြန်ဖြစ...

စစ်တွေ၊ ဇွန်-၂၅
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေသအာဏာပိုင်များ အနေဖြင့် ညမထွက်ရအမိန့် ကြေညာမှုကို ရုပ်သိမ်းလိုက်ပါက ဆူပူမှုများ ပြန်လည်ဖြစ်ပေါ်လာမည်ကို စစ်တွေဒေသခံများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

“အခုအခြေအနေ တည်ငြိမ်နေတယ်ဆိုတာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားလို့ပါ။ အခြေအနေတွေ သေချာမတည်ငြိမ်သေးဘဲ ညမထွက်ရအမိန့်ကို ရုပ်သိမ်း လိုက်ရင် ဆူပူမီးရှို့မှုတွေပြန်ပြီးဖြစ်လာနိုင်တယ်” ဟု စစ်တွေမြို့မှ ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦးက 7Day News သို့ပြောသည်။

ဇွန်လ ၁၁ ရက်မှ စတင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ကြေညာခဲ့သော်လည်း ဇွန်လ ၂၄ ရက်အထိ မီးလောင်၊ မီးလန့်မှုများရှိနေသေးသည်။

“မနေ့က ဇွန်လ ၂၄ ရက်ညပိုင်းကလည်း မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဇွန်လ ၂၀ နဲ့ ၂၁ ရက် ညတွေမှာလည်း မီးလောင်မှုတွေ ဖြစ်သေးတယ်။ မီးလောင်မှုအများစုက ည ၆ နာရီနောက်ပိုင်းမှာ လောင်တာများတယ်။ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ထွက်ပြေးကြတာလို့ ယူဆရတယ်”ဟု စစ်တွေမြို့ အမှတ်-၁ ရဲစခန်းမှ ရဲအရာရှိတစ် ဦးကပြောသည်။

by 7Day News Journal

 

စစ်တွေမြို့၊ ကမ်းနားလမ်းတွင် ပင်လယ်ပြင်ဖက်သို့ လှည့်ကာ လုံခြုံရေးယူထားသည့် လုံထိန်းတပ်ဖွဲ့ဝင် များကို ဇွန်လ ၁၇ ရက်ည ၁၀ နာရီခန့်က တွေ့ရစဉ်။ ဓာတ်ပုံ- ဥက္ကာကိုကို

နောက်ဆုံးရ---; မြန်မာ့သတင်း

ကဲ ရိုဟင်ဂျာတွေကို သနားလှချဉ်ရဲ့ ဆိုတဲ့ လူ့အခွင့်အရေး ဆရာကြီးတွေ.... အဲဒီတုန်းက ဘယ်နားမှာ သွားသေနေကြတာလဲ...

ဒါ ၁၉၉၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်တဲ့ မြန်မာတိုင်းရင်းသားတွေကို ထိုင်းအစိုးရက မြန်မာပြည်ဘက်အခြမ်းကို ပြန်ပို့တဲ့ ပုံပါ။

မြန်မာ အစိုးရ ကိုယ်တိုင်ရော ဘာကို အကြောက်နေတာလဲ...... မြန်မာနိုင်ငံမှာ တရားမ၀င်နေထိုင်တဲ့ ရိုဟင်အဂျာ အမည်ခံ ဘင်္ဂလားဒေ့ရ် နိုင်ငံသားတွေကို သူတို့နိုင်ငံကို ပြန်မပို့ရဲဘူးလား...

မောင်သိန်းစိန် ရေ ဦးနုလက်ထက် တုန်းကတော့ မဲလိုချင်လို့ ဒီရိုဟင်ဂျာတွေ ဗမာပြည်မှာ တိုင်းရင်းရယ်လို့ သမုတ်ခဲ့တယ်။ ခင်ဗျားလက်ထက်မှာလဲ နိုဗယ်ဆုလိုချင်တာနဲ့ ဒီကုလားတွေကို ဒီတိုင်းကြည့်မနေပါနဲ့... ခင်ဗျားကို ဘယ်သူမှ နိုဗယ်ဆုမပေးဘူး စိတ်ချ ရဲရဲသာ ပြန်ပို့လိုက်

