Sunday, December 9, 2012

ကမ္ဘာ့အရှည်ဆုံးတံတားများ


အထက်မှာ ကမ္ဘာ့အမြင့်ဆုံးတံတား(၁၀)စင်းကိုတင်ပြပြီးတော့
ကမ္ဘာ့အရှည်ဆုံးတံတား (၁၀)စင်းကိုထပ်မံတင်ပေးလိုက်ပါတယ်။
1. Lake Pontchartrain Causeway
 

United States မှာတည်ရှိတဲ့ နှစ်စင်းအပြိုင်တည်ဆောက်ထားသောတံတား
တစ်စင်းပါ။တံတားအပြိုင်နှစ်ခုလုံးဟာ 23.83 မိုင် (38.35 km) အထိရှည်ပါတယ်။
ဒီတံတားကြီးဟာ ကမ္ဘာ့အရှည်ဆုံးတံတား အဖြစ် 1969 ခုနှစ်ထဲက ဂရင်းနစ်စံချိန်
တင်ထားခဲ့တာပါ။
2. Donghai Bridge
 

ကမ္ဘာမှာ ဒုတိယပေမယ့် အာရှမှာတော့ ပထမ အရှည်ဆုံးတံတားတစ်စင်းပါ။
တရုတ်နိုင်ငံ မှာတည်ရှိပြီး 32.5 kilometres (20.2 မိုင်)ရှည်ပါတယ်။
3. King Fahd Causeway

ဆော်ဒီအာရေးဗျားနိုင်ငံ မှာတည်ရှိတဲ့ ဒီတံတားကြီးဟာ 25 km (16  မိုင်)ရှည်
ပါတယ်။
4. Chesapeake Bay Bridge

နောက်ထပ်လှပတဲ့ နှစ်ဆောင်ပြိုင်တံတားကြီး တစ်စင်းပါပဲ။အမေရီကန်နိုင်ငံ
မေရီလန်းပြည်နယ်ဘက်မှာတည်ရှိပါတယ်။ အမေရိကန်တွေက တံတားကိုနှစ်ဆောင်
ပြိုင်ဆောက်တာ တော်တော်ဝါသနာပါတယ်နဲ့ တူတယ်နော်...


5. Vasco da Gama Bridge

ပေါ်တူဂီနိုင်ငံ မှာတည်ရှိပြီး 10.7 မိုင်ရှည်ပါတယ်။
6. Penang Bridge

ဒါကတော့ မလေးရှားနိုင်ငံမှာ တည်ရှိတာပါ။ 8.4 မိုင်ရှည်ပါတယ်။
7. Rio-Niteroi Bridge

ဘရာဇီးနိုင်ငံ မှာတည်ရှိပြီး 8.25 မိုင်ရှည်ပါတယ်။
8. Confederation Bridge

ကနေဒါ နိုင်ငံမှာတည်ရှိတာပါ။ 12.9-kilometre (8 မိုင်)ရှည်ပါတယ်။
9. San Mateo-Hayward Bridge

အမေရိကန်မှာပဲ တည်ရှိပြီး 7 မိုင်ရှည်ပါတယ်။
10. Seven Mile Bridge
 

လှပပြီးခန်းနားလှတဲ့တံတားတစ်စင်းပါ။ ဒါပေမယ့် ထိပ်ဆုံးတံတား(၁၀)စင်း
မှာတော့ နောက်ဆုံးပဲဖြစ်ရပါတယ်။နှစ်စင်းအပြိုင်တည်ဆောက်ထားထဲက ဒီတံတား
ဟာ အမေရိကန်နိုင်ငံမှာပဲ ရှိတာ သိနိုင်ပါတယ်ဗျာ။ 6.765 မိုင်ရှည်ပါတယ်။
မူရင်း။     ။  နေခရမ်း(ထူးဆန်းထွေလာ)   တွင်ကြည့်နိုင်ပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment