"ဒါန"ဟူသောဝေါဟာရသည်ကျွန်တော်တို့မြန်မာ့လူ့ဘောင်နှင့်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။"ပေးကမ်းစွန့်ကြဲခြင်း၊လှူ
ခြင်း"ပင်ဖြစ်၏။
ပေးကမ်းစွန့်ကြဲရာတွင်ပစ္စည်းဝတ္ထုပေါ်အမှီပြု၍ပေးကမ်းစွန့်ကြဲကြသဖြင့်"သင်္ကန်းအလှူ,ဆွမ်းအလှူ,ကျောင်းအလှူ"ခြင်း"ပင်ဖြစ်၏။
စသသည်ဖြင့်များပြားလှ၏။ထိုများပြားသောအလှူဒါနထဲတွင်မှ"ဇီဝိတဒါန"ဆိုသည်လည်းပါဝင်၏။
"ဇီဝိတဒါန"ဆိုသည်မှာ"လူတစ်ဦးဦး,(သို့မဟုတ်)တိရိစ္ဆာန်တစ်ကောင်ကောင်,အသက်ဆက်လက်ရှင်သန်ရေးအတွက်ပေးလှူခြင်း"ကိုဆိုလိုသည်။
ရှင်းလင်းအောင်တင်ပြရပါလျှင်-
အသက်သေမည့်ဘေးနှင့်ရင်ဆိုင်နေရသူလူသားအတွက်(ဥပမာအားဖြင့်-မိမိ၏၊အသွေး၊အသား၊ဆေးဝါး)စသည်ဖြင့် လှူဒါန်းခြင်း၊အာဟာရပြတ်၍သေလုလုသတ္တ၀ါကိုအစာအာဟာရပေးလှူခြင်း။သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့နေရသည့် လူ၊သတ္တ၀ါ ကိုကယ်တင်ခြင်း။တမင်ထောင်ထားသော ထောင်ချောက်တွင်မိနေသူသောသတ္တ၀ါကိုလွှတ်ပေးခြင်း။
ရေသတ္တ၀ါရေခမ်း၍(သို့မဟုတ်)ကုန်းသတ္တ၀ါရေနစ်၍ အသက်ဘေးမှကယ်တင်ခြင်း။စသည်ဖြင့် အသက်ဆက်ရာဆက်
ကြောင်း။ရှင်ရာရှင်ကြောင်းပြုလုပ်ပေးခြင်းသည်"ဇီဝိတဒါန"ဖြစ်သည်။
ဤနေရာတွင် ကျွန်တော်အဓိကပြောလိုသောအချက်မှာ-
"ဒါနကောင်းမှုကုသိုလ်"ပြုလုပ်ရာ၌ တမင်သက်သက်ဖန်တီးယူပြီး(၀ါ)လုပ်ယူပြီးမှကုသိုလ်ကောင်းမှုတစ်ခု ရကောင်းသည်
မဟုတ်ပါ။
ဤအချက်ကို ဥပမာဖြင့် ရှင်းပါမည်။
စေတီ၊ဘုရားကျောင်းကန် သန့်ရှင်းရေးအတွက် တံမြက်စည်းလှည်းခြင်းကုသိုလ်လုပ်လိုသောကြောင့် သန့်ရှင်းနေသော
စေတီ ဘုရား၊ကျောင်းကန်တစ်ဝိုက်ကို မိမိကိုယ်တိုင်သော်လည်းကောင်း၊သူတစ်ပါးကိုစေခိုင်း၍သော်လည်းကောင်း၊
"အမှိုက်"ဖွထားပြီးမှ မိမိက ကုသိုလ် ရချင်၍ အမှိုက်သိမ်း၊တံမြက်စည်းလှည်းခြင်းမျိုး လုပ်၍မရပါ။(ထပ်ပြောပါရစေ-လုံးဝ
မရပါ)။
ဤသို့ကျွန်တော်ကဆိုလိုက်သဖြင့် "ဒီလိုမျိုးဘယ်သူလုပ်မှာလဲ"ဟုဆိုကောင်းဆိုပါမည်။ဆန္ဒမစောပါနှင့်။ဆက်လက်ဖတ်ရှု
ပေးပါ။
ပေးခြင်း၊ကမ်းခြင်း၊လှူဒါန်းခြင်းဆိုသည်ကောင်းသောအမှုဖြစ်၏။ပြုကောင်းသောအလုပ်ဖြစ်၏။ဒါနကုသိုလ်ကောင်းမှုဖြစ်၏။
သို့သော်-ယင်း ဒါနကုသိုလ် အမှုကိုပင် မျှော်လင့်ချက်မပါသော ပကတိ စွန့်လွှတ်မှုသက်သက်ဖြင့်သာလုပ်အပ်၏။
ကုသိုလ်ရချင်၍လှူခြင်းမျိုးမဖြစ်အပ်။ရချင်လျှင်"လောဘ"ပါသောကြောင့် "အကုသိုလ်"ဖြစ်၏။(ဤသည်မှာ"ပရမတ်"ရှု
ထောင့်မှဆိုခြင်းဖြစ်ပါသည်)။
မိမိက ဆေးအလှူလုပ်လိုသောကြောင့်၊"ဇီဝိတဒါန"ပြုလိုသောကြောင့်သတ္တ၀ါတစ်ကောင်ကောင်ကို ခြေရိုက်ချိုးခြင်း၊
အတောင်ပံရိုက်ချိုးခြင်း၊အနာတရဖြစ်အောင်ထိုးခုတ်ခြင်းပြုလုပ်ပြီးမှ ဆေးလှူ၊ဆေးကုသခြင်းဖြင့်"ဇီဝိတဒါန"လုပ်ပါသည်
ဟုဆိုလျှင် "ဇီဝိတဒါနအစစ်အမှန်"မဟုတ်မှန်ကြောင်းကိုကောင်းစွာ သဘောပေါက်မည်ဖြစ်ပါသည်။
"နွားသတ်ရုံ"သို့ ရောက်နေသော"နွား"ကိုဈေးကောင်းပေးဝယ်၍"ဘေးမဲ့လွှတ်"လျှင်ကား"ဇီဝိတဒါန"ဖြစ်၏။
သို့သော်-မြစ်၊ချောင်း၊အင်း၊အိုင် တွင် သူ့သဘာဝအတိုင်းလွတ်လွတ်လပ်လပ်နေသော"ငါး"များကိုဖမ်းယူပြီးရေထဲပြန်လွှတ်
ခြင်းမှာ"ဇီဝိတ ဒါန"မဟုတ်။"ဇီဝိတဒါန"ကို"အဓမ္မ"လုပ်ယူခြင်း ဖြစ်၏။
သူ့သဘာဝအတိုင်းလွတ်လပ်စွာပျံသန်းနေကြသော(စာကလေး-အပါအ၀င်)"ငှက်ကလေးများ"ကိုဖမ်းပြီး ပြန်လွှတ်ခြင်း
သည်လည်း "ငါးလွှတ်ခြင်း"နှင့်အလားသဏ္ဍာန်တူပါ၏။"အတင်းအဓမ္မ-ဇီဝိတဒါန"ပြုခြင်းပင်။
မန္တလေးမြို့၊မဟာမြတ်မုနိဘုရားကြီးအဖူးအမျှော်ရောက်ခဲ့စဉ်ကကျွန်တော့်မိတ်ဆွေညီငယ်က"ကိုညီ-စာကလေးဝယ်
လွှတ်မလား၊ဇီဝိတဒါန ဖြစ်တာပေါ့"ဟုဆိုပါသည်။
"သနားလို့ မလွှတ်တော့ဘူးကွာ"ပြန်ပြောလိုက်သောအခါ-"ဟင်-တစ်မျိုးကြီးပါလား သနားလို့မလွှတ်ဖူး လို့ပဲ"ဟု ပြုံးပြီးပြောပါ၏။
"အေးလေ-အတ္တကြီးတဲ့သူတွေက ကိုယ်ငွေရဖို့ပဲတွက်ပြီး ငှက်ကလေးတွေဖမ်းပြီး ပြန်လွှတ်ဖို့ ရောင်းစားနေကြတာ။
သူတို့မှာ လုပ်စရာအလုပ် ဒီလောက်ရှားသလား၊သူတို့ငှက်ဖမ်းတဲ့ပယောဂထဲမှာ တို့များ မယောဂ မပါချင်လို့
ဝယ်မလွှတ်တာပါ။ဝယ်လွှတ်တဲ့သူ တစ်ယောက်မှ မရှိရင် သူတို့လည်း ငှက်မဖမ်းတော့ပဲ ဒီအလုပ်ကိုစွန့်လွှတ်လိုက်မှာပဲ။
ဒါကိုများ ငါ့ရှင် က ဇီဝိတ ဒါနဖြစ်တယ်များထင်နေသေးသလားဟ။
တရားဥပဒေစိုးမိုးတဲ့အခြားနိုင်ငံတွေဆိုရင် တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရေးယူခံရမှာသေချာသပေါ့။
တကယ်တော့ ဒီဖြစ်စဉ်က သေချာစဉ်းစားကြည့်ရင် "ငှက်ဖမ်းတဲ့သူရယ်"၊"၀ယ်လွှတ်တဲ့သူရယ်" ပူးပေါင်းကြံစည်ကြတာ။
"၀ယ်လွှတ်တဲ့သူ"ကငှက်ကလေးတွေ၊ငါးကလေးတွေတကယ်"သနား"လို့၊သူတို့ကလေးတွေ"အသက်ဆက်လက်ရှင်သန်
စေဖို့" အမှန်တကယ် လိုလားတယ်လို့များထင်နေသလား၊ ဝေးပါသလေး မောင်ရာ။
သူတို့ သေ မှာစိုးလို့၊သူတို့ အသက်ဆက်ချင်လို့ "ယတြာ"ချေတာလဲပါသကွဲ့။အဓိက ကြံရာပါတစ်ယောက်ကတော့
"ဗေဒင်ဆရာ"ပဲ။ငှက်၊ငါး လွှတ်ဖို့အကြံပေးတာသူ။ယတြာလုပ်ပေးတာသူ။
တို့များ မှာသာ အခွင့်အာဏာရှိလို့ကတော့ ဘယ်ပြောကောင်းမလဲကွာ။
"ငှက်တွေ၊ငါးတွေ ကို လွှတ် ဖို့ မဖမ်း ရ။ ဖမ်းသူကိုထိ ရောက်စွာ အရေးယူမည်"လို့တောင် အမိန့်ထုတ်လိုက်ချင်ပါတယ်။
ဒါမှ "ဇီဝိတ ဒါန"အစစ်ပါဗျ"
ထိုကဲ့သို့ "ငှက်များ၊ငါးများ"လွှတ်ဖို့ရောင်းချနေသူများ၊၀ယ်ယူကာလွှတ်ပေးနေကြသူများကိုမြင်တိုင်း-
ကျွန်တော် ငယ်ငယ်က ကစားခဲ့တာကိုသတိရမိသည်။
ကျွန်တော် ငယ်စဉ်က "ပုစဉ်း"ကလေးများဖမ်း၍ အမြီးတွင် အပ်ချည်ကြိုးနှင့်ချည်ကာ ဆော့ကစားခဲ့ဖူးပါသည်။
"ပုစဉ်းကလေး"က အပေါ်သို့ပြန်တက်သွားလိုက်၊ ကျွန်တော်က အပ်ချည်ကြိုးမှတစ်ဆင့်အောက်သို့ ပြန်ဆွဲချလိုက်နှင့်
အားရအောင်ဆော့ပါသည်။ကစားလို့ ၀ တော့မှ ပြန်လွှတ်ပေးလိုက်ပါ၏။
ထိုအခါ "ပုဇဉ်းကလေး"မှာ ဖမ်းထားတာကြာသောကြောင့်လည်းကောင်း၊ကျွန်တော်၏ဆော့ကစားမှုကြောင့်လည်းကောင်း၊
မပျံနိုင်။ ပျံမတက်နိုင်ရှာတော့။
ထို"ငှက်ကလေးများ၊ငါးကလေးများ"အကြိမ်ပေါင်းမည်မျှအဖမ်းခံရ၍၊အကြိမ်ပေါင်းမည်မျှကြာကြာပိတ်လှောင်ခံနေရလေသနည်း။ကျွန်တော်ငယ်စဉ် က ကလေးအပြုအမူနှင့် ယခုမြင်တွေ့ရသော ထိုအဖြစ်တို့ကို ပြန်လည်နှိုင်းယှဉ်စဉ်းစားမိသည်။
ငယ်ရာမှ ကြီးလာသည်မှာတော့ မှန်၏။သို့သော် ဦးနှောက်၊စာနာစိတ်၊ကိုယ်ချင်းစာစိတ်၊မေတ္တာတရားများ ကြီးလာပုံမရ။
ထိုသူတို့သည်-သူငယ်နှပ်စားအတွေးအခေါ်နှင့် သူငယ်နှပ်စားဘ၀အသိလောက်သာ ၌ မှာပင်ရှိနေကြသေးကလား။
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)
0 ကွန်မန့်ရေးရန်:
Post a Comment