Hundreds of Myanmar citizens, having just been deported from Thailand for working illegally, carry their belongings in Myanmar from the Moei river bordering Thailand November 11. Thousands of Myanmar workers are being sent back to their homeland by Thai authorities in a roundup of illegal workers but Thai employers claim that the crackdown will ruin the economy in the border region and are delaying payments to the some Myanmar workers in a bid to keep them in Thailand. jir/Photo by Jason Reed REUTERS
Photo: ကဲ ရိုဟင်ဂျာတွေကို သနားလှချဉ်ရဲ့ ဆိုတဲ့ လူ့အခွင့်အရေး ဆရာကြီးတွေ.... အဲဒီတုန်းက ဘယ်နားမှာ သွားသေနေကြတာလဲ... ဒါ ၁၉၉၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်တဲ့ မြန်မာတိုင်းရင်းသားတွေကို ထိုင်းအစိုးရက မြန်မာပြည်ဘက်အခြမ်းကို ပြန်ပို့တဲ့ ပုံပါ။ မြန်မာ အစိုးရ ကိုယ်တိုင်ရော ဘာကို အကြောက်နေတာလဲ...... မြန်မာနိုင်ငံမှာ တရားမ၀င်နေထိုင်တဲ့ ရိုဟင်အဂျာ အမည်ခံ ဘင်္ဂလားဒေ့ရ် နိုင်ငံသားတွေကို သူတို့နိုင်ငံကို ပြန်မပို့ရဲဘူးလား... မောင်သိန်းစိန် ရေ ဦးနုလက်ထက် တုန်းကတော့ မဲလိုချင်လို့ ဒီရိုဟင်ဂျာတွေ ဗမာပြည်မှာ တိုင်းရင်းရယ်လို့ သမုတ်ခဲ့တယ်။ ခင်ဗျားလက်ထက်မှာလဲ နိုဗယ်ဆုလိုချင်တာနဲ့ ဒီကုလားတွေကို ဒီတိုင်းကြည့်မနေပါနဲ့... ခင်ဗျားကို ဘယ်သူမှ နိုဗယ်ဆုမပေးဘူး စိတ်ချ ရဲရဲသာ ပြန်ပို့လိုက် Hundreds of Myanmar citizens, having just been deported from Thailand for working illegally, carry their belongings in Myanmar from the Moei river bordering Thailand November 11. Thousands of Myanmar workers are being sent back to their homeland by Thai authorities in a roundup of illegal workers but Thai employers claim that the crackdown will ruin the economy in the border region and are delaying payments to the some Myanmar workers in a bid to keep them in Thailand. jir/Photo by Jason Reed REUTERS

ရခိုင် ၁ဝဦးသတ်သူ အကြမ်းဖက်သမားတစ်ရာကျော် စစ်တွေထောင်သို့ပို့



ရသေ့တောင်မြို့နယ်ရှိ အနောက်ပြင်ရွာတွင်ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများနှင့်လူဆယ် ဦးသတ်မှု တို့တွင် ပါဝင်သူအကြမ်းဖက် သမား တစ်ရာကျော် ကို ဖမ်းဆီးပြီး စစ်တွေထောင်သို့ ပို့ဆောင်ထား ပြီး ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီဥက္ကဌ ဦးမောင်လှမြင့် ကဆိုသည်။

အဆိုပါလူသတ်မှုနှင့်အ ကြမ်းဖက်မှုတွင်  ပါဝင်ခဲ့သူများမှ(၂၂) ဦးကို ဇွန်(၂၁)ရက်နေ့က  ဖမ်းဆီးခဲ့ပြီး ထွက်ပြေးနေသူများ  ထဲမှ(၃၁)ဦးကို ဇွန်(၂၂) ရက်နေ့က ဆက်လက်ဖမ်း ဆီးနိုင်ခဲ့ပြီးနာက် ထပ်မံ၍  ပါဝင်သူ (၅၀)ဦး ကျော်ကို ဇွန်လ(၂၃)ရက်နေ့ကဖမ်း ဆီးခဲ့ သဖြင့် ပြစ်မှု ဆိုင်ရာ  ပုဒ်မ -၃၀၂(က) /၁၁၄၊ပုဒ်မ-၂၁၁၊ ပုဒ်မ-၅၀၆  တို့ အပါအဝင်အခြားပြစ်မှုများဖြင့်ဖမ်းဆီးခဲ့ပြီး စစ်တွေ အကျဉ်းဦးစီး သို့ပို့ ဆောင်ထား ပြီးဖြစ်ကြောင်း သိရ သည်။

''ဖမ်းမိတဲ့သူတွေကို စစ်တွေထောင်ချုပ်ကိုပို့တယ်လို့ပြော တယ်။ဒီနေ့လည်းထပ်ပြီး ဖမ်းမိ တယ်လို့ကြားတယ်။ ဘယ်သူတွေက တရားလိုပြုတယ် ဆိုတာတော့ သေချာမသိဘူး'' ဟုရသေ့တောင်မြို့နယ် ရခိုင်တိုင်းရင်းသားများ  တိုးတက် ရေးပါတီဥက္ကဌဦးမောင်လှမြင့်က ဆိုသည်။

