Saturday, March 2, 2013

ယောက်ကျား၏လက်ထဲတွင် ကင်ဒိုဓါး အလျား ၂၀ လက်မလောက်ရှိ ဓါးကို ကိုင်ပြီး မိန်းမလုပ်သူက ဘေ့စ်ဘောတုတ်ကို ကိုင်ကာ ဖျန်ဖြေပေးသော လူကြီးနှင့် စက်ဘီးသမားအား ဓါးနှင့်ဆင်းခုတ်

အလုံမြို့နယ်၊ဆင်မင်းလမ်းမပေါ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါသည်..အကြောင်းရင်းမှာ ကားအရှေ့တွင် စက်ဘီးသမားက ပိတ်ပြီး နင်းနေသောကြောင့် ကားသမားမှ ×××× ဆဲဆိုလိုက်သဖြင့် ရပ်ကွက်အတွင်းမှ ရပ်မိရပ်ဖ တစ်ယောက်က ၀င်ရောက်ဖျန်ဖြေရာ ကားပေါ်မှာ လင်မယား၂ယောက်ဆင်းလားပြီး ယောက်ကျား၏လက်ထဲတွင် ကင်ဒိုဓါး အလျား ၂၀ လက်မလောက်ရှိ ဓါးကို ကိုင်ပြီး မိန်းမလုပ်သူက ဘေ့စ်ဘောတုတ်ကို ကိုင်ကာ ဖျန်ဖြေပေးသော လူကြီးနှင့် စက်ဘီးသမားအား ဓါးနှင့်ဆင်းခုတ်ရာ ရပ်ကွက်အတွင်းမှ လူများ သိရှိရ်ျ ကားပေါ်တက် ပြီး ကားမောင်းပြေးမည်လုပ်စဉ် ရပ်ကွက်အတွင်းမှ လူတစ်ယောက်က ကားအရှေ့မှ ပိတ်ကာ အိပ်ပြီး ရဲစခန်းထဲသို့ ဖုန်းဆက်လိုက်သည်..သိပ်မကြာ ၁နာရီလောက်မှ ရဲများရောက်လာပြီ... ကားပေါ်ပါအမျိုးသမီးက တရပ်ကွက်လုံးကို ဂ၇ုမစိုက်ဘူး..သူ့ကိုသူ့ ဟိုဟာပိုင်တယ်.. ဒီဟာကို ဖုန်းဆက်ပြီးပြီး ဟုဖြဲလေသည်...ဒါကို ရပ်ကွက်အတွင်းရှိ လူများက ပိုရ်ျ မခံနိုင်ဖြစ်ကာ ကားပေါ်တွင်ပါလာသော ဓါးနှင့်တုတ်အား ရှာဖွေပုံစံဖြင့် သိမ်းရန် ရဲတာဝန်မှုးအား ပြောရာ ဒုရဲအုပ်မှ ရှာဖွေပုံစံဖြင့် သိမ်းစည်းသွားသည်..ကားပေါ်ပါသူမှာ သူ့ကိုယ်သူ စစ်တပ်ကအရာရှိ လိုလို ဘာလိုလိုဖြင့် ကားပေါ်တွင် ရေတပ်မှ ဦးထုပ်တစ်လုံးကိုလဲ တင်ထားသည်ကိုတွေ့ရပါသည်...ထိုသူအားလက်နက်ကိုင်ဆောင်မှု၊ရပ်ကွက်နေပြည်သူများအား အသရေဖျက်မှု၊အာဏာအလွဲသုံးစားလုပ်မှုဖြင့် အရေးယူမည် မယူမည်ကို မောင်ဘာဘာ မနက်ဖြန်တွင် အလုံရဲစခန်း သို့သွားရောက်မေးမြန်းမည်ဖြစ်ပါသည်

0 ကွန်မန့်ရေးရန်:

Post a Comment