

သနားစရာကောင်းတဲ့ Zhou ဟာ ခွဲစိတ်ခန်းထဲမှာ ၇ ရက်နဲ့ ၇ ည အချိန်ဖြုန်းခဲ့ရပါတယ်..၊ ဆရာဝန်များရဲ့ ကြိုးပမ်းမှုကြောင့် Zhou ဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပါတယ်..၊ ဒါပေမယ့် သူမရဲ့ မီးလောင်ဒဏ်ရာတွေက တော်တော်ကိုပြင်းထန်ခဲ့ပါတယ်..၊ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ အခြားကိုယ်အင်္ဂါရဲ့ (၃၀) ရာခိုင်နှုန်းလောက် မီးလောင်ခံခဲ့ရပြီး နားရွက်တစ်ဖက် မရှိတော့ ပါဘူး..၊
Tao ရဲ့ မိဘတွေဟာ စာရွက်စာတမ်းတွေထုတ်ပြီး Zhou ရဲ့မိဘတွေကို ကျေအေးကြောင်း လက်မှတ် ထိုးခိုင်းခဲ့ပါတယ်..၊ Zhou ရဲ့ မိဘတွေက မထိုးနိုင်ကြောင်း ငြင်းတဲ့အခါမှာ Tao မိဘတွေက Zhou ရဲ့ ဆေးရုံတက်စရိတ်ကို ဆက်လက်ထောက်ပံ့ပေးမှာ မဟုတ်ကြောင်းပြောပါတယ်..၊ အရင်ကတည်းက ဆင်းရဲ နွမ်းပါးပြီး အကြွေးတွေဝိုင်းနေတဲ့ Zhou ရဲ့မိဘများဟာ ဆေးရုံစရိတ်ကို ဘယ်လိုမှ မတတ်နိုင် ခဲ့ပါဘူး..၊ ဒါကြောင့် နောက်ဆုံးတော့ ရွေးချယ်စရာလမ်းမရှိခဲ့ပဲ ကျေးအေးကြောင်း လက်မှတ်ကို ထိုးပေးလိုက်ရပါတယ်….


တော်တော်ကြေကွဲစရာကောင်းတဲ့ဖြစ်ရပ်လေးပါ…၊ ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ ခေတ်ကြီးကို ရောက်မှန်းမသိရောက်နေပါပြီ…၊ ချောချောလှလှ ချစ်စရာမိန်းကလေးကနေ လူအများ လှည့်မကြည့်ချင်လောက်အောင်ရုပ်မျိုးဖြစ်ခဲ့တဲ့ ဒီလိုအဖြစ်မျိုးကြုံရလောက်အောင် ကောင်မလေးဘက်က ဘာများ မှားခဲ့လို့ပါလဲ…၊ ဘာအမှားမှ မလုပ်ခဲ့ပါ…၊ ဒေါသအလျောက်လုပ်ခဲ့တဲ့ ကောင်လေးရော ဘာပြန်ပေး ဆပ်ခဲ့ရပါသလဲ…၊ ကောင်မလေးအတွက် ရှေးက၀ဋ်တွေပါလာလို့ ဒီလိုဖြစ်တာလို့ သတ်မှတ်နိုင်ပြီး ကောင်လေးကတော့ ဘယ်အချိန်မှာ သူဒီလိုပြန်ခံရမလဲဆိုတာ စောင့်နေရုံသာ ရှိပါတော့တယ်…
from-aunghtunoo
0 ကွန်မန့်ရေးရန်:
Post a Comment