Thursday, April 25, 2013

ဝင်းကမ္ဘာကျော် မှ အဒ်မင်တစ်ဦး ဖြစ်သူ IT Helper နှင့် အင်တာဗျူး

 
 
သစ်ဆန်းခန့် အနေဖြင့် နည်းပညာလောကမှာ လက်ရှိ IT ပိုင်းနှင့် ပတ်သက်၍ နည်းပညာများကို စေတနာဖြင့် ဖြန့်ဝေပေးနေသူ ၀င်းကမ္ဘာကျော် မှ အဒ်မင် ဘလော့ဂ်ဂါ တစ်ဦးဖြစ်သူ
IT Helper ဖြင့် အင်တာဗျူးခဲ့တာကို
 သစ်ဆန်းခန့် စာဖတ်သူများ သိရှိနိုင်စေရန် တင်ပေးလိုက်ပါတယ် ခင်ဗျာ...
 
သစ်ဆန်းခန့် - အကို IT Helper ရေ မင်္ဂလာပါ ခင်ဗျာ...
IT Helper: ဟုတ်ကဲ့ မင်္ဂလာပါခင်မျာ..
 
သစ်ဆန်းခန့် : ဟုတ်ကဲ့ ကျွန်တော်ကတော့ သစ်ဆန်းခန့် ပါ IT Helper နဲ့ ပတ်သက်ပြီး အင်တာဗျူးလေး လုပ်ချင်လို့ပါ ခင်ဗျာ။
 
IT Helper: ဟုတ်ကဲ့..ကျနော်ကတော့ IT Helper ပါခင်မျာ...အခုလို အင်တာဗျူးပေးတဲ့အတွက် ကျေးဇူုးအထူးတင်ရှိပါတယ်ခင်မျာ
 
သစ်ဆန်းခန့်: ပထမ ဆုံး အကို့ ရဲ့ နာမည်အရင်းရယ် အကို့ ရဲ့ မွေးနေ့ နဲ့ အကို့ရဲ့ မိသားစု အကြောင်းလေး မိတ်ဆက်ပေးပါအုံး ခင်ဗျ...
 
IT Helper: ဟုတ်~~ ကျနော့်နာမည် အရင်းက တိုးတက်အောင် လို့ခေါ်ပါတယ်... အသက်ကတော့ 20 နှစ် 10.4.1993 မှာမွေးပါတယ်..ကျနော့်မှာ မိသားစု လေးယောက်ရှိပါတယ်..အဖေအမေ ကျနော်နဲ့ ညီမလေးတစ်ယောက်ပါ ..နေပြည်တော် ။ ရေဆင်း မယ်နေပါတယ်အစ်ကို..
 
သစ်ဆန်းခန့်: ဟုတ်ကဲ့ အကို ဒီ နည်းပညာလောက နဲ့ စတင် ထိတွေ့ခဲ့တဲ့ အချိန်နဲ့ ဘယ်လိုကြောင့် ၀ါသနာပါခဲ့တာလဲ ခင်ဗျာ..
 

IT Helper: ဟုတ်ကဲ့~~ကျနော်က နေရာက တောကျတဲ့အရပ်ဒေသပါ..ကွန်ပျူတာဆိုတာ ကြားဖူးတယ်..ဘာမှန်းတောင်မသိခဲ့ပါဘူး..ကျနော် ငါးတန်းနှစ်မှာ ကျနော်အမေ ပြည်ပ ကိုပညာတော်သင်သွားပါတယ်...အမေက ကျနော်တို့ဆီကို လှမ်းဖုန်းဆက်ရင် ကွန်ပျူတာနဲ့ဆက်တယ်ပြောပါတယ်..အဲဒီကတည်းက ကွန်ပျူတာကို သေသေချာချာသတိထားမိခဲ့ပါတယ်.ကိုင်တော့မကိုင်ဖူးသေးပါ...ကျနော် 9 တန်းလောက်မှာ အမေပြန်လာပြီး ကွန်ပျူတာတစ်လုံးကျနော့်အတွက် ၀ယ်ပေးပါတယ်..ကျနော်ကို အမေက အနည်းငယ်သင်ပေးပေမယ့်လည်း ကျနော်က ကလိလွန်တဲ့အတွက် Windows ကျသွားခဲ့ပါတယ်...အဲဒီအခါမှာ အမေက ကျနော့်ကို စေတနာနဲ့မတန်ဘူး ကလိလွန်းတယ် ဆိုပြီး ဆူငေါက်ပါတယ်.ရိုက်ပါတယ်... ( အဲဒီအချိန်တုန်းက ကွန်ပျူတာမှာ Virus ပါလို့ Windows ကျသွားတယ်ဆိုတာ ကွန်ပျူတာအကြောင်းနားလည်လာမှ သိခဲ့ရပါတယ် ) အဲလိုဆူငေါက်တဲ့အတွက် ကျနော်ရဲ့ မခံချင်တဲ့စိတ်က ဒီကွန်ပျူတာ ဘာကြောင့်ပျက်သွားသလဲဆိုပြီး ကွန်ပျူတာအကြောင်း နားလည်တဲ့ အစ်ကိုတွေ အမတွေကို လိုက်မေး..သူငယ်ချင်းတွေဆီက လိုက်သင်ရင်းနဲ့..နောက်ဆုံး ကွန်ပျူတာအသုံးဝင်ပုံကို သိလာပြီး 10 တန်းနှစ်မှာ စတင်လေ့လာဖြစ်ခဲ့ပါတယ်..ဒါက ကျနော်နည်းပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ် ခင်မျာ.. :-)
 
