ဦးဦး ကုလားကြီး and Mg Mg Aye shared Aye Chan Mon's photo.
မေး ။ ။ ဘုန်းကြီးတွေ နိုင်ငံရေး လုပ်သင့်ပါသလား ဘုရား ။
ဖြေ ။ ။ ကိုယ်တိုင် ဘုန်းကြီး ၀တ်ကြည့် လိုက်ပါ ။
( အရှင်ဆေကိန္န )
*** *** ***
လမ်းပေါ်မှာ သင်္ကန်း ဘိုသီ ဘတ်သီ ၀တ်၊ လက်သီးလက်ခမောင်းတန်းပြီး၊ Slogan တွေ ကြွေးကျော်နေတဲ့ ရဟန်းမျိုးကို ကဲ့ရဲ့ ရှုတ်ချထိုက်ပါတယ်။ ဒီလို မဟုတ်ဘဲ ရဟန်းပီသတဲ့ အသွင်အပြင်မျိုးနဲ့ ဆိုရင်တော့ ကိုယ်လက်မခံနိုင်သည့်တိုင်အောင် နားလည်မှု ပေးသင့်တယ်လို့ ထင်ပါတယ်။
နောက်တစ်ခုက ဘုန်းဘုန်းတို့ မြန်မာလူမှုအဆောက်အအုံကြီးမှာ မြတ်ဗုဒ္ဓက “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု” ဆိုတဲ့ သံဃာဘက်ကစည်း၊ “မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ” ဆိုတဲ့ ဒကာဘက်က စည်းတွေနဲ့ ဘယ်လိုပဲ ခြားထားခြားထား၊ အဲဒီ စည်းတွေကို ကျော်ပြီး သံဃာနဲ့ ဒါယကာဆက်ဆံရေးကို သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်ထားကြတယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။
ဘုန်းဘုန်းအပါအ၀င် မြန်မာရဟန်းသံဃာအများစုကို ကြည့်ရင် ရဟန်းသံဃာဘ၀သာ ရောက်နေတာ၊ ငါတို့ နိုင်ငံ ငါတို့ လူမျိုးဆိုတဲ့ (တရားတော်အတိုင်းဆိုရင်) အစွဲတွေက အတုံးလိုက် အတစ်လိုက်ကို ရှိနေတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံနဲ့ ပတ်သက်လာရင် အမှုမဲ့ အမှတ်မဲ့ နေလိုက်ဖို့ တော်တော် ခက်ပါတယ်။ ကာယကံမမြောက်သည့်တိုင် မနောကံကတော့ မြောက်မြောက်သွားတတ်တာချည်းပါပဲ ။
ဒါကြောင့် ရဟန်းသံဃာတော်တွေ နိုင်ငံရေးနယ်ပယ်ထဲကို ကာယကံမြောက် ၀င်ပါလာတာကို သိပ်ပြီး မဝေဖန်ချင်ဘူး။ ဝေဖန်ချင်တာက အဲဒီရဟန်းသံဃာတွေမှာ ကိုယ်ကျင့်သီလ Frame က ဘယ်လောက် ခိုင်မာပြီလဲ။ ပိဋကတ်စာပေတွေကိုရော ဘယ်လောက် လေ့လာသင်ကြားထားပြီလဲ၊ တခြား ဘာသန္တရနဲ့ ဒေသန္တရ အသိပညာတွေကော ဘယ်လောက် ဆည်းပူးမိပြီလဲ။ အတွေးအခေါ် အမြော်အမြင်ကရော ဘယ်လောက်တောင် ရှိနေပြီလဲ ဆိုတာတွေနဲ့ပဲ ဝေဖန်ဆန်းစစ်ချင်ပါတယ်။
ဒါတွေရှိနေပြီဆိုရင် သေချာပေါက် ပြောနိုင်တာက အဲဒီ ရဟန်းဟာ ရုပ်သေးရုပ် နိုင်ငံရေး ဘုန်းကြီး လုံးဝ မဟုတ်ဘူး ဆိုတာပါဘဲ။
Credit : Maha Thumana ( December 4, 2012 )
အေးချမ်းမွန်မှ Ko John တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်။
