Friday, November 9, 2012

လသားအရွယ်ကလေးငယ်မှ


ကိုလံဘီယာနိုင်ငံတွင် အသက်(၂၈)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သူမရဲ့ လသားအရွယ်သားငယ်အား နတ်ဆိုးများပူးကပ်နေသည်ဟု အခိုင်အမာယုံကြည်လျက်ရှိသည်။ သူမရဲ့ကလေးငယ်က မီးတောက်များလွှတ်ထုတ်နိုင်ခြင်းနှင့် တစ်ခါတစ်ရံတွင် ၄င်း၏အိပ်ရာမှ ပျောက်သွားကာ အ၀တ်လျှော်စက်ကဲ့သို့ ပုံမှန်ဖြစ်လေ့ဖြစ်ထမရှိသည့်နေရာများတွင် ပြန်ပေါ်လာတတ်သည်ဟုဆိုပါသည်။ ယင်းထက်ပိုမိုထူးခြားသည်မှာ ၄င်း၏ပုံသဏာန်အား ပိုမိုအသက်ကြီးရင့်သောပုံသို့ ပြောင်းလဲနိုင်သည်ဟု ကလေးငယ်၏မိခင်ပြောပြချက်ကို ဗြိတိန်သတင်းစာ တွင်ဖော်ပြခဲ့သည်။ အဆိုပါကလေးငယ်အား Devil Baby ဟု နာမည်ပြောင်ခေါ်တွင်ကြပြီး တစ်လသားအရွယ်တွင် ပုံမှန်အရွယ်ရောက်သူကဲ့သို့ လမ်းလျှောက်နိုင်ပြီဟု ဆိုသည်။ ကိုလံဘီယာနိုင်ငံ၏ ကာရေဘီယံကမ်းခြေဒေသရှိ သူမနေထိုင်ရာ အရပ်က အဆိုပါစွတ်စွဲပြောဆိုချက်များအပေါ်လက်ခံနိုင်ခြင်းမရှိပဲ သူမ၏နေအိမ်ကိုပင်ကျောက်ခဲများဖြင့် ပစ်ပေါက် ခဲ့ကြသည်ဟုယင်းသတင်းစာတွင်ဖော်ပြပါရှိသည်။ သို့သော် သူမ၏ပတ်ဝန်းကျင်မှ ကလေးငယ်၏ထူးခြားမှုများကို မျက်မြင်တွေ့ရှိမှုများကြောင့် ယခုနောက်ပိုင်းတွင် ယုံကြည်လာကြပြီး ဒေသအာဏာပိုင်များကလည်း စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
ကျွန်တော်ဖတ်မိတာလေးကို ပထမဆုံးလက်တက်စမ်းပြီးတင်ကြည့်တာပါ။ အမှားပါရင် နားလည်ပေးကြပါခင်ဗျာ။ ကလေးငယ်ရဲ့ပုံလေးပါ ပါတယ်ဗျ။ scaner မရှိလို့မထည့်ပေးတာပါ။

0 ကွန်မန့်ရေးရန်:

Post a Comment