 
သစ်ဆန်းခန့်: ဟုတ်ကဲ့ အကို IT Helper ဆိုပြီးနာမည်ပေးဖြစ်ခဲ့ပုံလေးလဲ သိချင်ပါတယ်...


IT Helper: ဟုတ်ကဲ့... ကျနော် တက်ရောက်နေတဲ့ တက္ကသိုလ်က တစ်ခု..ကျနော်စိတ်ဝင်စားတဲ့ ပညာရပ်က တစ်ခု ဖြစ်နေပါတယ်.ဒါပေမယ့် ကျနော်စိတ်ဝင်စားတာကိုဘဲ ကျနော်လုပ်တယ်..အခု ကျနော်တို့မြန်မာနိုင်ငံဟာ နည်းပညာအရမ်းအားနည်းနေတယ်..အခုမှ စတင်ပြီး မျိုးစေ့ အညှောင့်ပေါက်တုန်းရှိပါသေးတယ်... ဒါကြောင့် ကျနော်တတ်တဲ့ ကွန်ပျူတာပညာရပ်နဲ့ အများအတွက် ကူညီပေးချင်တဲ့ စိတ်ရင်းလည်း ကျနော့်မယ်ရှိပါတယ်..အခုဆိုရင် ပြည်ပရောက်မြန်မာအများစုဟာလည်း နည်းပညာကိုလေ့လာနေကြပါပြီ.. ကျနော်တို့မြန်မာနိုင်ငံမှာ ကွန်ပျူတာ တစ်လုံးပျက်ရင် ပျမ်းမျှအားဖြင့် ထောင်ဂဏန်းလောက်ပဲကုန်တာပါ..အလွန်ဆုံးသုံးလေးသောင်းပေါ့..ပြည်ပမှာတော့ တစ်သိန်းကျော် တစ်သိန်း နီးပါးလောက် ကုန်တာပါ..ဒီလို မကုန်ရလေအောင် ကျနော်တတ်တဲ့ ပညာနဲ့အတတ်နိုင်ဆုံး ကူညီချင်ပါတယ်..အဓိက ကိုယ်ကွန်ပျူတာလေ့လာရတဲ့အကြောင်းရင်းက ကိုယ်သိဖို့တတ်ဖို့နဲ့ အများအတွက်ပြန်လည် အသုံးချဖို့ရည်ရွယ်ချက်လေးပါ..အများကို ကူညီချင်ပါတယ်..ဒါကြောင့် IT Helper ဆိုပြီး အမည်ပေးဖြစ်ခဲ့တာပါခင်မျာ
 

သစ်ဆန်းခန့်: ဒီလို ရည်ရွယ်ချက်လေးတွေနဲ့ ကူညီခဲ့တဲ့ အချိန်မှာရော အခက်အခဲတွေ နဲ့ ၀မ်းသာကြည်နှုးမိတဲ့ အမှတ်တရလေးတွေများ ရှိလား ခင်ဗျာ


