Tuesday, May 13, 2014

အိန္ဒိယမှာ အငှားကိုယ်ဝန်ဆောင်နိုင်...................

Posted by: Ko Myo on Monday, May 12, 2014 Categories:


ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ် အသိမှတ်ပြု ခံထားရပြီ ဖြစ်တဲ့ အိန္ဒိယ နိုင်ငံမှာ ခေတ်စားလာတဲ့ အလေ့အထတစ်ခု ကတော့ အငှားကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပါတယ်။ လူတန်းစားကွာဟ မှုကြောင့် ဆင်းရဲသား လူတန်းစား များမှာ အငှားကိုယ်ဝန်ဆောင်ခြင်း ဝန်ဆောင်မှု အင်မတန် ရေပန်းစားလာပါတယ်။

ယင်းဟာ တရားဝင် ပြုလုပ်နိုင်တဲ့ စီးပွားရေး ဖြစ်ပြီး ဇနီး ဖြစ်သူဟာ ကိုယ်ဝန်မဆောင် နိုင်ရင် ကိုယ်ဝန် ဆောင်နိုင်တဲ့ အမျိုးသမီးဆီကနေ အငှားဝန်ဆောင်မှု ဝယ်ယူ နိုင်ပါတယ်။ ဇနီးမောင်နှံရဲ့ DNA ပါဝင်တဲ့ ဓာတ်ကို အငှားဆောင်ပေမယ့်သူ ရဲ့ သားအိမ်သို့ ထည့်ပေးပြီး သာမန်အမျိုးသမီး တစ်ယောက် လိုပဲ ကိုးလလွယ်၊ ဆယ်လဖွားစေပါတယ်။ ဒီအတွက် ပေးရတဲ့ စရိတ်က ကာလတန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၆၄၇၈ ရှိပါတယ်။ ယင်းငွေကြေးဟာ အိန္ဒိယလို နိုင်ငံမှာ အင်မတန်များပြား တဲ့ ငွေကြေးပမာဏ ဖြစ်ပြီး အချို့ဆိုရင် ပိုရအောင် ကိုယ်ဝန်တစ်ခု ပြီးရင် နောက်တစ်ခု ဆက်ဆောင် ပါတယ်။

ယင်း အတွက်လည်း အိန္ဒိယ အစိုးရက တရားဝင် ခွင့်ပြု ထားပေးပြီး အငှားကိုယ်ဝန်ဆောင်တဲ့ ဈေးကွက် ကျယ်ပြန့် လာကြောင်း သိရပါတယ်။
.
Ref: uniquedaily.com
အောင်ခမ်း (www.innewsmyanmar.com)

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment