Friday, June 1, 2012

ကွမ်တန်း၊ တနင်ဂါနူး ၊ လ၀က စခန်းမှာ လေဖြတ်ပြီး ဒုက္ခရောက်နေရှာတဲ့ မော်လမြိုင်သား “ ဦးစိုး”



             ကျွန်တော်ဒီနေ့ မိတ်ဆွေဒီနိုင်ငံသားတယောက်ကဘာသာပြန်ပေးဖို့အကူအညီတောင်းလို့ Quantan
ပြည်နယ် ရဲ့Taninganu အရပ်မှာရှိတဲ့ မလေးရှား လ၊၀၊က ရဲ့ ထိမ်းသိမ်းရေးစခန်း(Camp) ကိုရောက်ခဲ့ပါတယ် ။
သွားခဲ့တဲ့ကိစ္စရင်းကတော့ မှားယွင်းဖမ်းခံရတဲ့သူကိုသွားပြန်ရွေးထုတ်တာပါ ။ အဲဒီကိစ္စတွေလုပ်ပေးရင်း နဲ့
ဟိုဟိုဒီဒီစပ်စုကြည့်ရာကနေ  ခုလိုစိတ်မကောင်းစရာကိစ္စရပ်တွေ သိလာခဲ့ရပါတော့တယ် ။
          ကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်းကတော့ အသက်အားဖြင့် ၅၀ကျော် ၆၀ ၀န်းကျင်လောက် ရှိနေပြီဖြစ်
တဲ့လူကြီးတယောက်လူနာထိုင်ကုလားထိုင်လှည်း( Wheel Chair )နဲ့အဲဒီ(Camp)တွင်းမှာတွေ့လိုက်ရလို့ပဲဖြစ်ပါ
တယ်။ကိုယ်မိဘအရွယ် ဦးလေးသားချင်းအရွယ်ဖြစ်လို့စာနာစိတ်၊စိတ်မကောင်းတဲ့စိတ်တွေနဲ့ သူ့အဖြစ်အပျက်
ကို မေးမြန်းစုံစမ်းကြည့်မိပါတယ် ။
          ဦးလေး နေကောင်းလား ၊ …………………….၊  ကျွန်တော်အမေးကိုသူနှုတ်ကပြန်လည်ဖြေကြားနိုင်စွမ်း
မရှိပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ ၊ သူက လေဖြတ်ခံထားရလို့ပါပဲ ၊ ခေါင်းကိုအားယူညိတ်ပြ လို့ ကျွန်တော်
မေးတာကိုသူသိကြောင်းနားလည်ရပါတယ် ၊ အဲဒီလိုမေးလို့မရတော့မှကျွန်တော်ရဲ့ သိချင်တဲ့စိတ်တွေကပိုမိုလို့
လာပါတော့တယ်။ ဦးလေး ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ ၊………………..ကျွန်တော်ကစကားမပြောနိုင်
သောသူကိုမှသိလိုဇောနဲ့ထပ်မံမေးမိနေပြန်ပါတယ် ၊
          အကိုရေ   “ အဘက ဒီရောက်တာ (၃)နှစ်လောက်ရှိပြီလို့ပြောကြတယ် ၊ ကျွန်တော်တို့ကလူသစ်တွေ
ဆိုတော့တဆင့်စကားတဆင့်ပဲကြားရတာ” ၊လို့ ဘေးက ညီငယ်တယောက်က ၀င်ပြီးကူညီဖြေကြားပေးတယ် ၊
ဒီမှာတင် ကျွန်တော်ကလဲ သူကဘယ်မြို့ကဆိုတာရော ညီလေးသိသလား လို့မေးတော့ အင်းမော်လမြိုင် က
လို့တော့ပြောတာကြားဘူးတယ် အကိုရေ လို့ဖြေပါတယ် ၊ ဒီမှာတင် အဲဒီဦးလေးကြီးက ဟုတ်မှန်ကြောင်းအား
ယူပြီး ခေါင်းကိုညိမ့်ပြနေပါတယ် ။
          ကျွန်တော်လဲ အကြံရပြီး ပါလာတဲ့ဘောပင်နဲ့စာအုပ်ကိုထုတ်လို့ သူ့နာမည်ကိုရေးခိုင်းတော့ လေဖြတ်