အဆိုပါ အခင်းဖြစ်ပွား ပုံမှာဇွန်လ(၁၉) ရက်နေ့ နံနက်(၆) နာရီခန့်တွင်ရသေ့တောင်မြို့ နှင့် ငါးမိုင်ခန့် ကွာဝေးသည့်  ကူတောင် ရွာအနီးအိမ်ခြေ(၁၀)လုံးဝန်း ကျင်သာ ရှိသည့်ကူတောင်အောက်ရွာသို့  အ နောက်ပြင် ရွာမှ အကြမ်းဖက်  သမား တစ်ရာကျော်က နေအိမ်များကို မီး ရှို့ရန်ဝိုင်းထား ခဲ့ပြီးမီးရှို့နေစဉ် ကူတောင်ရွာ နှင့်ဦးဂါရွာတို့မှဒေသခံ များကသိရှိပြီးအဆိုပါရွာများမှ ရွာသားနှစ်ရာခန့်က ပြန်လည်ခုခံ ရန်ဒုတ်၊ ဓါးများ ကိုင်ဆောင်ကာ  ကူ တောင်အောက်ရွာသို့သွားရောက် ခဲ့ကြောင်းသိရသည်။

ထိုသို့ရောက်ရှိစဉ်အနောက်ပြင်ရွာမှ အကြမ်းဖက်သမားများ က၎င်းတို့နေထိုင်ရာ အနောက် ပြင်ရွာသို့ပြန်လည်ထွက် ပြေးသွားခဲ့ ပြီးထိုသို့ထွက်ပြေး သူများ နောက်သို့   ကူတောင်ရွာနှင့် ဦးဂါရွာမှ ရွာသား များကလိုက်သွား ခဲ့သည်ဟုဆိုသည်။ထို့နောက် အနောက်ပြင်ရွာသို့ ရောက်ရှိသွားကြပြီး  အနောက်ပြင် ရွာသားများက ၄င်တို့ရွာထဲသို့ ပြေး ဝင်သွားပြီး  ခဏအကြာတွင်သေနက် ပစ်ဖောက်သံ တစ်ချက်ကြား ရပြီး အချက်ပေး ဝီစီများမှုတ်အပြီးတွင် အနောက်ပြင်ရွာမှရွာသား(၆၀၀) ကျော်ခန့်ထွက် ရှိလာ ၎င်းတို့နောက် သို့လိုက်ပါလာ သည့် ကူတောင်ရွာ နှင့်ဦးဂါရွာသားများက လူအင်းအား နည်းသည့် အတွက် ထွက်ပြေးကြရာ မှ တစ်ဦးနှင့်တစ်ဦး တိုက်မိခြင်း၊လဲကျ ခြင်း တို့ကြောင့် ကျန်ရှိခဲ့သည့် (၁၀) ဦးအား အနောက်ပြင်ရွာသားများက  သတ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ရသေ့ တောင်မြို့နယ်မှ ဒေသခံက ဆိုသည်။

အခင်းဖြစ်ပွားရာနေရာ သို့ တပ်မတော်မှ(၉)နာရီ(၁၅)မိနစ်  တွင်အခင်းဖြစ်ပွားပြီးချိန်တွင် ရောက်ရှိသွား ကြောင်း၊ အနောက်ပြင် ရွာမှရွာသား တစ်ဦးမှ တူးမီးသေနက် တစ်လက်အား ရဲတပ်ဖွဲ့အား အပ်နှံခဲ့ ကြောင်း၊ထိုသို့ဖြစ်ပွားနေစဉ်အနောက်ပြင်ရွာမှရွာသားများ က၎င်းတို့ နေအိမ်များကို ကောက်ရိုး များ နှင့် ကိုယ်တိုင်မီးရှို့ခြင်း၊၎င်းတို့နေအိမ် များကိုကိုယ်တိုင်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြ သည် ဟုဒေသခံ ဖြစ်သူ ဦးမောင်သန်းမြင့် ကဆို သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌဒေါက်တာ အေးမောင်က''ဒီရသေ့တောင်ကိစ္စ က လုံခြုံရေးနဲ့တရား ဥပဒေစိုးမိုးရေး အားနည်းနေသေး တဲ့အတွက်ဒီ လို ထပ်မံဖြစ်ပွား နေတာဖြစ်တယ်။ လက်ရှိတာဝန်ယူ ဆောင်ရွက်နေတဲ့ အစိုး ရမှာရော၊ အခြေခံ ဥပဒေ  အရ သမ္မ တကအကူအညီတောင်း ခံထား တဲ့ တပ်မတော်မှာ  ရောတာဝန်ရှိပါတယ် လို့ ပဲမြင်တယ်''ဟုဆိုသည်။

