Friday, April 20, 2012

အင်တာနက် ( ကဗျာ )

Inbox
x

demonprince13
8:35 PM (41 minutes ago)

to mrsorcerer
အင်တာနက်ကို ငွေပေးပြီး သုံးရတယ်
သူများတကာတွေလို အိုင်ဖုန်းက သုံးရတာနဲ့မတူ
သူများတကာတွေလို လက်တော့နဲ့ သုံးရတာနဲ့မတူ
1 2 3 4 ဆိုပြီး အက္ခရာကဏန်းတွေ စီတန်းထားတဲ့
ပါ့ပလစ် အက်ဆက် ဆိုတဲ့ အင်တာနက်ဆိုင်မှာ
အချိန်ကို တကြည့်ကြည့်
ငွေ အခြေအနေ ချိ ပြီး သုံးရတယ် . . .

ဒီ အင်တာနက်ထဲမှာ ဘ၀ တွေရှိတယ်
ဒီအင်တာနက်ထဲမှာ အလှ တွေရှိတယ်
ဒီအင်တာနက်ထဲမှာ အထာ တွေရှိတယ်
ဒီအင်တာနက်ထဲမှာ ကဗျာတွေရှိတယ်
ဒီအင်တာနက်ထဲမှာ ဒီမိုကရေစီရှိတယ်
ဒီအင်တာနက်ထဲမှာ စစ်အုပ်ချုပ်ရေးရှိတယ်
ဒီအင်တာနက်ထဲမှာ ငါလိုအပ်တာမှန်သမျှရှိတယ်
ဒီအင်တာနက်ထဲမှာ ငါမလိုအပ်တာမှန်သမျှရှိတယ် . . .

အင်တာနက်တရက်လောက်မသုံးရရင်
ငါ့ရင်ထဲမှာ ရွတရွတ ဖြစ်တယ်
ရွစိရွစိတက်တယ်
မရိုးမရွ ဖြစ်တယ်
တရွရွဖြစ်တယ်
သေချာတာကတော့ အင်တာနက်သုံးချိန်ရောက်ရင်
ယောင်္ကျားကြီးစင်စင်က ငါရွတယ် . . .

ဘာသတင်းထူးလဲ
ဘာအကြောင်းထူးလဲ
ကဗျာရေးချင်လိုက်တာ
ကဗျာဖတ်ချင်လိုက်တာ
မိတ်ဆွေတွေနဲ့ ဆုံချင်လိုက်တာ
ချစ်လှပါရချည်ဆိုတဲ့ မိန်းမဟာ ပူလာ
အနားမကပ်စမ်းပါနဲ့ကွာ
အင်တာနက်ဟာ ငါ့ကမ္ဘာ ငါ့ကမ္ဘာ
ကဲ တောင့်မခံနိုင်တော့ဘူး ပေးစမ်းပါ ငွေအသပြာ
ငါ့ ရဲ့ ရွစိတက် နေတဲ့ ၀ါသနာတွေအတွက် . . .

--
          

 မာဃလုလင်

1 ကွန်မန့်ရေးရန်:

ကိုပဲလေးရေ ။ ခဗျားဘလောခ့်အရောင်က တအားတောက်နေတယ်ဗျာ ။
ဖတ်ရတာ သိပ်အဆင်မပြေဘူး ။ အရောင်နည်းနည်းဖျော့တာသုံးပါလို့
အကြံပေးပါရစေ ။

Post a Comment