Friday, June 1, 2012

Huawei C8812 Review

Inbox
x

Haroon roon.ha@gmail.com
1:25 AM (23 hours ago)

to ဦးဦး

5 days ago
5 days ago


1 day ago
1 day ago


1 day ago
1 day ago

မနေ့ ကမှ ကျနော် ဒီဖုန်းလေးကို ၀ယ်လိုက်ပါတယ်။ ထွက်တာမှ ရက်ပိုင်းလေးပဲရှိသေးတယ်ဆိုလား သိရပါတယ်။
1 day ago
1 day ago


ပြီးတော့ လက်စွမ်းရှိသလောက်ကလိကြည့်တော့ အတော်လေးကောင်းတာကိုတွေ့ ရပါတယ်။




Phone Specifications


NETWORK :

CDMA 800 Mhz
(  730,731,732 etc
)
SINGLE SIM CARD

OS :
Android 4.0.3
(Official IceCream Sandwich ROM with most of the Chinese apps removable)

PROCESSOR

CPU : 1.01 Ghz (ARM v7 Processor)

MEMORY

Internal Memory : 756 MB
Internal SD Card : 2Gb
External SD Card : MicroSD upto 32Gb

SCREEN

Resolution : 480x800

CAMERA

Front : 0.3MP
Back : 3.2 MP (NO Flash, NO AutoFocus)

BATTERY
Capacity : 1350mAH

AUDIO
Speakers : Moderate Quality
Jack : 3.5 mm Jack

PACKAGE DETAIL :1x Charger
1x USB Cable
2x Batteries
1x Earphone
Guides in Chinese Language


ROOTING
ပထမဆုံး ကျနော် ဖုန်းကို ရရချင်းလုပ်တာကတော့ Myanmar font သွင်းခြင်းပါ။ သွင်းပုံသွင်းနည်းက U8661 နဲ့ တူတူပါပဲ။
FastBoot Mode ကနေ SuperRoot ကို Flash လုပ်ရတာပါ။
ဒါပေမယ့် သူ့ အတွက် ClockWorkMod recovery ကိုတော့ အင်တာနက်က Chinese websites တွေကနေ မနည်းရှာမှပဲ နောက်ဆုံးတွေ့ ပါတယ်။

Myanmar font ကိုတော့ Myanmar mobile apps က ဒေါင်းထားတဲ့ Font Changer သုံးပြီး ပြောင်းပါတယ်။
OS ကြောင့်လားတော့ မသိဘူး မြန်မာစာတွေက Gmail မှာ အပြင်ကကြည့်ရင် ကောင်းပေမယ့် မေးလ်ကို ဖွင့်လိုက်ရင် စောက်တလွဲတွေ ဖြစ်ကုန်ပါတယ်။
ဥပမာ - ချစ်ချစ်ခင်ခင်လို့ ပေးထားတဲ့ မေးလ်ခေါင်းစဉ်က ကြည့်ရင်အကောင်း ဖွင့်လိုက်တော့မှ ချစ်ချစ်ခခင်င်  ဆိုပြီးဖြစ်သွားပါတယ်။
ICS သုံးတဲ့သူများ မြန်မာဖောင့်က ဒီလိုပဲဖြစ်သလားသိချင်ပါတယ်။

Tech : U8860 မှာလိုပဲ ဒီဖုန်းမှာလဲ pink screen ပါပါတယ်။


HUAWEI AND GOOGLE
Huawei ဖုန်းဆိုတဲ့ အတိုင်း Google နဲ့ ပတ်သက်တဲ့ apps ဘာတစ်ခုမှမပါလာပါဘူး။
ဒီတော့ Gapps for ICS ကို ဒေါင်းလုပ်လုပ်ပြီးမှ recovery ကနေ install လုပ်ပါတယ်။
ဒီလိုလုပ်လိုက်မှပဲ ဖုန်းထဲက Accounts & Sync ထဲမှာ Google Account ကို setup လုပ်လို့ ရသွားပါတယ်။