ဝေမာသိမ့် (Yangon Media Group)
ဒီနေ့မနက် ၁၀ နာရီခွဲက ရန်ကုန်မြို့၊ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိန်သံရုံးရှေ့မှာ ရခိုင်တိုင်းရင်းသား လူငယ်များဟာ
အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး Burma Campaign UK နဲ့ BBC အသံလွှင့်ဌာန
တွေကို ရိုဟင်ဂျာတွေကို မြန်မာတိုင်းရင်းသား အဖြစ်မှားယွင်းစွာ ဘက်လိုက်ဖေါ်ပြတဲ့ ကိစ္စ ကို ကန့်ကွက်တဲ့အနေနဲ့
ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲက ရန်ကုန်မြို့၊ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိန်သံရုံးရှေ့မှာ ရခိုင်တိုင်းရင်းသား လူငယ်များဟာ
အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး Burma Campaign UK နဲ့ BBC အသံလွှင့်ဌာန
တွေကို ရိုဟင်ဂျာတွေကို မြန်မာတိုင်းရင်းသား အဖြစ်မှားယွင်းစွာ ဘက်လိုက်ဖေါ်ပြတဲ့ ကိစ္စ ကို ကန့်ကွက်တဲ့အနေနဲ့
ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခ ဟာ ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ
ရဲ့ ပဋိပက္ခ လို့ ပြည်ပမီဒီယာအချို့ရဲ့ ရေးသားဖေါ်ပြချက်တွေဟာ ဘာသာရေးအထိကရုဏ်းဖြစ်အောင် သွေးထိုးနေတာ
ဖြစ်ပြီး အမှန်တကယ်က မြန်မာတိုင်းရင်းသားရခိုင် တွေနဲ့ တရားမ၀င်ရောက်ရှိနေတဲ့ရိုဟင်ဂျာ တွေရဲ့ ပဋိပက္ခသာ
ဖြစ်ကြောင်းနဲ့ မီးရှို့အကြမ်းဖက်မှုတွေစတင်လုပ်ဆောင်ခဲ့တာဟာ ရိုဟင်ဂျာတွေသာဖြစ်တယ်လို့ပြောကြပါတယ်။
အချိန် ၁၀ မိနစ်ခန့်သာဆန္ဒပြခွင့်ရပြီး လုံခြုံရေးတွေက လူစုခွဲပေးဖို့ ကောင်းမွန်စွာ မေတ္တာရင်ခံခဲ့တဲ့အတွက်
ငြိမ်းချမ်းစွာလူစုခွဲပေးခဲ့ကြပါတယ်။
ထူးခြားတာက နိုင်ငံခြားသား သတင်းထောက်တွေကပါ ရခိုင်လူငယ်တွေကို သိလိုတာတွေမေးမြန်းသွားခြင်းပါ။
ဗြိတိန်သံရုံး အရာရှိတွေကလည်း ဆန္ဒရှိမယ်ဆိုရင် ရခိုင်လူငယ်တွေကို သူတို့သံရုံးထဲကိုဖိတ်ခေါ်ပါတယ် ဆိုတဲ့အကြောင်းနဲ့
လက်ကမ်းစာရွက်တွေပေးရင် လက်ခံယူပေးဖို့ကိုပါ သံရုံးဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့သိရပါတယ်။
Photo: ဒီနေ့မနက် ၁၀ နာရီခွဲက ရန်ကုန်မြို့၊ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိန်သံရုံးရှေ့မှာ ရခိုင်တိုင်းရင်းသား လူငယ်များဟာ အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး Burma Campaign UK နဲ့ BBC အသံလွှင့်ဌာန တွေကို ရိုဟင်ဂျာတွေကို မြန်မာတိုင်းရင်းသား အဖြစ်မှားယွင်းစွာ ဘက်လိုက်ဖေါ်ပြတဲ့ ကိစ္စ ကို ကန့်ကွက်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခ ဟာ ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ရဲ့ ပဋိပက္ခ လို့ ပြည်ပမီဒီယာအချို့ရဲ့ ရေးသားဖေါ်ပြချက်တွေဟာ ဘာသာရေးအထိကရုဏ်းဖြစ်အောင် သွေးထိုးနေတာ ဖြစ်ပြီး အမှန်တကယ်က မြန်မာတိုင်းရင်းသားရခိုင် တွေနဲ့ တရားမ၀င်ရောက်ရှိနေတဲ့ရိုဟင်ဂျာ တွေရဲ့ ပဋိပက္ခသာ ဖြစ်ကြောင်းနဲ့ မီးရှို့အကြမ်းဖက်မှုတွေစတင်လုပ်ဆောင်ခဲ့တာဟာ ရိုဟင်ဂျာတွေသာဖြစ်တယ်လို့ပြောကြပါတယ်။ အချိန် ၁၀ မိနစ်ခန့်သာဆန္ဒပြခွင့်ရပြီး လုံခြုံရေးတွေက လူစုခွဲပေးဖို့ ကောင်းမွန်စွာ မေတ္တာရင်ခံခဲ့တဲ့အတွက် ငြိမ်းချမ်းစွာလူစုခွဲပေးခဲ့ကြပါတယ်။ ထူးခြားတာက နိုင်ငံခြားသား သတင်းထောက်တွေကပါ ရခိုင်လူငယ်တွေကို သိလိုတာတွေမေးမြန်းသွားခြင်းပါ။ ဗြိတိန်သံရုံး အရာရှိတွေကလည်း ဆန္ဒရှိမယ်ဆိုရင် ရခိုင်လူငယ်တွေကို သူတို့သံရုံးထဲကိုဖိတ်ခေါ်ပါတယ် ဆိုတဲ့အကြောင်းနဲ့ လက်ကမ်းစာရွက်တွေပေးရင် လက်ခံယူပေးဖို့ကိုပါ သံရုံးဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့သိရပါတယ်။
သံတော်လီ ဘင်္ဂလီကျေးရွာ အနီးမှ ရခိုင် ဘုန်းတော်ကြီးကျောင်းတခု..။ ယခုအခါမှာတော့ ဘုန်းတော်ကြီး ကျောင်းအား စွန့်ခွာထားရခဲ့ ရလေပြီ...။
သံတော်လီ ဘင်္ဂလီကျေးရွာ အနီးမှ ရခိုင် ဘုန်းတော်ကြီးကျောင်းတခု..။ ယခုအခါမှာတော့ ဘုန်းတော်ကြီး ကျောင်းအား စွန့်ခွာထားရခဲ့ ရလေပြီ...။