IT Helper: ဟုတ်ကဲ့....အခက်အခဲကတော့ နှစ်မျိုးရှိပါတယ်... ပထမတစ်ခုက ကွန်နက်ရှင်အခက်အခဲပါ...အင်တာနက်ပေါ်ကနေတစ်ဆင့် ကျနော့်အနေနဲ့ကူညီရာမှာ အင်တာနက်မြန်နှုန်းဟာအလွန်ရေးပါပါတယ်..ကျနော့်နယ်မှာ ADSL Internet မရှိပါဘူး..GSM Connection ကိုသာအသုံးပြုရပါတယ်..ဒါပထမအခက်အခဲပါ..နောက်တစ်ခုကတော့ ဖုန်းနဲ့အသုံးပြုရတာဖြစ်တဲ့အတွက် ဖုန်းခအင်မတန်ကုန်ပါတယ်..ဒါကျနော်အနေနဲ့ပြောပြရုံပါ..သူ့အလိုလိုတော့ အဆင်ပြေသွားခဲ့တာချည်းပါဘဲ..... ၀မ်းသာကြည်နူးမိတာတွေကတော့ ကိုယ့်မှာ ဘာအခက်အခဲတွေ ဘယ်လောက်ပဲဖြစ်နေဖြစ်နေ..ကိုယ်ကူညီလို့လို့ အဆင်ပြေသွားတဲ့အခါ..ပြုံးသွားတဲ့ သူတွေရဲ့မျက်နှာ..စိတ်ချမ်းသာလွန်းလို့..ကျေးဇူုးတင်ပါတယ်ခင်မျာ./ ရှင် လို့ပြောသွားတဲ့ သူတို့ရဲ့စကားလုံးလေးတွေဟာ ကျနော်အတွက် ကူညီရကျိုနပ်တဲ့အပြင်..နောက်နေ့များအတွက်လဲ ဆက်ပြီး ကူညီနိုင်ဖို့အားဆေးတစ်ခွက်ပါ...ဒီလိုဝမ်းသာကြည်နူးမှုတွေကြောင့် ကျနော့်ရဲ့အခက်အခဲမှန်သမျှကို မေ့သွားခဲ့ရတာချည်းပါဘဲ ခင်မျာ.. :-)
 
သစ်ဆန်းခန့်:အကို့အနေနဲ့ ဒီလောကမှာ ကျင်လည်လာရင်းနဲ့ ကိုယ်နဲ့ ဘ၀တူ IT သမားတွေ ရဲ့ နည်းပညာဘလော့ဂ်တွေ ၀ဘ်ဆိုက်တွေ ဖိုရမ်တွေ ပေါ်ပေါက်များပြားလာတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ..
 
IT Helper: ဟုတ်ကဲ့
အများကြီးကြိုဆိုပါတယ်လို့ပြောချင်ပါတယ်..တကယ့်အစစ်အမှန် မှန်ကန်တဲ့နည်းပညာအကြောင်းအရာတွေ Software တွေကိုတင်ပေးဖို့နဲ့ အခြား သူများတင်ထားတဲ့ Download Link တွေကို ကူးမချဖို့လဲ တိုက်တွန်းအပ်ပါတယ်...ကျန်တဲ့အရာတွေကတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး..အားလုံးက တတ်စွမ်းသမျှ စေတနာရှေ့ထားပြီး ကူညီပေးနေကြတဲ့အတွက် အားလုံးကိုလေးစားပါတယ်...မြန်မာ့အိုင်တီနည်းပညာ တိုးတက်ရေးအတွက် အလွန်ကိုအရေးပါနေပါတယ်။
 
သစ်ဆန်းခန့်: ခုပြသနာတက်နေတဲ့ Data Sharing တွေ မှာ Credit ပေးရတဲ့ အပေါ်မှာ အကို့အမြင်လေးကိုလဲ သိချင်ပါသေးတယ်..
 

IT Helper: ဟုတ်ကဲ့..အဲဒါကို အဓိကပြောချင်ဆုံးဘဲဗျ.. ကျနော်တို့မြန်မာတွေရဲ့ အတ္တစိတ်ပဲလား ဘာလဲတော့ကျနော်လဲမပြောတတ်ဘူး~~ဘာလို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်လဲ Software တွေ နည်းပညာတွေကို ပြည်ပဆိုဒ်တွေကနေ ဖတ်ရှုလေ့လာပြီး ပြန်တင်ပေးနေရတာပါ..အရှင်းဆုံးပြောရရင် ကော်ပီပေါ့ဗျာ...သူတို့အချင်းချင်းလဲ ကော်ပီ ချတာဘဲ..ဒါပေမယ့် Credit တွေပါတွေ မတွေ့ရဘူးခင်မျ..သို့သော်..Upload တွေကိုတော့ ကိုယ်တိုင်ပြန်တင်ကြတာတွေ့ရပါတယ်..ကျနော်တို့ဘလော့ဂါတွေကရော ဘာကြောင့် ပြည်ပဆိုဒ်တွေကနေ ကူးချတာချင်းအတူတူဘာလို့ Credit တောင်းနေရသလဲ..ကိုယ်တင်ထားတဲ့ နည်းပညာသည် အများလေ့လာ စေချင်လို့ အများ ရယူစေချင်လို့တင်ပေးထားတာပါ~~ လွတ်လွတ်လပ်လပ်မျှဝေခွင့်ပေးသင့်တယ်..နာမည်ကြီးချင်လို့ဆိုရင်တော့ စေတနာနည်းပါးတာအသိသာကြီးပါဘဲ~~ကျနော်တို့ ၀င်းကမ္ဘာကျော်ဆီကဘဲယူယူ ကျနော့် ဆိုဒ်ကဘဲ ယူယူ ဘာ Credit မှမပေးခိုင်းပါဘူး...ကျနော် ကိုယ်တိုင်ကြုံဖူးပါတယ် Blogger နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် Credit မပေးမိလို့ အငြင်းပွားကြ ဆဲကြဆိုကြနဲ့ တော်တော်လေးကိုရုပ်ပျက်ပါတယ်... ပြည်ပဆိုဒ်တွေကနေ ကူးချထားတာခြင်းအတူတူကိုဗျာ..ကျနော်ကတော့ အတ္တတစ်ခုလို့ဘဲမြင်မိပါတယ်။
 