နေလို့ မသန်စွမ်းတဲ့ကြားကနေ  ကြိုးစားပန်းစားရေးပြခဲ့လို့ ၊ သူဟာ  “ ဦးစိုး ” မော်လမြိုင်ကဆိုတာထပ်သိ
လာခဲ့၇တယ် ၊ မော်လမြိုင်မြို့ပေါ်ကဆိုရင် လက်ညှိုးတချောင်းထောင်ပြပါဆိုတော့ ၊လက်ညှိုးတချောင်းကိုအား
ယူထောင်ပြခဲ့ပါတယ် ၊ ဆက်သွယ်ဖို့ဖုန်းနံပတ်ရေးခိုင်းတော့သူမရေးနိုင်တော့ဘူး၊ဘယ်လိုမှကိုမေ၇းနိုင်တော့
ဘူး ၊ ဒီမှာတင်ကျွန်တော်ကဥာဏ်ကူလို့  ၁၊၂၊၃၊ ၄၊….၉.၀ အထိရေးထားပြီး ဆက်သွယ်လို့ရမဲ့ ဖုန်းနံပတ်ကိုရွေး
ခိုင်းတော့   ၁..၁….၂…၄..၅  လို့ရွေးပြတယ် ၊ ထပ်ပြီးရွတ်ပြပြီး မှန်မမှန်မေးတော့မှန်တဲ့အကြောင်း အမူအယာ
ပြတယ် ။ ဒီနောက်ဆက်သွယ်နိုင်မဲ့သူမရှိဘူးလားလို့မေးကြည့်တော့ “သား”တယောက်ရှိတယ်ဆိုတဲ့အထိသာ
ပြောနိုင်ပါတော့တယ် ။ ဆက်မေးလို့လဲ မပြောနိုင်တော့ ရေးလဲမရေးနိုင်နဲ့ခြေကုန်လက်ပမ်းကျသွားပြီ ။ သူနဲ့
ပတ်သက်တဲ့ Camp က အချက်အလက်ဆိုရင်လဲ   Body No . 0097 /11  ,  Blok –F  , Tanninganu  ,နဲ့
နာမည် Ulatery Bin Mauchik ဆိုတာလောက်ပဲ သိရတယ်သူ့ကိုအရေးတယူမေးနေတဲ့အချိန်မှာသူကျွန်တော်
ကိုနှုတ်မှစကားဖွင့်လို့မပြောနိုင်ပေမဲ့ “ ငါ့တူရယ် ဖြစ်နိုင်ရင် ငါ့ကိုကယ်ပါကွာ ၊ ငါဒီအထဲမှာဘယ်လောက်ထိနေ
နေရမှာလဲကွာ ”လို့ အဓိပါယ်ရတဲ့သူ့မျက်လုံးတွေက အားကိုးတကြီးနဲ့ကြည့်နေရှာတယ်။
          ခက်တာက သူအကြောင်းကိုစေ့ငုဃင စွာပြောနိုင်မဲ့ သူနဲ့အတူတူထောင်ကျဖော်ကျဖက်တွေကအသီး
သီးအပြင်ကိုရောက်တဲ့သူရောက် ၊မြန်မာပြည်ပြန်တဲ့သူကပြန်နဲ့ဆိုတော့ သူ့ကိုယ်စားသူ့အကြောင်းပြောနိုင်တဲ့
သူက မရှိတော့ဘူးလေ၊ မြန်မာပြည်ကို“ CI ” လျှောက်ပြီးပြန်မယ် ဆိုပြန်တော့လဲ လိုအပ်တဲ့ (၁) မှတ်ပုံတင်နံ
ပတ် တို့၊ အိမ်ထောင်စုစာရင်းမိတ္တူ တို့ ၊ နေရပ်လိပ်စာတို့ ၊၇ပ်ကွက်ထောက်ခံစာတို့ ဘယ်လိုမှမေးမြန်း လို့မရ
တော့တဲ့ အနေအထားဗျာ ၊
          သက်ရွယ် အိုကြီးအိုမအရွယ်ကျကာမှ ကျန်းမာရေးကမကောင်း ၊ ကင့်ပ် ထဲမှာဆိုတော့ မိသားစုလိုပြုစု
ယုယမဲ့သူမရှိ ၊ လွတ်ရက်ကလဲ မသိ ၊မရှိ နဲ့အတော်ကလေးဒုက္ခရောက်နေရှာတယ်ဗျာ၊အပြန်လမ်းတလျှောက်
လုံး ကျွန်တော်အတွေးထဲမှာ သူအကြောင်းပဲလုံးလည်ခြာလည်လိုက်နေတော့တယ်။ကျွန်တော်ကတော့ပြသနာ
ရှိရင် အဖြေရှိ၇မယ် လို့ယုံကြည်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တယောက်ထဲတော့ ဖြေရှင်းလို့မရနှိုင်ဘူး ၊ ဒါ