Gmail App ကိုတော့ 1MobileMarket ကနေ ဒေါင်းပြီးသွင်းပါတယ်။
ICS အတွက်ထုတ်ထားတဲ့ Gmail က လန်းတော့လန်းပါတယ်။ ဒါပေမယ့် တချို့ ဟာတွေကို မကြိုက်ပါ။
ဥပမာ ၁၀၀၀ ကျော်သွားတဲ့ Mail Label ကို 999+ လို့ ပဲ ပြတာမျိုး။
MailBox မှာ Subject က ပိစိကွေးလေးဖြစ်နေပြီး အထဲက Contents preview က နည်နည်းပိုကြီးနေတာမျိုးတွေကိုပါ။

Gtalk ကတော့ လန်းသွားပါတယ်။ အကောင့်ကိုလည်း အရင်လို Primary account တစ်ခုတည်းပဲ သုံးလို့ ရတာမျိုးမဟုတ်တော့ပဲ
ထည့်ထားသမျှအကောင့်တွေကို တစ်လှည့်စီသို့ တစ်ပြိုင်နက်သုံးလို့ ရပါတယ်။


PERFORMANCE
ွှTouch က Capacitive multi-touch ပါ။ သုံးရတာ အဆင်ပြေချောမွေ့ ပါတယ်။ ဖုန်းခေါ်တာတွေဘာတွေလည်း အကုန် အသံကြည်လင်ပါတယ်။
ဒီဖုန်းက ပေးရတဲ့ ဈေးနဲ့ သုံးရတာ တန်တယ်လို့ ပြောလို့ ရပါတယ်။ စီပီယူကလည်း Single Core ဆိုပေမယ့် သုံးရတာ ငြိမ်ပါတယ်။
ICS ကိုလည်း ကောင်းကောင်း သုံးလို့ ရပါတယ်။ Internal Memory က များတော့ အရင်ဖုန်းတွေလို application နေရာမလောက်မှာကို စိုးရိမ်စရာမလို တော့ပါဘူး။
တစ်ခုမကောင်းတာကတော့ RAM ပမာဏ အနည်းငယ်နည်းတာပါ။
387 Mb ပဲရှိပါတယ်။ C8800 တောင်ဒီထက်များပါတယ်။


SPECIAL FEATURES

ဒီဖုန်းမှာ ကျနော်အရမ်းကြိုက်သွားတာ တစ်ခုကတော့ မျက်နှာနဲ့ unlock လုပ်ရတဲ့ faceunlock feature ပါ။ Iphone သမားတွေအတွက်တော့ သိပ်အထူးအဆန်းမဟုတ်ပေမယ့် ကျနော့်အတွက်တော့ အဆန်းကြီးဖြစ်နေတာပေါ့ဗျာ။
မျက်နှာကို ဖုန်းရှေ့ပြလိုက်တာနဲ့ unlock ဖြစ်သွားတာပေါ့။
တကယ်လဲ ကောင်းကောင်းအလုပ်လုပ်ပါတယ်။ ပြီးတော့ ကိုယ့်ပုံကို ဖုန်းက ကောင်းကောင်းမှတ်မိအောင် နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ လည်း ထပ်ပြီး ရိုက်ယူးထားနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်နဲ့ ရုပ်ခပ်ဆင်ဆင် လူတယောက်ကိုင်ရင်လည်း ပွင့်ချင်ပွင့်သွားနိုင်ပါတယ်။ ကိုယ့်ဓာတ်ပုံပြရင်လည်း ပွင့်သွားပါတယ်။(ကောင်းရော !)
အကြောင်းတစ်ခုခုကြောင့် face နဲ့ unlock လုပ်မရမှာ အတွက်လည်း PIN or PATTERN lock ပါထားထားလို့ ရပါတယ်။ (secondary unlocking option ပေါ့)

နောက်တစ်ခုက
Huawei ရဲ့ Cloud Storage မှာ 15 Gb စာလောက်သိမ်းထားလို့ ရတယ်လို့ ဖတ်ရပါတယ်။ ဒီက ကွန်နက်ရှင်နဲ့ တော့ အဆင်ပြေမယ်မထင်ပါ။


INTERNET BROWSING
ဒီဖုန်းမှာ Internet သုံးတာကတော့ တခြားဖုန်းတွေနဲ့ သိပ်ပြီး ထူးထူးခြားခြားကွာသွားတာတော့မရှိပါဘူး။  အခုတလော ၇၃ အင်တာနက်ကတော်တော်လေး မြန်လာတာတော့ ကိုယ်တိုင်သုံးနေတာမို့ သတိထားမိပါတယ်။
Gtalk ထဲကို Talk application က ၀င်ရင် အလွန်ဆုံး စက္ကန့် သုံးဆယ်ပဲကြာပါတယ်။ (ဒါက အရင် C8800 ဖုန်းနဲ့ လည်း ဒီတိုင်းပါပဲ။)
Download Speed က 18kbps ကနေ တခါတလေ 60 kbps အထိရပါတယ်။
သူ့ မှာပါတဲ့ stock browser ကလည်း မခေပါဘူး။ Save page for offline use စတဲ့ feature အသစ်တွေပါလာပါတယ်။

Internet သုံးရတာ အတော်လေး အဆင်ပြေတဲ့ browser ကတော့ Dolphin Browser Mini ပါ။ မြန်လဲ မြန်ပြီး ပေါ့လဲ တော်တော်ပေါ့ပါတယ်။ Memory ကလည်း အလွန်ဆုံးမှ 80mb လောက်ပဲစားပါတယ်။ (ကျနော်သုံးကြည့်တဲ့ တလျောက်ပြောတာပါ။)
Maxthon Browser တို့ Opera တို့ မှာ Gmail မတက်တဲ့ အချိန် DBM နဲ့ က အေးအေးဆေးဆေးတက်လာပါတယ်။



COMPARISM WITH  C8800



Plus Points Of C8812 over C8800

- CPU speed is faster. (better performance)
- Latest Android OS (IceCream Sandwich)
- Front Camera
- Great amount of Internal Memory (756 Mb, C8800 has only 170 Mb)
- Internal SD Card (2Gb, C8800 has only 17mb internal storage)
- Better graphics performance. (Can play 3d games which can't be run on C8800)
- Bigger display (C8812 : 4.0" screen, C8800 : 3.8" screen)
- Android IceCreamSandwich features (such as FaceLock, FastBoot, etc)


Minus Points of C8812 over C8800

- 5 Megapixel Camera with Flash, AutoFocus and "Macro" feature.
(Macro ဆိုတာ အနီးကပ် အနုစိတ်ရိုက်နိုင်တဲ့ option ကိုပြောတာပါ။ ပုံတွေကို အနီးကပ်ပြီးရိုက်တာမှာ တော်တော်လေးကြည်ပါတယ်။)
(C8812 ရဲ့ camera ကလည်း 3.2 MP ပဲဆိုပေမယ့်အရမ်းကြီးတော့ မဆိုးရွားပါဘူး။ ကြည့်ကောင်းတဲ့ ပုံတွေရိုက်လို့ ရပါသေးတယ်။)

- C8800 မှာ SD card slot ကို ဖုန်းပါဝါမပိတ်ပဲ ထုတ်လို့ ရအောင် ဘေးနားမှာထားထားပေးပါတယ်။ ဒီဖုန်းမှာက အထဲမှာဖြစ်နေပါတယ်။
- လောလောဆယ်မှာ C8800 အတွက် ကာဗာ, screenguard, original box အစုံအလင်ဈေးကွက်ထဲမှာရှိပါတယ်။ C8812 အတွက်မရောက်သေးပါ။
- RAM ပမာဏ ပိုများပါတယ်။
- Battery capacity of C8800 = 1500 mAH, that of C8812 is 1350mAH,
(CPU speed က တိုးလာပေမယ့် battery capacity က ပိုနည်းသွားတော့ ဘက်ထရီကုန်တာ C8812 က ပိုမြန်မယ်ထင်ပါတယ်။)