Photo From :Ko John
ဖြေ ။ ။ ကိုယ်တိုင် ဘုန်းကြီး ၀တ်ကြည့် လိုက်ပါ ။
( အရှင်ဆေကိန္န )
*** *** ***
လမ်းပေါ်မှာ သင်္ကန်း ဘိုသီ ဘတ်သီ ၀တ်၊ လက်သီးလက်ခမောင်းတန်းပြီး၊ Slogan တွေ ကြွေးကျော်နေတဲ့ ရဟန်းမျိုးကို ကဲ့ရဲ့ ရှုတ်ချထိုက်ပါတယ်။ ဒီလို မဟုတ်ဘဲ ရဟန်းပီသတဲ့ အသွင်အပြင်မျိုးနဲ့ ဆိုရင်တော့ ကိုယ်လက်မခံနိုင်သည့်တိုင်အောင်
နောက်တစ်ခုက ဘုန်းဘုန်းတို့ မြန်မာလူမှုအဆောက်အအုံကြီးမှာ မြတ်ဗုဒ္ဓက “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု” ဆိုတဲ့ သံဃာဘက်ကစည်း၊ “မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ” ဆိုတဲ့ ဒကာဘက်က စည်းတွေနဲ့ ဘယ်လိုပဲ ခြားထားခြားထား၊ အဲဒီ စည်းတွေကို ကျော်ပြီး သံဃာနဲ့ ဒါယကာဆက်ဆံရေးကို သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်ထားကြတယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။
ဘုန်းဘုန်းအပါအ၀င် မြန်မာရဟန်းသံဃာအများစုကို ကြည့်ရင် ရဟန်းသံဃာဘ၀သာ ရောက်နေတာ၊ ငါတို့ နိုင်ငံ ငါတို့ လူမျိုးဆိုတဲ့ (တရားတော်အတိုင်းဆိုရင်) အစွဲတွေက အတုံးလိုက် အတစ်လိုက်ကို ရှိနေတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံနဲ့ ပတ်သက်လာရင် အမှုမဲ့ အမှတ်မဲ့ နေလိုက်ဖို့ တော်တော် ခက်ပါတယ်။ ကာယကံမမြောက်သည့်တိုင် မနောကံကတော့ မြောက်မြောက်သွားတတ်တာချည်းပါပဲ
ဒါကြောင့် ရဟန်းသံဃာတော်တွေ နိုင်ငံရေးနယ်ပယ်ထဲကို ကာယကံမြောက် ၀င်ပါလာတာကို သိပ်ပြီး မဝေဖန်ချင်ဘူး။ ဝေဖန်ချင်တာက အဲဒီရဟန်းသံဃာတွေမှာ ကိုယ်ကျင့်သီလ Frame က ဘယ်လောက် ခိုင်မာပြီလဲ။ ပိဋကတ်စာပေတွေကိုရော ဘယ်လောက် လေ့လာသင်ကြားထားပြီလဲ၊ တခြား ဘာသန္တရနဲ့ ဒေသန္တရ အသိပညာတွေကော ဘယ်လောက် ဆည်းပူးမိပြီလဲ။ အတွေးအခေါ် အမြော်အမြင်ကရော ဘယ်လောက်တောင် ရှိနေပြီလဲ ဆိုတာတွေနဲ့ပဲ ဝေဖန်ဆန်းစစ်ချင်ပါတယ်။
ဒါတွေရှိနေပြီဆိုရင် သေချာပေါက် ပြောနိုင်တာက အဲဒီ ရဟန်းဟာ ရုပ်သေးရုပ် နိုင်ငံရေး ဘုန်းကြီး လုံးဝ မဟုတ်ဘူး ဆိုတာပါဘဲ။
Credit : Maha Thumana ( December 4, 2012 )
အေးချမ်းမွန်မှ Ko John တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
Photo From :Ko John
Posted in: အင်တာဗျူး
0 ကွန်မန့်ရေးရန်:
Post a Comment