Saturday, November 10, 2012

မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး မရှိပါ။


မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး မရှိပါ။

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း

နိဒါန်း
၁ ။ “ကျုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ဘယ်နှစ်မျိုးရှိပါသလဲ ” လို့ လူကြီးမင်း အမေးခံရမည် ဆိုလျင် “ ၁၃၅ မျိုးရှိပါသည် ” လို့ ဖြေမှာ သေခြာ သလောက် ဖြစ်ပါတယ် ။ လူကြီးမင်းက စာတတ်ပေတတ် စာဖတ်ပေဖတ် ဖြစ်လို့ ဤကဲ့သို့

ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ အဖြေမှန်မဟုတ်သေးပါ ။ လူကြီးမင်း အရွှီးအဖြန်း ခံထားရသဖြင့်သာ ထိုကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ နောင်တွင် အဖြေမှန် ဖြေဆိုနိုင်ကြစေရေး အတွက် ဤ ဆောင်းပါးဖြင့် ဖော်ထုတ်တင်ပြ အပ်ပါတယ် ။
မြန်မာတိုင်းရင်းသားလူမျိုးစု ၁၃၅ အစ နဝတ က
၂ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိပါတယ်လို့ စပြီး ပြောတဲ့သူဟာ နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင် ဖြစ်ပါတယ် ။ သူဘာကြောင့် သည်လိုပြောရသလဲ ဆိုလျင် မြန်မာနိုင်ငံမှာ လူမျိုးစုတွေ များလွန်းနေတဲ့အတွက် စည်းရုံးရေးလုပ်ရတာ

မလွယ်ကြောင်း ပြောလိုရာက အစပြုပြီး လူမျိုးစု ၁၃၅ စုရှိကြောင်း အဖြေထွက်လာတာဖြစ်ပါတယ် ။ သူသိချင်တဲ့ အဖြေကို စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ပြုစုပေးတာ ဖြစ်ပါတယ် ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံး ဟာ သူသိလိုတဲ့

အချက်အလက်များကို သန်းကောင်စာရင်းနှင့် ကွန်ပျူတာမှတ်တမ်းဌာန ဆီကရရှိပါတယ် ။ သန်းကောင်စာရင်းနှင့် ကွန်ပျူတာ မှတ်တမ်းဌာနက ပေးတဲ့စာရင်းဟာ တော်လှန်ရေးကောင်စီခေတ်မှ ပြည်သူ့ ကောင်စီခေတ်သို့ ကူးပြောင်းရေးကာလမှာ ကောက်ယူခဲ့တဲ့

သန်းကောင်စာရင်းကို အခြေခံပြုစုထားတဲ့စာရင်း ဖြစ်ကြောင်းသိရပါတယ် ။ အဲသည်တုန်းက ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းဆိုရာမှာလည်း ၊ လုပ်အားပေး ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများက ကောက်ယူခဲ့တဲ့စာရင်းပါ ။ လုပ်အားပေး သန်းကောင်စာရင်း

ကောက်ယူသူများကလည်းပဲ ၊ သက်ဆိုင်ရာ ဒေသခံများက ဖြေကြားချက်အတိုင်း ရေးမှတ်ကောက်ယူ စာရင်းသွင်းခဲ့ကြတာပါ ။ ဥပမာအားဖြင့် ဘာလူမျိုးလဲဆိုလျင် ၊ ဖြေကြားသူက ရှမ်းဗမာ ဆိုလျင် ရေးသူကလည်း ရှမ်းဗမာလို့ ရေးမှတ်သွားတာမျိုး ၊ ရွာနီးချုပ်စပ်

နောက်တစ်ရွာ နောက်တစ်ဖွဲ့ ကောက်ယူတဲ့စာရင်းမှာတော့ ၊ တိုင်းလိုင်း ဆိုပြီးဖြေလို့ တိုင်းလိုင် လို့မှတ်တမ်းဝင်သွားတာမျိုးပါ ။[ ဆက်ဖတ်ရန် +/- ]

လူမျိုးစု ၁၃၅-မျိုးက ဘယ်သူတွေလဲ
၃ ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ဗိုလ်မှူးဝင်းမောင်မောင် (ဒုတိယဦးစီးမှူး) ပြုစုတင်ပြ ထားတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးစာရင်းကို လေ့လာကြည့်ကြလျင် အောက်ပါအတိုင်းတွေ့ကြရမှာပါ -
• ၁- ကချင်
• ၂- ကယား(ကရင်နီ)
• ၃- ကယမ်း(ပဒေါင်)
• ၄- ကရင်ဖြူ
• ၅- ကလင်တော(လူရှေ)
• ၆- ကော်
• ၇- ကိုးကန့်
• ၈- ကြီ
• ၉- ခမီ
• ၁၀- ခေါနိုး
• ၁၁- ခေါင်းအိုင်ချင်း
• ၁၂- ခန္တီးရှမ်း
• ၁၃- ချင်း
• ၁၄- ချောင်းသား
• ၁၅- ခွါဆင်းမဲ
• ၁၆- ခွန်လီ ခေါ်ဆင်းမ်
• ၁၇- ဂဒူး
• ၁၈- ဂဏန်း
• ၁၉- ဂေခို
• ၂၀- ဂေဘာ
• ၂၁- ဂုံ (ခွန်ရှမ်း)
• ၂၂- ဂျိန်ဖေါ့
• ၂၃- ဂွေးသဲ
• ၂၄- စကောကရင်
• ၂၅- စနော
• ၂၆- စမူ
• ၂၇- စုံ(သဲ)
• ၂၈- ဆလိုင်
• ၂၉- ဆလုံ
• ၃၀- ဆင်ထန်
• ၃၁- ဆိုင်ထန်
• ၃၂- ဇယိန်း
• ၃၃- ဇာထောင်
• ၃၄- ဇိဖေ
• ၃၅- ဇိထုံး
• ၃၆- ဇို
• ၃၇- ဇိင်ဝါး
• ၃၈- ဇိန်ညှပ်(ဇန်နီယပ်)
• ၃၉- ဇွန်း
• ၄၀- တပေါင်
• ၄၁- တလယ်ပွါ
• ၄၂- တာဒိုး
• ၄၃- တီးတိန်
• ၄၄- တေဇန်
• ၄၅- တောရ်
• ၄၆- တောင်ရိုး
• ၄၇- တိုင်ချွန်း
• ၄၈- တိုင်းခန္တီး
• ၄၉- တိုင်းဆာ (မိုင်းသာ)
• ၅၀- တိုင်းလေ
• ၅၁- တိုင်းလိုင် (တိုင်းလျန်)
• ၅၂- တိုင်းလုံ
• ၅၃- တိုင်းလွယ်
• ၅၄- တန်ဒူး
• ၅၅- ထမံ
• ၅၆- ထားဝယ်
• ၅၇- ဒင်မ်
• ၅၈- ဒိုင် (ယင်ဒူး)
• ၅၉- ဒိုင်းနက်
• ၆၀- ဓနု
• ၆၁- နာဂ
• ၆၂- ပနမ်း
• ၆၃- ပရဲ (ဘရဲ)
• ၆၄- ပလေဂီး
• ၆၅- ပလေး
• ၆၆- ပလောင်
• ၆၇- ပသျှူး
• ၆၈- ပအိုဝ့် (အီကော)
• ