Friday, July 5, 2013

ကိုယ်ပိုင်လေယာဉ်စီး ထိုင်းဘုန်တော်ကြီး၏ ဘဏ်အကောင့်ကို ဆိုင်းငံ့

Hones Sun shared Sanay Minthar's photo.

Thursday, July 04, 2013

ကိုယ်ပိုင်လေယာဉ်နှင့် ခရီးသွားနေသည့် ဘုန်းတော်ကြီးဗီဒီယို YouTube ပေါ် ရောက်ခဲ့သည့်နောက် ထိုင်းနိုင်ငံတွင် လူပြောသူပြော များလာသည့် အဆိုပါဘုန်းတော်ကြီး တစ်ပါး၏ ဘဏ်အကောင့်များကို အာဏာပိုင်များက ဆိုင်းငံ့ထားလိုက်ကြောင်း Bangkok Post တွင် ဖော်ပြသည်။

ထိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးသည် ကိုယ်ပိုင်လေယာဉ်တစ်စင်းပေါ်တွင် အကောင်းစား နေကာမျက်မှန်များ တပ်ဆင်ထားပြီး ကြိုးမဲ့ နားကြပ်များဖြင့် ရှိနေသည့် ဗီဒီယိုတစ်ခု YouTubeပေါ် ရောက်လာပြီးနောက် ယင်းကိစ္စကို ဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ယင်းဘုန်းတော်ကြီးများ အနီးတွင် အကောင်းဆုံး တန်ဖိုးကြီး အမှတ်တံဆိပ် အိတ်များပါ ရှိနေရာ (၄၇)စက္ကန့်ကြာ ဗီဒီယိုအတွက် ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အစည်းအရုံးက စိစစ်မှုများ ပြုလုပ်မည်ဟု ကြေညာခဲ့ရသည်။

ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံများအနက် တစ်ခုအဖြစ် တည်ရှိနေပြီး ဗုဒ္ဓပွင့်ထွန်းသည့် သာသနာနှစ် (၂၆၀၀)ပြည့်အတွက် အလေးအနက် ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိသည်။
ထိုင်းနိုင်ငံရှိ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (AMLO)မှ အာဏာပိုင်များသည် ယခုအခါ ဘုန်းတော်ကြီး ဖရာဝီယာပိုလ် ဆက်ပိုလ်(ခေါ်) လောင်ပူနန် ခမ် ချက်တီကို ဘဏ်အကောင့်များကို စိစစ် ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်သည်။

ဘဏ်အသီးသီးတွင် ၎င်းဖွင့်လှစ်ထားသည့် အကောင့်ပေါင်း (၁၆)ခုအနက် (၁၀)ခုတွင် စုစုပေါင်း ဘတ်ငွေ သန်း(၂၀၀)မျှကို အပ်နှံထားကြောင်းလည်း AMLOမှ တာဝန်ရှိသူများက ဆိုသည်။ သက်တော် (၃၄)နှစ် ရှိပြီဖြစ်သော ဘုန်းတော်ကြီးသည် ဘဏ်အကောင့် (၆)ခုအနက် ဘတ်ငွေ (၂)သန်းမျှကို အလွှဲအပြောင်း ပြုလုပ်ထားကြောင်းလည်း AMLO အကြီးအကဲ ဆူဝေနီ ဆဝမ်ဖိုလ်က ပြောကြားခဲ့သည်။

၎င်းက "ဘုန်းတော်ကြီးနဲ့ သူ့ရဲ့ ဆက်စပ်ကွန်ရက်ကို ငွေကြေး အလွှဲအပြောင်းတွေ လုံးဝ ဆက်မလုပ်ဖို့၊ လုပ်ရင် ဒါဟာ ငွေကြေးခဝါချမှုထဲ အကျုံးဝင်သွားမယ် ဆိုတဲ့အကြောင်း သတိပေးထားပါတယ်"ဟုလည်း ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီးသည် ဆီဆာကက် ခတ္တရာရွမ်ရှိ ဝပ္ပခန္ဓိသံ ဘုရားကျောင်းမှ အကြီးတန်း ဆရာတော် တစ်ပါးဟုလည်း သိရသည်။

အချို့သော သတင်းမီဒီယာများက ယခုငွေကြေးများသည် တရားမဝင် မူးယစ်ဆေးဝါး ရောင်းချမှုများမှ ဆက်နွယ်ရရှိနေသည်ဟု ဖော်ပြခဲ့သော်လည်း AMLO က ယင်းသတင်းကိုရော၊ ငွေကြေးခဝါချမှုနှင့် ဆက်နွယ်သည်ဟူသော ကောက်ချက်ကိုပါ အတည်မပြုနိုင်သေးကြောင်း ငြင်းဆန်သွားခဲ့သည်။
Planet Myanmar Network

0 ကွန်မန့်ရေးရန်:

Post a Comment