သစ်ဆန်းခန့်: ပြီးတော့ လက်ရှိ နည်းပညာလေ့လာသူများ သိတဲ့အတိုင်းပေါ့အကိုရာ
သူ့ဆိုက် ငါ့ဆိုက် ဆိုပြီး ဂိုဏ်းဂန လေးတွေ ကွဲလွဲနေကြတဲ့ အပေါ်မှာရော အကိုဘာများ အကြံပေးချင်လဲ ခင်ဗျ...
 

IT Helper: ဒါလဲ ငါဆိုတဲ့အတ္တတစ်ခုအပေါ်မယ် မူတည်နေပါတယ်..အားလုံးက မြန်မာလူမျိုးတွေမဟုတ်ဘူးလား..ကိုယ့်လူမျိုး..ကိုယ့်နိုင်ငံတိုးတက်စေချင်လို့ တတ်နိုင်တဲ့ဖက်က လုပ်နေကြတာချင်းအတူတူ စည်းလုံးနေဖို့အရေးကြီးပါတယ်.. အားလုံးရဲ့ရည်ရွယ်ချက်က အများအတွက်ပဲလေ.. ဒီလိုဆိုရင်စည်းလုံးကြရမှာပါ...စည်းလုံးခြင်းသည် အင်အားဆိုတဲ့ ဆောင်ပုဒ်လဲရှိပါတယ်..ဒါကြောင့် နည်းပညာညီအစ်ကိုတွေ စုစုစည်းစည်းနဲ့ အတူပူးပေါင်းလုပ်ကိုင်မှသာလင် ကျနော်တို့ နိုင်ငံရဲ့ အိုင်တီနည်းပညာ အနာဂတ်သည်လည်း ပိုမိုထွန်းလင်းတောက်ပလာမှာဖြစ်ပါတယ်ခင်မျာ.။
 
သစ်ဆန်းခန့်: အကိုက ၀င်းကမ္ဘာကျော် မှာ စလုပ်ဖြစ်ပုံလေးကရော ပြောပြပေးပါအုံး...
 
IT Helper: ဟုတ်ကဲ့~~ကျနော် ကိုးတန်းနှစ်မှာ ချစ်သူမြို့တော်မယ် နည်းပညာ အက်ဒမင်စလုပ်ပါတယ်...အဲဒီကနေတစ်ဆင့် အများအတွက် လိုအပ်တာလေးတွေ တင်ပေးရင်း ကူညီရင်း..အခြားနည်းပညာအကြောင်းအရာတွေကိုလည်းလေ့လာဖြစ်ခဲ့ပါတယ်..ကျနော်ရဲ့ လက်ဦးဆရာက ညီနေမင်း ဆိုလည်းမမှားပါဘူး...ဒီလိုအောင်မြင်နေတဲ့ အများကို ကူညီပေးနေတဲ့ Blogger တွေကိုလည်း အားကျမိပါတယ်...တစ်နေ့ကျတော့ ကျနော့်မယ်ဖြစ်နေတဲ့ ကွန်ပျူတာပြသနာလေးတစ်ခုကို အဖြေရှာရင်း ၀င်းကမ္ဘာကျော်ရဲ့ဆိုဒ်ကို စတွေ့ပါတယ်..အောင်မြင်တဲ့ ဆိုဒ်တစ်ခုဖြစ်သလို Cbox မှာမေးမြန်းထားတာတွေကလည်း ကိုယ်ကိုတိုင်ဖြေလို့အဆင်ပြေတဲ့မေးခွန်းတွေလဲ ဖြစ်ပါတယ်..ဒါကြောင့် ကိုဝင်းကမ္ဘာကျော်ကို ကူညီတဲ့အနေနဲ့ ခွင့်တောင်းပြီး အက်ဒမင် စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်..လုပ်သက်ကတော့ 6 လလောက်ရှိပါပြီ။
သစ်ဆန်းခန့်: ဟုတ်ကဲ့ အကိုက IT Helper အနေနဲ့ရော ကိုယ်ပိုင် ၀ဘ်ဆိုက် သို့မဟုတ် ဘလော့ဂ် လုပ်ထားတာ ရှိသလားခင်ဗျ...
 