ဒီမိုဝေယံ သတင်းထောက် ပေးပို့သည်..
Photo: သံတော်လီ ဘင်္ဂလီကျေးရွာ အနီးမှ ရခိုင် ဘုန်းတော်ကြီးကျောင်းတခု..။ ယခုအခါမှာတော့ ဘုန်းတော်ကြီး ကျောင်းအား စွန့်ခွာထားရခဲ့ ရလေပြီ...။ ဒီမိုဝေယံ သတင်းထောက် ပေးပို့သည်..
ကိုကိုကြီးလိုပြတ်သားတဲ့သူတွေတိုင်းပြည်အတွက်လိုအပ်နေသည်။ ကိုကိုကြီးလိုပဲ နိုင်ငံတော်က တရားမ၀င်ဘင်ဂါလီတွေအပေါ်ပြတ်သားဖို့လိုလာပြီ
ကိုကိုကြီး (ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားခေါင်းဆောင်)

ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တိုနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ သည်းခံဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် အခုရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ရိုဟင်ဂျာဆိုတာ ကွန်တော်တို့ မြန်မာနိုင်ငံ တိုင်ရင်သားလုံးဝမဟုတ်ပါဘူး.။ အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်းတောကိစ္စတွေမှာ နိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံ နားမလည်ဘဲ ၀င်ရောက်ပတ်သတ် စွက်ဖက်နေတာကို လုံးဝ လက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါးတယ်လို ကျွန်တော်တို သတ်မှတ်ပါတယ်။ နိုင်ငံ တကာနှင့် မျက်နာမပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမူ ကိုယ်ခြင်းစာနာမူ လိုက်လျောမူကို နိုင်ငံကြီးတွေက ဖိအားပေးလာရင် ကျွန်တော်တိုလက်ခံမှာမဟုတ်ဘူ။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်..။
Photo: ကိုကိုကြီး (ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားခေါင်းဆောင်) ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တိုနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ သည်းခံဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် အခုရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ရိုဟင်ဂျာဆိုတာ ကွန်တော်တို့ မြန်မာနိုင်ငံ တိုင်ရင်သားလုံးဝမဟုတ်ပါဘူး.။ အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်းတောကိစ္စတွေမှာ နိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံ နားမလည်ဘဲ ၀င်ရောက်ပတ်သတ် စွက်ဖက်နေတာကို လုံးဝ လက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါးတယ်လို ကျွန်တော်တို သတ်မှတ်ပါတယ်။ နိုင်ငံ တကာနှင့် မျက်နာမပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမူ ကိုယ်ခြင်းစာနာမူ လိုက်လျောမူကို နိုင်ငံကြီးတွေက ဖိအားပေးလာရင် ကျွန်တော်တိုလက်ခံမှာမဟုတ်ဘူ။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်..။
ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်နွှယ်သူ နောက်တဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ မူဆလင် ဘာသာရေးစာပြ ကျောင်းဆရာ အဗ္ဗဒူ ဆူကူရ်အား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တာခ်နာမြို့နယ်၊ နီလာမြို့တွင် ဇွန်လ ၁၉ ရက်နေ့က ထပ်မံဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၈ ရက်နေ့တွင် မူဆလင် ဘာသာရေးခေါင်းဆောင်နှင့် ကျောင်းဆရာများ စုစုပေါင်း ၇ ဦးကို ကောက်စ်ဘဇားမြို့ ရဲမင်းကြီးက ဦးဆောင်ဖမ်းဆီးပြီးနောက် နောက်ဆက်တွဲ ဖမ်းဆီးမှုဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်စပ်သည်ဟု သံသယရှိသူများနှင့် နေရာများကို အထူးစုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာနှင့် ဆက်ဆံရေး၊ နှစ်နိုင်ငံသဘောတူ ချုပ်ဆိုထားသည့် စာချုပ်များအပါအဝင် တခြားပူးပေါင်းလုပ်ဆောင်နေမှုများ ပျက်ပြားသွားမည့်ကို အထူးစိုးရိမ်နေကြောင်း လေ့လာသူများက ဆိုသည်။

