Friday, November 23, 2012

အငှားသွက်ပြီး အရောင်းပုံမှန်ဖြစ်နေသော ရန်ကုန်အိမ်ခြံမြေဈေးကွက်


အငှားသွက်ပြီး အရောင်းပုံမှန်ဖြစ်နေသော ရန်ကုန်အိမ်ခြံမြေဈေးကွက်ရန်ကုန်မြို့ရှိ အဓိက အချက်အချာ ကျသော ပုဇွန်တောင်၊ ကမာရွတ်၊ စမ်းချောင်း၊ ကျောက်တံတားမြို့ နယ် များတွင် အိမ်၊ ခြံ၊ မြေ အရောင်းထက် အငှားသွက်နေကြောင်း ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် များထံမှ သိရသည်။ ကျောက်တံတား မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ် များ အတွင်း ရုံးခန်းဖွင့်ရန် အငှားလိုက် နေကြောင်း "ရွှေမင်းသား" အိမ်၊ ခြံ၊ မြေ အကျိုးဆောင် မကြူကြူလှိုင်က ပြောကြားသည်။ ကျောက်တံတား မြို့နယ် အတွင်းရှိ ၁၂ ပေ၊ ပေ၅၀ ရှိ တိုက်ခန်းဈေးမှာ ပျမ်းမျှ ၁၂ သိန်း မှ ၁၃ သိန်းခန့်ရှိကြောင်း ပုဇွန်တောင် မြို့နယ်အတွင်းရှိ ၁၉ ပေ၊ ပေ ၇၀ မြေညီထပ်များမှ ၇ သိန်းမှ ၈ သိန်းခန့်ရှိပြီး ပေ ၂၀၊ ပေ ၆၀ လေးလွှာရှိ ပြင်ဆင်ပြီးသော အထပ်များမှာ တစ်သိန်းလေးသောင်းမှ နှစ်သိန်းအထိ ရှိကြောင်း "ရွှေမင်းသား" အိမ်၊ ခြံ၊ မြေ အကျိုးဆောင် မကြူကြူလှိုင်က ဆိုသည်။ကမာရွတ်နှင့် စမ်းချောင်းမြို့နယ် များအတွင်း
ဝါကျွတ်ပြီး နောက်ပိုင်းအိမ်အငှားများ သွက်နေသည်ဟု "မြဧကရီ" အကျိုးဆောင် ကိုအောင်ဇော်ထိုက် က ပြောကြားသည်။ ကမာရွတ်နှင့် စမ်းချောင်းမြို့ နယ်များတွင် လူနေထိုင်ရန် အတွက် အငှားသွက်နေပြီး ဈေးနှုန်းများမှာ တစ်သိန်းခွဲမှ နှစ်သိန်းခွဲ အထိရှိကြောင်း၊ ဝါကျွတ်ပြီးနောက်ပိုင်း အိမ်အငှားများ ပို၍သွက်လာကြောင်း၊ အိမ်အငှားဈေးများမှ တည်ငြိမ်မှုမရှိဘဲ တရိပ်ရိပ်တက်လာကြောင်း "မြဧကရီ" အကျိုးဆောင် ကိုအောင်ဇော်ထိုက် ဆိုသည်။
ဆန်းထူးအောင်

0 ကွန်မန့်ရေးရန်:

Post a Comment