IT Helper: ဟုတ္ကဲ့ ရွိပါတယ္ခင္မ် Myanmar IT Helper www.mmithelper.blogspot.com ပါ ခင္မ်ာ။
 

သစ်ဆန်းခန့်: အကို့ ရဲ့ အခု Admin အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ၀င်းကမ္ဘာကျော် မှာရော အကို့ရဲ့ IT Helper မှာရော အပြင် တစ်ခြား နည်းပညာ ၀ဘ်ဆိုက်တွေကနေ အကူအညီတောင်းလာရင်ရော ကူညီပေးဖို့ အကြံပေးဖို့ အကို့အနေနဲ့ လုပ်ပေးနိုင်မလား...
 
IT Helper: ဟုတ်ကဲ့...ကျနော်အနေနဲ့ ကျောင်းအားလပ်ရက်တွေ နဲ့ ကျနော့်အတွက် အင်တာနက်အဆင်ပြေနေသေးရင်လုပ်ပေးမှာပါ..အခုလက်ရှိတင် ဆိုဒ်ငါးခု မှာ အက်ဒမင်လုပ်ပေးနေပါတယ်...ဘာဘဲဖြစ်ဖြစ် အတတ်နိုင်ဆုံး အားလုံးကို ကူညီပေးသွားမှာပါခင်မျာ။
 
သစ်ဆန်းခန့်: အကို့ ကို ဆက်သွယ်ချင်တယ်ဆိုရင်ရော ဘယ်လိုဆက်သွယ်ရမလဲ ခင်ဗျာ...
 
IT Helper: ဟုတ်.. ကျနော့်ကိုဆက်သွယ်ချင်ရင်တော့
adflycreator@gmail.com နဲ့ ဖုန်း 09 420 700 582 သို့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်.ကျနော်သိသမျှ တွေအကုန်လုံးကို မေးမြန်းလာသူများအတွက်
ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
 
သစ်ဆန်းခန့်: ကျွန်တော် မေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့ IT Helper ကို သစ်ဆန်းခန့် ၀ဘ်ဆိုက် မှ အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ဒီထက်မက တိုးတက်အောင်မြင်ပြီး အများပြည်သူအား ကူညီနိုင်ပါစေ ဗျာ...
 

IT Helper: ဟုတ်ကဲ့..ကျနော်ကလဲ အခုလို မေးမြန်းပေးတဲ့ အစ်ကိုသစ်ဆန်းခန့်ကိုလည်း အများကြီးကျေးဇူုးတင်ရှိပါတယ်...နောက်ဆုံးအားလုံးအတွက် အကြံပေးလိုတာက နည်းပညာကိုလေ့လာကြပါ...နည်းပညာသည် မကြာခင်အချိန်အတွင်းမှာ လူနေမှုဘ၀အတွက် အင်မတန်မှအရေးပါလာပါတော့မယ်..ဒါကြောင့်လက်လှမ်းမှီသမျှလေ့လာကြပါ..မသိတာရှိရင်မေးကြပါ.ဆက်သွယ်ကြပါ...အင်တာနက်ပေါ်မှာ စေတနာရှင်နည်းပညာ ပရဟိတအဖွဲ့တွေအများကြီးရှိနေပါတယ်..အားလုံးက မြန်မာသူမြန်မာနိုင်ငံသားများအတွက် နွေးထွေးရင်းနှီးစွာ ကြိုဆိုလျက်ရှိနေပါတယ်ခင်မျာ.. ( Myanmar IT Helper )
 
 
 
သစ်ဆန်းခန့်
mr.thitsankhant@gmail.com
www.thitsankhant.com

1 ကွန်မန့်ရေးရန်:

ဒီလောကမှာ ဒီလိုလူတွေပေါ်လာတာအားရှိပါတယ်ပြီးတော့မြန်မာတွေဖြစ်လို့ဂုတ်ယူပါတယ်ဗျာ

Post a Comment