Friday, November 9, 2012

ဘင်္ဂလီကုလားများ၏ နယ်မြေပိုင်ဆိုင်လိုမှု ဘူးပေါ်သလိုပေါ်ပါပြီ

‎`

-----------------------------------------------------------------

6.11.2012 ရက်နေ့ ရခိုင်ပြည်နယ် ၊ပေါက်တောမြို့နယ် ဖရုံကာကျွန်းတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ စစ်ဆေးမှုများ စတင်သည့်အခါ ဘင်္ဂလီမွတ်ဆလိမ်များက ပြဿနာစတင်ရှာပါပြီ။

နိုင်ငံသားမဟုတ်သည့် ဘင်္ဂလီမွတ်ဆလိမ်များအား လူမျိုးနေရာတွင် ဘင်္ဂလီလူမျိုးဟု သက်ဆိုင်ရာမှ ဖြည့်သည့်အခါ လက်မခံဘဲ သူတို့ မော်လဗီများနှင့် ပြည်တွင်း၊ ပြည်ပ ကြိုးကိုင်နေသော သူများပြောခိုင်းသည့်အတိုင်း ရိုဟင်ဂျာဟုဖြည့်မှ အိမ်ထောင်စုစာရင်းတွင် လက်မှတ်ထိုးနိုင်မည်ဟု ပြောဆိုနေကြကြောင်း သိရပါသည်။

သမ္မတကြီးနှင့်တကွ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များက ရိုဟင်ဂျာဆိုသည့်တိုင်းရင်းသား မရှိပါဟု ပြောထားသည့် နာမည်တစ်ခုအား အတင်းအဓမ္မလိုချင်နေသော သူတို့၏ ခံယူချက်မှာ ဤနယ်မြေအား အချောင် ရယူလိုသော ဆန္ဒပေါ်လွင်နေကြောင်း သိရှိနိုင်ပါသည်။

ထိုသို့ ပြောဆိုရန်အတွက် နောက်ကွယ်မှ ကြိုးကိုင်နေသော အနှောင်အယှက်ပေးနေသောအဖွဲ့အား အစိုးရတရပ်အနေဖြင့် အမြန်ဆုံး ဖော်ထုတ်ပြီး အရေးယူနိုင်ပါမှ ၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်အထည်ဖေါ်နိုင်မည် ဖြစ်သည်။ အစိုးရအဖွဲ့တရပ်အနေဖြင့် မည်သို့ဖြေရှင်းပေးမည်ကိုသာ စောင့်ကြည့် ကြရမည် ဖြစ်ပါတော့သည်။

Ref: Aung Mra Kyaw - စစ်တွေမြို့နယ်အမတ်

0 ကွန်မန့်ရေးရန်:

Post a Comment