ကြောင့် အားလုံးကိုအသိပေးရင်းနဲ့ ၀ိုင်းဝန်းအဖြေရှာပေးကြဖို့မေတ္တာရပ်ခံလိုပါတယ် ။ ကျွန်တော်လည်း ရသမျှ
အချိန်ကလေးမှာ ရတဲ့အခွင့်အေ၇းလေးကိုအသုံးချလို့ ( လ၊၀၊က )တွေအလစ်မှာ ဓာတ်ပုံရိုက်ယူလာခဲ့တယ် ။
အောက်မှာဖော်ပြတဲ့ပုံက ဒီနေ့ ( ၃၀-၅-၂၀၁၂ )ဗုဒ္ဒဟူးနေ့ မှာရိုက်ယူခဲ့တဲ့ သူ ( ဦးစိုး - မော်လမြိုင် ) ရဲ့ဓာတ်ပုံ
ပဲဖြစ်ပါတယ် ၊ မော်လမြိုင်မှ လာရောက်လုပ်ကိုင်ကြတဲ့သူတွေ ၊ သူနဲ့ အတူတူ အလုပ်လုပ်ကိုင်ဘူးခဲ့တဲ့သူတွေ ၊
သူအကြောင်းသိတဲ့သူတွေ ၊ ကိုယ်၏စောင့်မခြင်း ၊ နှုတ်၏စောင်မခြင်း နဲ့ကူညီကြစေလိုပါတယ် ၊ ကျွန်တော်တို့
တိုင်းတပါးမှာ ကိုယ်အမျိုးကိုယ်စောင့်ရှောက်ဖို့ အထူးပဲလိုအပ်လှပါတယ် ။ အကယ်၍ ဒီစာကိုဖတ်ရှုမိပြီး သူ့ကို
မှတ်မိကြသူများ ကျွန်တော်ထံ ဖုံးဆက်အကြောင်းကြားနိုင်ဖို့ ဖုံးနံပတ် နဲ့ဆက်သွယ်၇န်အီးမေးလ် ကိုတပါတည်း
ဖော်ပြပေးထားပါတယ် ။
          နောက်ဆုံးပြောချင်တာလေးကတော့ ၊ ကျွန်တော်ဟာ အမှုပွဲစားလုပ်စားတာမဟုတ်သလို ၊ ကျွန်တော်
နဲ့လဲဆွေနီးမျိုးစပ်တော်စပ်ခြင်းလဲမရှိပါ ။ ဒါပေမဲ့ လူကျင့်ဝတ်အရ ကင်မ့်ထဲမှာနှစ်ရှည်လများဒုက္ခ အမှန်တကယ်
ရောက်နေတဲ့သူကို အပြင်မှာရှိနေတဲ့လွတ်လပ်နေတဲ့ကျွန်တော်တို့တတွေ တဖက်တလမ်းက ကူညီကြရ အောင်
လားဗျာ။ ကျွန်တော် အိမ်ပြန်ရောက်ရောက်ခြင်း သူ့ပေးထားတဲ့မော်လမြိုင်ဖုံးနံပတ်ကိုဆက်သွယ်ကြည့်ပါသေး
တယ်၊ ညဖြစ်နေလို့ပဲလားတော့မသိဘူးမကိုင်ပါ။ အထူးသဖြင့် နီးစပ်ရာ မော်လမြိုင်သူ ၊ မော်လမြိုင်သားများ ၊
ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြစေလိုပါတယ်

ကိုမျိုး              ဖုံး  - ၀၁ရ -၃၀၇၄ ၆၂၂ 
                     email: myon2962@gmail.com
         
    
       Tanninganu Immigration Detention Centre တွင်
               တွေ့ခဲ့ရသော ဦးစိုး ( မော်လမြိုင် )

လေဖြတ်ထား၍ ဒုက္ခိတဘ၀ နှင့် ကင့်မ် ထဲတွင်
လွတ်ရက်ကိုမှန်းဆမရ နိုင်သော ဦးစိုး (မော်လမြိုင်)
ဆက်သွယ်ရန်ဖုံး -မော်လမြိုင် ၁၁၂၄၅ ဟုပြောပါသည်။
 
                 
 
ဦးစိုး (မော်လမြိုင်)နှင့် အတူတူနေထိုင်ဖူးသူ
အတူတူအလုပ်လုပ်ကိုင်ဖူးသူ ၊ သူအကြောင်းသိရှိသူ ၊
သူ၏မိသားစုနှင့်ဆက်သွယ်ပေးနှိုင်မည့်သူများ
ကူညီဆက်သွယ်ပေးကြပါရန်
 



0 ကွန်မန့်ရေးရန်:

Post a Comment