စစ်တွေတွင် ကိုယ့်အိမ်ကိုယ် မီးရှို့၍ အမျိုးသမီးတဦး အဖမ်းခံရ

စစ်တွေတွင် ကိုယ့်အိမ်ကိုယ် မီးရှို့၍ အမျိုးသမီးတဦး အဖမ်းခံရ
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် အောင်ထွန်းဦးလမ်းတွင် ယမန်နေ့ည ၁၁ နာရီခွဲခန့်က ကိုယ့်အိမ်ကိုယ် မီးရှို့မှုတခု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ခံများအဆိုအရ အဆိုပါ မီးလောင်မှုသည် ဒေါ်ခင်ခင်ဆိုသည့် စာတိုက်ဝန်ထမ်း အမျိုးသမီးတဦးက မိမိ၏ နေအိမ်ကို ပြန်လည် မီးရှို့ခြင်းဖြစ်ကြောင်း၊ ၎င်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

စစ်တွေ့မြို့ခံတဦးဖြစ်သည့် ကိုအောင်လှကျော်က “ရခိုင်ရပ်ကွက်နဲ့ ဘင်္ဂါလီရွာတွေအကြား စစ်သားတွေခြားထားပေမယ့် ဒီအမျိုးသမီးက ၀န်ထမ်းကတ်ပြပြီး ရပ်ကွက်ကိုဝင်လာတာ။ ပြီးမှ ဓာတ်ဆီလောင်းပြီး မီးရှို့တာ” ဟု ဆိုသည်။

အဆိုပါ အမျိုးသမီးမှာ ဘင်္ဂါလီလူမျိုးတဦးဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ရပ်ရွာနေ ပြည်သူများက အချိန်မီ မီးငြိမ်းနိုင်သည့်အတွက် ဘေးအိမ်များသို့ ကူးစက်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှ ရခိုင်အမျိုးသမီး မသီတာထွေးကို ဘင်္ဂါလီလူမျိုး ၃ ဦးမှ အဓမ္မပြုကျင့်၊ လူသတ်ကာ ပစ္စည်းများ လုယူသည်မှစတင်၍ အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်တွေမြို့နှင့် မောင်တောမြို့များတွင် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများ၊ မီးရှို့မှုများ နေရာအနှံ့ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပုဒ်မ ၁၄၄(ညမထွက်ရ) အမိန့် ထုတ်ပြန်ခဲ့သည်။

ယခုအခါ စစ်တွေမြို့ရှိ မီးလောင်ပြင်နေရာများကို လုံခြုံရေးတပ်ဖွဲ့များက စက်ယန္တရားနှင့် လူအင်အား အသုံးပြုပြီး ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကလည်း မကြာသေးမီက အဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်းတွင် လူပေါင်း ၉၀၀၀၀ ခန့် ဒုက္ခကြုံခဲ့ရပြီး စားနပ်ရိက္ခာလိုအပ်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စစ်တွေမြို့ ရွှေစေတီဘုန်းကြီးကျောင်းတွင်ပင် မီးလောင်ကျွမ်းမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ဒုက္ခသည်ဦးရေ ၁၂၀၀ ရှိကြောင်း၊ စောင်၊ ခြင်ထောင်နှင့် အ၀တ်အထည်များ လိုအပ်နေကြောင်း ရန်ကုန်မြို့မှ သွားရောက်ကူညီနေသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုကျော်စိုးနိုင်က ဆိုသည်။

