Thursday, April 25, 2013

မိနစ်ပိုင်းတာ သရုပ်ဆောင်ခ ကန်ဒေါ်လာ ၂ သန်းရတဲ့ ဂျိမ်းဆဘွန်းမင်းသား

Photo: မိနစ်ပိုင်းတာ သရုပ်ဆောင်ခ ကန်ဒေါ်လာ ၂ သန်းရတဲ့ ဂျိမ်းဆဘွန်းမင်းသား
Wednesday, April 24, 2013

မိနစ်ပိုင်းလောက်ပဲ သရုပ်ဆောင်ရတာ အမေရိကန်ဒေါ်လာ ၂ သန်းရ တယ်ဆို ဘယ်သူယုံပါသလဲ။ တကယ်ရတဲ့ မင်းသား ရှိပါတယ်။ သူကတော့ လက်ရှိ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယန်ခရစ် ဖြစ်ပါတယ်။

သူများသားသမီးတွေများ ကံကောင်းချက်က မိုင်ကုန်ပါပဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လို့ခေါ်တဲ့ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယမ်ဟာ ကံအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဖွား မင်းသားမို့လို့ အင်္ဂလန်ထုတ်ကား Land Rover ကလည်း အားကိုးရှာ ပါတယ်။

နယူးယောက်မော်တောယာဉ်ပြပွဲ စတိတ်စင်ပေါ် တစ်ခါတက်မောင်းပြီး ပရိတ်သတ်ကို ပြုံးပြဖို့ Land Rover က တိုက်တွန်းပါတယ်။ တိုက်တွန်းသလို ဒန်နီယမ် ခရစ် (Daniel Craig) လည်း လုပ်ပါတယ်။ လုပ်ပြီး ပြန်ဆင်းသွားတာ ဘယ်လောက်မှမကြာလိုက်ပါဘူး။ သို့ပေမယ့် အမေရိကန်ဒေါ်လာ ၂ သန်းကြီးတောင် ပေးရပါတယ်။

တွင်သွားတဲ့ စကားတစ်ခုကတော့ ဒန်နီယမ် ကားတစ်ခါမောင်းရင် ကန်ဒေါ်လာ ၂ သန်းပေးရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ယင်းအပေါ် Land Rover ဘယ်လို သဘောရလဲ မေးတော့ "ဒန်နီယမ်ကို ကျေးဇူးတင် ပါတယ်။ သို့ပေမယ့် လာမယ့်နှစ် ဘတ်ဂျတ်အသုံးချရေးမှာတော့ ဒီလိုမလုပ်ဖြစ်တော့ဘူးထင်တာပဲ" လို့ ရှက်ဖြေဖြေသွားပါတယ်။

ရှက်ချင်မှ ရှက်မှာပါ။ Land Rover ဆိုတာ ကမ္ဘာမှာ အောင်မြင်တဲ့ ကားကုမ္မဏီတစ်ခုပါပဲ။ ကန်ဒေါ်လာ ၂ သန်းလောက်ရင်းပြီး မင်းသား တစ်လက် အသုံးပြုမှုလောက်တော့ မှုမယ့်ပုံမပေါ်ပါဘူး။ သို့ပေမယ့် ဒန်နီယမ်ကို နောက်တစ်ခါ ၂ သန်းပေးပြီး ကြော်ငြာ ခိုင်းဖို့ မသေချာတော့ကြောင်း သိရပါတယ်။ 

TechSpace Journal

0 ကွန်မန့်ရေးရန်:

Post a Comment