Thursday, June 28, 2012

ငြိမ်းချမ်းရေး အတွက် ဘာလိုလဲ။


 ငြိမ်းချမ်းရေး အတွက် ဘာလိုလဲ။
ငြိမ်းချမ်းရေးဆိုတာ
စစ်ဖြစ်နေတာကို
အရင် ပြောရရင်....။

စစ်တလင်းကို
ရေရှည်ခင်းပြီး
ဘဏ္ဍာကိုထိုင်ဖြုန်း
အောက်လက်ငယ်သား
သူရော ကိုယ်လည်း
ကောင်းကောင်းမအိပ်ရ
ကောင်းကောင်းမစားရ
ကောင်းကောင်း
မနေရ
အထက်လူတွေ ပြောချင်တယ်
စစ်တလင်းကို
ရေရျည်ခင်းလို့
ညှိမရအကဲပို
အဆဲအဆိုတွေနဲ့
ပစ်ခတ် မရပ်သေးသ၍...
ကဲပြောဦးမယ်...
တိုင်းပြည်အတွက်
အကောင်းအဆိုး မသိ
အကြောင်းအကျိုး မညှိ
အမျှေိာအမြင် မရှိ
ဘဏ္ဍာထိုင်ဖြုန်းး
လူ့ နလပိန်းတုန်း
နားချလို့မရ
ကလေကဝ
ပို၍ပို၍ ဇာတိပြ
လူ့ အနတ္တ
ပြည်သူတွေ ပဋာမြေလူးလူး
အပြုံးမပျက်တဲ့ စစ်ဘီလူး
ချမ်းသာသမျှ
ကိုယ်လည်းမရ
ကောက်ရိုးပုံက
ချိုနေကြသရွေ့
ပြာပုံတွေလူးနေဦးမယ်သူတွေ

အဲလိုလူတွေ
အသိမရသရွေ့
တိုင်းပြည်ရဲ့ ငယ်ထိပ်
ရင်ထိပ်ထိပ်နဲ့
ရှိသမျှလည်းပြောင်
ကြည့်လေရာလဲ မှောင်
ယောင်တောင်တောင်နဲ့
သယံဇာတတွေ 
တရပ်တပါးရောက်
လွင်ထီးခေါင်မှာ
ငေါင်နေရမယ့် အဖြစ်
အခန့်မသင့်ရင်
ခေတ်သစ်ကျွန်တွေ ဖြစ်ကြရော့မယ်
အမောင်မင်းတို့က
ပလာတာတွေ
ထွေးထုတ်နေတုန်း
(အရသာမှ မသိတာ)
စောင်းသံကြားတိုင်း
နားပိတ်နေတုန်း
(ဂီတမှ မသိတာ)
----------
ကဲ.......
ငြိမ်းချမ်းရေး
လမ်းခင်းပေး
ပြိုင်တူ တွန်းရွှေ့လိုက်ကြ
ငြိမ်းချမ်းရေး
လမ်းမပေါက်သေး
စစ်ဘီလူးတွေ
မသေ သေးသမျှ....။
ငြိမ်းချမ်းရေး
အလှမ်းဝေး
ကိုယ်နှင့်မဆိုင်သလို
နေနိုင်သူတွေ ရှိနေသမျှ....။

ငြိမ်းချမ်းရေး..
အလှမ်းမဝေး..ရေး
အားလုံး တူညီ
လက်တွဲ ဝိုင်းဝန်းပေး
စစ်သည်မောင်တို့
တိုင်းရင်းဆွေတို့
ပြည့်အင်အားတို့
မောင်ကျောင်းသားတို့
လုပ်သား အထွေတို့
လှည်းနေ လှေအောင်း
မြင်းဇောင်းမကျန်
အသိတရား မှန်ရင်
ဝိုင်းကြပါတော့
ကူကြပါတော့
စာနာစိတ်ထွေး
နူးညံ့ပေးလို့
သူဖြစ်လည်း ငါနာ
ငါဖြစ်လည်း သူနာ
တိုင်းပြည်ရဲ့ ကိုယ်
ဘယ်တပြန်
ညာတပြန်
လှန်ခုတ်နေတယ်
ကိုယ့်လက်တွေပဲ...
သိခဲ့တဲ့အခါ
ရပ်လိုက်ပါတော့ စစ်တွေ
ငြိမ်းလိုက်ပါတော့ မီးတွေ
ကမ်းလိုက်ပါတော့ လက်တွေ
ကြိုလိုက်ပါတော့ သပြေပန်းတွေ
လွတ်လိုက်ပါတော့ ချိုး(ဂျိုး)တွေ
ဝေလိုက်ပါတော့ သံလွင်ခက်တွေ
ရေမြေတွေ မပျက်သူန်းခင်
အခြေအနေတွေ ကမ္ဘာမဆုံးခင်
တစ်ကနေပြန်စဖို့
အရာရာ နောက်မကျသေးခင်
နာရီတွေ လည်နေတာမြင်ရင်
အချိန်တွေရှိသေးတယ် ဆိုတာ
နှစ်ဦးနှစ်ဘက်
သွေးမထွက်ပဲ
လက်ရည်တပြင်တည်း
သွေးနှီးလိုက်ပါတော့....။

------------------------------------------------------------------------------
ထပ်ဆင့်ဝေငှခြင်းမျှသာဖြစ်ပါကြောင်း။

0 ကွန်မန့်ရေးရန်:

Post a Comment