“အားလုံးမီးထဲပါသွားပြီ။ အ၀တ်တထည် ကိုယ်တခု ပြေးလာတာများတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါဒုက္ခသည်စခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်နေကြောင်း၊ လူ ၁၂၀၀ အသုံးပြုရန် အိမ်သာ ၅ လုံးသာ ရှိပြီး ၀မ်းရောဂါများဖြစ်ပွားနိုင်သည့် အခြေအနေရှိကြောင်း ကိုကျော်စိုးနိုင်က ရှင်းပြသည်။

စစ်တွေမြို့၏ လက်ရှိအခြေအနေမှာ ပုံမှန်နီးပါး အခြေအနေရောက်ပြီဟု ပြောဆိုနေကြသော်လည်း ဈေးတချို့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Irrawaddy News

စက်လှေစီးဘင်္ဂါလီ ၂,၀၀၀ ကျော် စစ်တွေတွင် ခိုလှုံခွင့်တောင်းဆို
စိုးသန်းလင်း

အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ဘင်္ဂါလီလူမျိုး ၆၅ ရာခိုင်နှုန်းခန့်ရှိသည့်စစ်တွေမြို့ပေါ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် ဇွန်လ ၁၄ ရက်နေ့စာရင်းအရခိုလှုံသူဦးရေ နှစ်သောင်းခန့်ရှိသော အခြေအနေ၌ ဇွန်လ ၁၇ ရက်နေ့ ပင်လယ်ဝ ဆင်တက်မှော်ကျေးရွာအနီးတွင် သောင်တင်လျက်ရှိသည့် စက်လှေ၂၀ ခန့်တို့မှ ဘင်္ဂါလီ ၂,၀၀၀ ကျော်တို့ သည် စစ်တွေမြို့တွင် ခိုလှုံခွင့်တောင်းခံလာကြောင်း ဒေသအာဏာပိုင်တို့က စိစစ် ညှိနှိုင်းနေဆဲဖြစ်သည်။

"လောလောဆယ်မှာတော့ ခိုလှုံခွင့် ပေးရေး မပေးရေးအတွက် စိစစ်ညှိနှိုင်းနေဆဲပါပဲ။ အဲဒီဘင်္ဂါလီတွေဟာ စစ်တွေ မြို့ပေါ်ကနေ တိမ်းရှောင်သွားသူတွေလား၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်က အသစ်ထပ်ပြီး ၀င်လာသူတွေလားဆိုတာကိုလည်း သေသေချာချာ စိစစ်နေဆဲ ရှိပါသေးတယ်။ စက်လှေ ၂၀ လောက်မှာ ဘင်္ဂါလီလူမျိုး ၂,၀၆၂ ဦး ပါတယ်လို့ သိရပါတယ်။ လက်ရှိကတော့ သူတို့လှေ တွေဆီကို ဆန်တွေ ပို့ထားပါတယ်"ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

လောလောဆယ်၌မူ ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီတို့၏ မူလနေထိုင်ခဲ့ရာ ရပ်ကွက်များသို့ ပြန်လည်နေရာချရန် မသေချာလှကြောင်း၊ ထိုသို့ နေရာချထားရန်လည်း ခက်ခဲလှကြောင်း၊ ယာယီစခန်း တစ်ခု တည်ဆောက်ဖို့ စီစဉ်နေကြောင်း အာဏာပိုင်တစ်ဦးက ပြောသည်။

"သဲချောင်းက ဘင်္ဂါလီတွေကို စစ်တွေ မြို့ပေါ်က မူလနေရာတွေမှာ ပြန်ထားဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။ ဒါကို အချိန်ယူ ညှိနှိုင်းကြရမှာပါ။ လောလောဆယ်မှာတော့ အခုလက်ရှိ ဒုက္ခသည် စခန်းဖြစ်တဲ့ သဲချောင်းရွာနဲ့ စစ်တွေ တက္ကသိုလ်ကြားမှာ တဲတွေ ထိုးပြီး ယာယီ စခန်းတစ်ခု ဆောက်သွားဖို့ စီစဉ်နေပါတယ်။ သူတို့အားလုံးကို အဲဒီမှာပဲ စုထားဦးမှာပါ"ဟု ဗိုလ်မှူးကြီးထိန်လင်းက ပြောသည်။ myanmar Times
ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကူညီရန် ကြွချီလာသော ဆရာတော်ဘုရားများ
ရခိုင်ပြည်နယ်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် Air Mandalay လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသော အလိုတော်ပြည့်ဆရာတော်ဘုရားကြီး

(ရခိုင်ပြည်နယ်တွင် သွားရောက်သတင်းရယူနေသော CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့သည်)

Venerable A Lo Taw Pyae Sayardaw has arrived to Sittwe on June 25, 2012, at 9:30am with Air Mandalay Flight to help the victims in Rakhine State.

