Wednesday, December 19, 2012

လိုင်ဇာ ဟိုတယ်

Kaung Myat and Sa Maung shared Nay Min's photo.
ဒီနေ့ ဟိုဖတ်ဒီဖတ် ဖတ်နေရင်းကနေ ပလေတို ဒီမို ရဲ့ စာလေးထဲက စားသားလေးတွေဟာ တော်တော်များ များ မှန်နေတာ ကြောင့် အနည်းငယ်ကောက် နှုတ်ပြီး မျှဝေ တင်ပြချင်ပါတယ်.....

တစ်ကယ်တော့ ကချင် ပြည်သူတွေ အများ စုက KIA KNU ဆိုတဲ့ အဖွဲ့တွေက သူတို့ ကချင်တွေကို ကာကွယ်နေတယ် ကချင်ပြည်နယ် ကောင်းစားဖို့ အတွက်ပေါ့ တစ်ကယ်တော့ မဟုတ်ဖူးဗျ
သူတို့မှာလည်း ရည်ရွယ်ချက် နဲ့ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ဒီနေ့ကချင်ကို အမေရိကန်က လူကြီးတစ်ယောက်လာတဲ့အချိန်မှာ အင်အား (၈၀)နဲ့  (၂၀)လောက်ပဲ ရှိတဲ့ ရဲစခန်းကို ၀င်သိမ်းတာ ဘာအတွက်လဲ။ ကာမိုင်းမြို့ က အရပ်သား အပြစ်မဲ့သူတွေ (၁)ဦးသေ၊ (၁)ဦး ဒဏ်ရာရသွားတယ်။ ကာမိုင်းမြို့ ဝင်တံတားကို မိုင်းခွဲပြီး ချိုးသွားသေးတယ်။ဘာအတွက်လဲ အဓိက တော့ ကချင်တိုင်းရင်းသားတွေထင်သလို KIA က သူ့နယ်မြေကို ကာကွယ်နေတာမဟုတ်ပါဘူး တရုတ်နိုင်ငံ အတွက် လုပ်ပေးနေတာပါ။

ကေအိုင်အေက စပြီး မတိုက်ပါဘူး လို့  ဂွမ်မော် ဗြောင်လိမ်ဦးမှာလား။
တရုတ်ဘက်ကရော မသိဘူး လို့  ဗြောင်လိမ်ဦးမှာလား။
မြန်မာတွေ သတိရှိကြဖို့  သတိပြုကြဖို့  လိုတာက မြစ်ဆုံမှာ ကေအိုင်အေ ဘယ်လိုရပ်တည်ခဲ့ပါသလဲ။ကချင်ပြည်သူတွေ ပြန်စဉ်းစားကြည့်။ ခင်ဗျားတို့  စောင်မရှိ အနွေးထည် မရှိ ခိုက်ခိုက်တုန်အောင် ချမ်းနေကြရတဲ့ အချိန်မှာ တရုတ်ပြည်မကြီးထဲ အတားအဆီး မရှိ သွားချင်သလို သွား ဇိမ်ခံချင်သလို ခံနေကြတဲ့ ကေအိုင်အေ ခေါင်းဆောင်တွေ စည်းစိမ်ယစ်မူးနေတာ မသိကြဖူးလား။ ရွှေလီမှာ ဟိုတယ်တွေ
အနှိပ်ခန်းတွေ အများကြီးပိုင်ထားတဲ့ ဂွမ်မော် ညာဦးမှာလား။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကေအိုင်အို ကေအိုင်အေ ခေါင်းဆောင်တွေ တရုတ်ပြည်မှာ ဟိုတယ်တွေ အများကြီး ပိုင်နေပြီ။ ဆယ်သက် စားမကုန်တဲ့ စည်းစိမ်တွေ ခံစားနေကြပြီ။ ဘယ်မှာလဲ ကချင်ပြည်နယ် ကောင်းစားရေး။

အရင်တစ်ခါလည်း ပြောပြီးပါပြီ။ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်း ရပ်ရပ်သွားရော ဆိုပြီး ဟားတိုက်ရယ်ပြီး ဂွမ်မော်က ပြောတယ်။ အစိုးရဘက်က တပ်ချင်းဆွေးနွေးဖို့  သွားတော့ ဂွမ်မော် မလာဘူး။ တပ်က အရာရှိကြီးက မူဆယ်မှာ နေရစ်ခဲ့ရတယ်။ မအားလပ်ပါဘူး ဆိုတဲ့ ဂွမ်မော်နဲ့  ရေပေါ်ဆီခေါင်းဆောင်တွေက LiveStream နဲ့  လိုင်ဇာကနေ ထိုင်ကြည့် ပြီး ဟားတိုက် ရယ်နေကြတယ်။

တစ်ကယ်တော့ ခုအချိန်မှာ သနားစရာ အကောင်းဆုံးဖြစ်နေတဲ့သူတွေက
သမ္မတကြီးစကားကို နားထောင်ပြီးတော့ တိုက်ပွဲမှာ အသက်ပေးနေရတဲ့ တပ်မတော်သားတွေနဲ့ KIA KNU KIO တို့ရဲ့အညာခံနေရတဲ့ ကချင်
တိုင်းရင်းသားတွေပါ ဒီအချိန်မှာ .......
အထူး သဖြင့် မီဒီယာတွေ ဘာဖြစ်လို့  ရေငုံနှုတ်ပိတ်နေခဲ့ကြပါသလဲ။

ပြီးတော့ ထိုးစစ်ကို မြင့်တင်လာတယ်။ လက်ပံတောင်း တောင် ပြီးရင် ပိုက်လိုင်း လာမယ် လို့  ပြည်တွင်း မီဒီယာ ဂေါ့ဖားသားကြီး
ဒေါက်တာသန်းထွဋ်အောင်နဲ့  အဖွဲ့ က ထအော်တယ်။
မီဒီယာဆိုတာတွေကလည်း ပြည်သူတွေကို မြှောက်ပေးနေတယ်
စာဆိုတောင်ရှိပါတယ်.....

ဓါးသွားထက် ကလောင်သွားက ပို၍ထက်၏ တဲ့
ပြည်သူတွေအနေနဲ့ ခုအချိန်မှာ မျက်စိပွင့် နားပွင့်ရှိပြီး
သတင်း များအားလုံးကို ကိုယ်ပိုင် ဦးနှောက်နဲ့စဉ်းစား ချင့်ချိန်ပြီးယုံပါလို့ပြောချင်ပါတယ်........

ကျွန်တော့်လေ့လာထားသလောက်
သိရှိသလောက် ပြည်သူများ fb User များအား ပြန်လည် မျှဝေချင်းဖြစ်ပါတယ် သတင်း အမှားများကို ဖွနေချင်းမဟုတ်ပါ......

Photo Credit: www.kachindailynews.com

စာကို ဆုံးအောင်ဖတ်ပါ Photo Credit ပေးထားပါတယ် မယုံရင်သွားကြည့်ပါ ....အောက်မှာ Comment တွေ သိပ် ပေးမနေနဲ့ ပုံကို ပြောချင်ရင် အဲဒီမှာ သွားပြော....

0 ကွန်မန့်ရေးရန်:

Post a Comment