Friday, May 10, 2013

Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်

                                 Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်                           

         အလင်းကမ္ဘာမှ ညီအကိုမောင်နှမများ ခင်ဗျား ကျနော် ဒဂျီးလဲ ကျန်းမာရေး အခြေနေကြောင့်တမျိုး စက်ကမကောင်းတာက
တကြောင်းနဲ့  ဆိုဒ်ထဲကို မဝင်နိုင်တာကြာသွားပြီ ဖြစ်လို့  ဆိုဒ်ထဲက ညီအကိုမောင်နှမတွေတောင် ကျနော် ဒဂျီး ကို မေ့သွားမှာစိုး
လို့  ခု စက်ကလဲ ကောင်းသွားပြီဖြစ်လို့  သတိရလွမ်းနေရတဲ့ အလင်းသား၊သူတွေစီ အပြေးရောက်လာမိတာပါ ..ဒါကြောင့် အလင်း
သား၊သူများအတွက် လက်ဆောင်လေးအဖြစ် ခုဒီ Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက် ပိုစ့်လက်ဆောင်လေးပါယူပါတယ်.
သိပြီးသားသူတွေတော့ မပါဘူးပေါ့ဗျာ မသိသေးတဲ့ အသင်းသား၊သူတွေအတွက်ပါ .ကျနော်ကိုယ်တိုင်လဲ အရင်က မသိခဲ့တာ အမှန်ပါ
ခု ဒီဆောလ့်ဝဲလ်လေးကို တွေ့လို့ စမ်းသုံးကြည့်တော့ အဆင်ပြေတယ်..ကွန်ပြူတာကနေတဆင့် နောက်တလုံး ဒါမှမဟုတ် ဖုန်းနဲ့ ချိတ်
ဆက်ပြီးလဲ သုံးလို့ ရတယ်.. လုပ်ပုံလုပ်နည်းကတော့ အောက်မှာပါ..

ကျွန်တော် အခု Laptop အသုံးပြု သူတွေအနေနဲ့ မိမိရဲ့ Laptop မှာအသုံးပြုနေတဲ့ Internet Connection ကို Connectify Pro  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး Wifi လွတ်ကာ တစ်ခြား အသုံးပြုချင်သူများအား Internet Connectionအား Wifi မှတဆင့် ပြန်ပြီး Share ပေးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. အများစုကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ် .. မသိသေးတဲ့ သူများကို ရည်ရွယ်ပါတယ် .. အခုလို Connectify Pro  ကိုအသုံးပြုပြီး Share ပေးခြင်းဖြင့် မိမိလွတ်ထားတဲ့ Wifi ကို Hotspot Password ကိုမသိပဲ ၀င်ရောက် အသုံးမပြုနိုင်ခြင်း မရှိတဲ့ အတွက် .. မိမိတို့ ပေးသုံးချင်တဲ့ သူများကိုသာ Client Users များအနေနဲ့ အသုံးပြု ခိုင်းလို့ရမှာ ဖြစ်ပါတယ် .. နောက်ပြီး မိမိတို့ Share ပေးထားတဲ့ Connection ထဲကို မိမိမသိပဲ ၀င်ရောက် အသုံးပြု နေသူများ ရှိမရှိကိုလည်း Clients မှာ ကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ် ..

ကျွန်တော် အရင်ဆုံး အခုတင်ပေးလိုက်တဲ့ Connectify Pro v3.25  ကို Full Version လေးရအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို အရင် ပြောပြပေးပါမယ် .. အရင်ဆုံး Connectify Pro v3.25 ကို မိမိတို့ Share ပေးချင်တဲ့ လက်တော့မှာ Install လုပ်လိုက်ပါ .. ပြီးရင် Connectify Pro v3.25 ကိုမဖွင့် ပါနဲ့အုံး .. ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Patch File လေးကို My Computer >> Local Disk ( :C ) >> Program ထဲမှာ ရှိတဲ့ Connectify ဆိုတဲ့ Folder ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် Patch File လေးကို Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ ဖွင့်လိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အပေါ်က အဆင့်အတိုင်း Full Version လေးရအောင်လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. သုံးရတာ လွယ်ပါတယ် ..အရင်ဆုံး Hotspot Name နေရမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ အမည်တစ်ခု ပေးလိုက်ပါ .. ပြီးရင် Password တစ်ခုခု ပေးလိုက်ပါ ..
နောက်တစ်ဆင့်Internet မှာ မိမိတို့ လက်ရှိသုံးနေတဲ့ Connection အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Start Hotspot ကိုနှိပ်ပြီး စတင် Sharing လုပ်လို့ ရသွားပါပြီ .. 
တကယ်လို့ မိမိတို့ Sharing ပေးထားတဲ့ Network ထဲမှာ ဘယ်သူတွေ  Client Users များအဖြစ်နဲ့ အသုံးပြု နေလည်း ဆိုတာ သိချင်ယင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Clients မှာကြည့်ရှုနိုင်ပါတယ်..
ဒီလောက်ဆိုရင်တော့ Connectify Pro v3.25  ကိုအသုံးပြုပြီး Latop မှ Internet Connection ကို ဘယ်လို Sharing လုပ်လို့ရမလည်း ဆိုတာကို သိသွားမယ်လို့ ထင်ပါတယ် .. 
 
 
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

copyright to www.nayminmaung.info

0 ကွန်မန့်ရေးရန်:

Post a Comment