Friday, April 20, 2012

ဗမာနိုင်ငံရေး မိတ်ဆွေပါတီများ(၃ ပါတီ)၏ ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲ

Inbox
x

လင်းဇော်ထက်
2:27 PM (8 minutes ago)

to mrsorcerer
မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမြင့်ထွဋ်
“ဒေါ်စုကို နိုင်ငံရေးမှာပြန်ပါဖို့၊ ၉၀ ရလဒ်ကိုစွန့်လွှတ်ဖို့ ပါတီမှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ ကျနော် ပထမဆုံးဖြစ်နိုင်ပါတယ်””  ““၈၈မှာ ကျောင်းသူတွေ သွေးထွက်သံယိုဖြစ်နေတဲ့အချိန် ဒေါ်စုကို လမ်းပေါ်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး””  ““ဒေါ်စုဟာ အမျိုးသားခေါင်းဆောင်မဟုတ်ပါဘူး။ ဒီမိုကရေစီခေါင်းဆောင်တွေအများကြီးထဲက တစ်ဦးသာဖြစ်ပါတယ်။ ဒေါ်စုဟာ ၈၈ ကျောင်းသားတွေကို မွေးဖွားပေးခဲ့တာမဟုတ်ပါဘူး။ ဒေါ်စုဟာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာမှ လမ်းပေါ်ထွက်လာတာဖြစ်ပါတယ်””  ““အန်အယ်လ်ဒီဟာ ၉၀ မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဖျားရှုးသွားပါတယ်””  ““အန်အယ်လ်ဒီက ဘာလို့ ကျနော့်ကိုအနိုင်ယူတာလဲ။ ကျနော့်ကိုအနိုင်ယူရင်ကော အရသာရှိသွားသလား။ အန်အယ်လ်ဒီအတွက် ငါးသိန်းကလွယ်ချင်လွယ်မယ်။ ကျနော်တို့အတွက် ငါးသိန်းက ရှိတာရောင်းပြီးလုပ်ရတာ။ ကျနော်လေယာဉ်ပျံနဲ့ စည်းရုံးရေးမဆင်းနိုင်ပါဘူး””  ““နိုင်ငံရေးအရ မှားယွင်းတဲ့အပြတွေ ပြတယ်။ ရှုပ်ထွေးအောင်လုပ်ပစ်တယ်။ ဂျာနယ်တွေက ၀ိုင်းပြီး Lobby လုပ်ပေးတယ်။ အဲဒါနဲ့ နိုင်သွားတော့ ပျော်ကြပြန်ရော””
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်မှ ဦးကျော်စွာစိုး

ပွင့်ဖြူမြို့နယ်တွင် ရွေးကောက်ပွဲကာလက တခြားမြို့နယ်မှလူများကို အန်အယ်လ်ဒီက တစ်ဦးလျှင် ၂၀၀၀ ကျပ်ပေး၍ ကားဖြင့်တင်ခေါ်လာကြောင်း၊ လူ ၃၀၀ ခန့်ရှိကြောင်း၊ အန်အယ်လ်ဒီကို မဲပေးခဲ့ကြသည့် ပွင့်ဖြူမြို့နယ်မှ မဲဆန္ဒရှင်အများစုမှာ ပညာမတတ်ကြသဖြင့် ဖီလင်အောက်ခဲ့ရကြောင်း
ညီညွှတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီက ဦးတင်ရီ
“အန်အယ်လ်ဒီရဲ့ လှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေဟာ ဆိုးသွမ်းလူငယ်တွေထက်ဆိုးပါတယ်။ မင်းမဲ့စရိုက်ဆန်တာကိုလည်း တတိုင်းပြည်လုံးသိပါတယ်။ ဒေါ်စုခရီးစဉ်တွေ ဒေါ်စုပုံတွေ ဂျာနယ်တိးုင်းလိုလို မျက်နှာဖုံးမှာပါတာ တဖက်သတ်ဖြစ်နေပါတယ်””  ““ဒေါ်စုကိုပေးတဲ့ နိုင်ငံခြားကဆုငွေတွေကို အပြင်မှာဖောင်ဒေးရှင်းလုပ်ထားတယ် ဆိုတော့ ဖောင်ဒေးရှင်းလုပ်ခွင့်ရှိတာကိုက ပိုင်ဆိုင်မှုပေါ့””

0 ကွန်မန့်ရေးရန်:

Post a Comment