C8810 ကတော့ C8800 နဲ့ camera flash ပါတာ မပါတာ လောက်ပဲ ကွာပါတယ်။ ဒါကြောင့် C8810 နဲ့ ပါ ထပ်ပြီး compare လုပ်မပြတော့တာပါ။



Conclusion

ကျနော့် အမြင်အရပြောရရင် CDMA touch ဖုန်းကောင်းကောင်းသုံးချင်တဲ့လူတော့ ဒီဖုန်းကိုဝယ်ပါလို့ အကြံပြုပါတယ်။
လေ့လာမိရသလောက် CDMA line အတွက် တရားဝင် IceCream Sandwich နဲ့ ထွက်တာ ဒီဖုန်းက ပထမဆုံးပါတဲ့။


ဂိမ်းများများကစားချင်တဲ့ သူက ဒီဖုန်းကိုရွေးပါ။
Camera ကောင်းကောင်းရိုက်ချင်တဲ့သူတွေကတော့ C8800 ကိုရွေးပါ။





ဒီဖုန်းကို နောက်ထပ်ကလိစရာတွေ အများကြီးကျန်ပါသေးတယ်။ အခုလောလောဆယ်တော့ ဒီလောက်ပဲ ကလိရသေးလို့ ခွင့်လွှတ်ပါ။ ;)
နောက်ထပ် video call ကို စမ်းဖို့ က ဘာဆော့ဖ်ဝဲလ်နဲ့ စမ်းရမလဲ မသိသေးလို့ ပါ။ သိတဲ့ လူရှိရင် မျှပေးပါ။


ဒါနဲ့ ဒီဖုန်းရဲ့ ဈေးက 14000 ပါ။


မှားလို့ ။ 
140000 ပြောတာ စိတ်ကူးယဉ်တာ မလောနဲ့ ဦး။ :P






Regards,
Haroon1992

--
God is great!

11 ကွန်မန့်ရေးရန်:

CWM recovery file and install step plz

C8812 Browser မှာ မြန်မာလိုပေါ်တာ လွဲနေပါတယ်

Can i remove Original Chinese Application in Hauwei C8812 like enavi,estore,Ct Client,egames,etc....?????
Coz they are always running in background and it will reduce the RAM capacity. I am afraid phone will damage if this application were removed...plz reply me...thz :)

gapp ကိုဘယ်လိုယူပြီး ဘယ်လိုအင်စတော လုပ်ရပါလဲခင်ဗျာ...
ကျွန်တော့်ဖုန်းမှာ gtalk ပါမလာပါဘူး...
c8812 ပါပဲ...

Dear bro,
Could you kindly share the capos for ICS and clockwork mode recovery for this phone.
thetsun@gmail.com

Your respectfully,
Myo

could you kindly share the gapps for ICS link.
Thanks

ကိုပဲလေးပြောတဲ့ Gapps for ICS ကအများကြီးရှိတာ ။ ကိုပဲလေးက ဘယ်ဟာနဲ့ အဆင်ပြေသွားလဲဆိုတာ link လေးပြောပါ့လားဗျာ

ကိုပဲလေးခင်ဗျာဈေးနှုန်းလေးပြောပါပေးပါခင်ဗျာj

ကိုပဲလေးခင်ဗျာဈေးနှုန်းလေးပြောပါပေးပါခင်ဗျာj

bro, i also want to install gapps, but i can't enter recovery mode..... plz, tell me how to enter recovery mode

can i get cwm recovery software for c8812
Plz,share me.

Post a Comment