(A CJ from CJ Myanmar in Rakhine reported this news)
Photo: ရခိုင်ပြည်နယ်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် Air Mandalay လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသော အလိုတော်ပြည့်ဆရာတော်ဘုရားကြီး (ရခိုင်ပြည်နယ်တွင် သွားရောက်သတင်းရယူနေသော CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့သည်) Venerable A Lo Taw Pyae Sayardaw has arrived to Sittwe on June 25, 2012, at 9:30am with Air Mandalay Flight to help the victims in Rakhine State. (A CJ from CJ Myanmar in Rakhine reported this news)
Photo: ရခိုင်ပြည်နယ်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မြန်မာ့လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မကြီးကျွန်းရွာဇာတိ တိပိဋကဓရဘွဲ့ရဆရာတော် ဦးအိန္ဒပါလ (ရခိုင်ပြည်နယ်တွင် သွားရောက်သတင်းရယူနေသော CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့သည်)
ရိုဟင်ဂျာပြဿနာ

အမှန်က ရိုဟင်ဂျာပြဿနာ က ဘင်္ဂါလီတွေ မြန်မာပြည်ထဲကို ခိုးဝင်လာတဲ့ (လ၀က) ပြဿနာပါပဲ။
ဘယ်နိုင်ငံမှာ မဆို တိုင်းပြည်ထဲ ခိုးဝင်လာတဲ့ နိုင်ငံခြားသားကို (လ၀က) Immigration Law နဲ့ဖမ်းပြီးထောင်ထဲ ထဲ့ကြတာပဲ။
ဂျပန်ပြည်မှာလည်း ရထားပေါ်မှာ ဗမာလိုပြောနေရင် လက်မှတ်တောင်းပြီး (O) လို့ခေါ်တဲ့ Overstay ဆိုရင် ဖမ်းသွားပြီး (လ၀က) အချုပ်ထဲထဲ့တာပဲ။
တရုတ်ထောင်တွေက တော့ နံမည်ကြီးလို့ နိုင်ငံခြားသားတွေ Overstay မနေရဲကြဖူး။ ဒါတောင် လွန်ခဲ့တဲ့ လ က ဘေချင်းမှာ နိုင်ငံခြားသားတွေဖမ်းတဲ့ စစ်ဆင်ရေးလုပ်တယ်လို့ သတင်းထဲမှာဖတ်ရတယ်။

ရခိုင်ပြည်နယ်အတွင်း ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ကူညီထောက်ပံ့လှုဒါန်းမှုများကို ၈၈မျိုးဆက်ကျောင်းသားများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဇွန်လ၊၂၃ ရက် နံနက်ပိုင်းတွင် အမှတ်(၂၁၄)ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့နေ ကိုကျော်စိုးအောင် က အ၀တ်အထည်(တန်ဖိုးငွေ ၂၇ သိန်းကျော်) နှင့်ငွေကျပ် ၇၅သိန်းတိတိတို့ကို ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ လာရောက်လှုဒါန်းသွားသည်။
ရခိုင်ပြည်နယ်အတွင်း ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ကူညီထောက်ပံ့လှုဒါန်းမှုများကို ၈၈မျိုးဆက်ကျောင်းသားများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဇွန်လ၊၂၃ ရက် နံနက်ပိုင်းတွင် အမှတ်(၂၁၄)ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့နေ ကိုကျော်စိုးအောင် က အ၀တ်အထည်(တန်ဖိုးငွေ ၂၇ သိန်းကျော်) နှင့်ငွေကျပ် ၇၅သိန်းတိတိတို့ကို ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ လာရောက်လှုဒါန်းသွားသည်။
Photo: ရခိုင်ပြည်နယ်အတွင်း ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ကူညီထောက်ပံ့လှုဒါန်းမှုများကို ၈၈မျိုးဆက်ကျောင်းသားများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဇွန်လ၊၂၃ ရက် နံနက်ပိုင်းတွင် အမှတ်(၂၁၄)ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့နေ ကိုကျော်စိုးအောင် က အ၀တ်အထည်(တန်ဖိုးငွေ ၂၇ သိန်းကျော်) နှင့်ငွေကျပ် ၇၅သိန်းတိတိတို့ကို ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ လာရောက်လှုဒါန်းသွားသည်။

0 ကွန်မန့်ရေးရန်:

Post a Comment