Wednesday, March 5, 2014

သူသေကိုယ်သေ သတ်ပုတ်ပြီးနောက် စပါးကြီးက မီးကျောင်းကိုမြို ............


ဩစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်ရှိ မွန်ဒါရာရေချိုကန်တွင် ခြောက်ပေအရှည်ရှိ ရေချို
မိကျောင်းနှင့် စပါးကြီးမြွေတစ်ကောင်တို့ တစ်ညလုံး သူသေကိုယ်သေ တိုက်ခိုက်ကြပြီးနောက်
မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် စပါးကြီးက မီးကျောင်းကို ရစ်ပတ်ဖမ်းချုပ်နိုင်လိုက်ကာ
တစ်ကောင်းလုံးကို မြိုနေပုံကို တစ်ဖနီကောလစ် အမည်ရှိ အမျိုးသမီးက ၎င်း၏လက်ကိုင်ဖုန်း
ကင်မရာဖြင့် မှတ်တမ်းတင်ထားပုံများကို တင်ပြလိုက်ပါသည်။

ထိုအမျိုးသမီး၏ အဆိုအရ မီးကျောင်းက စပါးကြီးမြွေကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
နှစ်ကောင်စလုံး မောပန်းလာချိန်တွင် မီးကျောင်းက ထွက်ပြေးမည်ပြုသော်လည်း စပါးကြီး
ချက်ကောင်းကိုင်ကာ မီးကျောင်း တစ်ကိုယ်လုံးကို ရစ်ပတ်နိုင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မီးကျောင်း တစ်ကောင်လုံးကို မြိုပြီးနောက် စပါးကြီးမြွေမှာ နဂိုထက်နှစ်ဆခန့်ကြီးလာပြီး
ရေကန်ဘေးကန်စပ်တွင် ငြိမ်သက်စွာ နေနေကြောင်း တစ်ဖနီကောလစ်က ဆိုသည်။









ဓါတ်ပုံ - အေအက်ဖ်ပီ

သက်လှိုင် ဘာသာပြန်သည်။
မြန်မာတိုင်း(မ်)

0 ကွန်မန့်ရေးရန်:

Post a Comment