Sunday, March 3, 2013

တိဘက်က ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံပါ။ မြတ်ဗုဒ္ဓရဲ့ပုံတော် အစစ်မဟုတ်တဲ့ အတွက် ရုပ်ပွါးတော်လို့ ခေါ်လို့မရ

Khin Mya Htwe Naing and Chit Zaw shared ရာဇာဓိ ရာဇာ's photo.
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလုပ်နေပါတယ် ဒီလိုလုပ်နေပါတယ် ဆိုတဲ့ ပို့စ်တွေ တွေ့ရလို့ ဒီစတေးတပ်စ်ကို ရေးလိုက်တာပါ။ 

အခုပုံကတော့ တိဘက်က ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံပါ။ မြတ်ဗုဒ္ဓရဲ့ပုံတော် အစစ်မဟုတ်တဲ့ အတွက် ရုပ်ပွါးတော်လို့ ခေါ်လို့မရပါဘူး။ ပုံကတော့ သူတို့ရဲ့ ယောဂကျင့်စဉ်တွေထဲက ကာမဂုဏ်ခံစားတဲ့ ကျင့်စဉ်တစ်ခုကို ပုံဖော်ထားတဲ့ ကာမမုဒြာ ပုံပါ။ 

တိဘက်ထုံးစံ အရ ဇနီးမောင်နှံ နှစ်ဦးစလုံး အတွက် အသုံးဝင်တဲ့ ကျင့်စဉ်လို့ ဆိုပါတယ်။ အမျိုးသားနဲ့အမျိုးသမီး ပူးတွဲလေ့ကျင့်လို့ ရသလို တစ်ဦးထဲလည်း လေ့ကျင့်လို့ရပါတယ်တဲ့။ 

ဝဇီရာယန ဆိုတာ လက်ရှိ ဒလိုင်းလားမား ယုံကြည်လက်ခံ ကျင့်သုံးနေတဲ့ ဝါဒလည်းဖြစ်ပါတယ်။ သူကိုယ်တိုင် တန်ထရာယောဂကို ကျင့်ကြံလား ဆိုတာတော့ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ မြန်မာပြည်မှာ အသံထွက်လာတဲ့ ကာမကို အလှူခံလို့ရတယ် ဆိုတဲ့ ဝါဒနဲ့တော့ မသက်ဆိုင်ဘူးထင်ပါတယ်။

ကျွန်တော်တို့ရဲ့ ထေရဝါဒနဲ့ မဟာယန မတူသလို ထေရဝါဒနဲ့ ဝဇီရာယန ဟာလည်း လားလားမှ မဆိုင်ပါဘူး။ တင်တဲ့သူတွေကတော့ ဘာရည်ရွယ်ချက်နဲ့ တင်ကြလည်းမသိပါ။ ဒီကျင့်စဉ်တွေဟာ မနေ့တနေ့ကမှ ပေါ်လာတာမဟုတ်ဘဲ နှစ်ပေါင်းရာပေါင်း များစွာကတည်းက တစ်ခြားအယူဝါဒ ကျင့်စဉ်တွေနဲ့ ရောပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ကျွန်တော်တို့ကျင့်သုံးတဲ့ ထေရဝါဒ (မဟာယနတွေအခေါ် ဟိနယန ) ပိဋကတ်တော်တွေကို ရှေးမူအတိုင်း မပျောက်မပျက် စင်ကြယ် အောင် သံဃာယနာ ၆ ကြိမ်တိုင်တင်ခဲ့ရတာ ဝိနယတော်တွေကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ ကြရတာ ဖြစ်ပါတယ်။ 

ဝဇီရာယနနဲ့ တန်ထရာယောဂ အကြောင်း အသေးစိတ်သိလို သူများ အောက်ပါလင့်ခ်များမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။ 

http://en.wikipedia.org/wiki/Tantra_techniques_(Vajrayana)

http://en.wikipedia.org/wiki/Karmamudr%C4%81

http://tantrismuskritik.blogspot.com.au/2011/01/true-face-of-dalai-lama-playing-around_21.html

http://en.wikipedia.org/wiki/Karmamudrā

http://tantrismuskritik.blogspot.com.au/2011/01/true-face-of-dalai-lama-playing-around_21.html

0 ကွန်မန့်ရေးရန်:

Post a Comment