Sunday, December 9, 2012

Online ကနေ နိုင်ငံတကာရုပ်/သံ Channel များကို ကြည့်ရှုနိုင်မည့် TVU Player


ပြီးခဲ့တဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်နေ့ရက်များမှ မှတ်တမ်းများကိုOnline ပေါ်ကနေကြည့်ရှုနိုင်ခဲ့တဲ့ Sky Net Up to Date Channel ကြောင့် TVU player ဟာမြန်မာပြည်က အင်တာနက်သုံးစွဲသူတွေ ကြားမှာ အတော်ကိုရေပန်းစားခဲ့ပြီး..လူသိများခဲ့ပါတယ်။


Sky Net up to date ရုပ်/သံလိုင်းအပါအ၀င် နိုင်ငံတကာမှ ထုတ်လွှင့်ပြသနေတဲ့ ရုပ်/သံလိုင်းတော်တော်များများကိုလဲ...အခမဲ့ကြည့်ရှုနိုင်ပါသေးတယ်။ များပြားလှတဲ့ Channel တွေက သင့်ကိုရွေးချယ် စရာအလုပ်တွေ..ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ သတင်း၊ အားကစား၊ ရုပ်ရှင်၊ ကာတွန်းလိုင်းတွေလဲ သင့်ကိုပျင်းရိခြင်းမှကင်းဝေးစေဦးမှာပါ။


ကျွန်တော်လဲအစက sky net up to date လိုင်းကိုပဲကြည့်နေရင်းက...တခြား channel တွေကိုပြောင်းကြည့်တော့မှပဲ Channel news Asia....hollywood movie...CCTV(5)sport အပါ အ၀င် CCTV Channel များ၊ ဘောလုံးပွဲတွေပဲလွှင့်တဲ့ football now Channel သုံးလိုင်း..စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်ကြည့်ရှုခဲ့လို့..ဒီplayer လေးကိုသင့်ကွန်ပျူတာလေးထဲ.မောင်းသွင်းထား လိုက်ရင်..စလောင်းတောင်တပ်ဖို့မလိုလောက်အောင်ပါပဲ။ စိတ်ဝင်စားတယ်ဆိုရင်ဖြင့်..အရင်ဦးဆုံး TVU Player ကိုအရင်ယူကြရအောင်ဗျာ။


TVU Player အားရယူရန်



ဒေါင်းလုတ်ဆွဲပြီးတာနဲ့ TVUplayer.exe ကို install လုပ်ကြတာပေါ့။




ကြည့်ရှုနိုင်တဲ့အပြင် ကိုယ်ကြိုက်တာလေးဆိုရင်လဲ record လုပ်နိုင်ပါသေးတယ်တဲ့။





မြန်မာပြည်ရဲ့ SKY Net Up to date လိုင်းကိုကြည့်ချင်ရင်တော့ search channel ဆိုတဲ့အကွက်လေးထဲမှာ 99221 ဆိုပြီးရိုက်ထည့်လိုက်ပါ။





အက်ရှင်ကားလေးရွေးကြည့်လိုက်ပါဦးမယ်





စက်ရုပ် နဲ့ ပန်းသီး တွေပေါ်မှာလဲ.ကြည့်နိုင်သေးတယ်







TVU Player အားရယူရန်





မြန်မာပြည်ရဲ့ internet connection အမြန်နှုန်းနဲ့ကြည့်လို့အဆင်မပြေဘူးဆိုပေမယ့်..ညနက်ပိုင်းလိုင်းကောင်းချိန်မှာ(တခါတလေ) မှာတော့..အံ့သြဖွယ်ရာ..အထစ်အငေါ့မရှိကြည့်ရှုနိုင်တာကတော့ ကျွန်တော့်ကိုယ်တွေ့မို့....မိတ်ဆွေတို့လဲ..အဆင်ပြေကြမယ်လို့မျှော်လင့်မိပါတယ်။ 2007ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းမှစပြီး.မြန်မာပြည်မှာ အထူးကိုလူကြိုက်များခဲ့ပြီး..ယနေ့ထက်တိုင် အားပေးကြည့်ရှုသူများပြားလှတဲ့ နော်ဝေနိုင်ငံအခြေစိုက်၊ မြန်မာဘာသာနဲ့ထုတ်လွှင့်နေတဲ့ DVB ရုပ်/သံလိုင်းကိုလည်း online ကနေကြည့်ရှုချင်ရင်တော့ဖြင့် ဒီနေရာကိုနှိပ် ပြီးကြည့်ရှုနိုင်ပါတယ်။ အားလုံးသော ရွှေမြန်မာပြည်က..online ချစ်သူများလည်း မြန်ဆန်သွက်လက်သော အင်တာနက် လိုင်းနဲ့ TVU Player ကပြသနေသော အခမဲ့ ရုပ်/သံလိုင်းများကို အထစ်အငေါ့မရှိ၊ ကြည်လင်ပြတ်သားစွာကြည့်ရှုနိုင်ကြပါစေလို့..ဆုတောင်းမေတ္တာပို့ရင်း...နားကြပါဦးစို့........




အားလုံးကိုချစ်ခင်လေးစားစွာဖြင့်
တွတ်တွတ်

0 ကွန်မန့်ရေးရန်:

Post a Comment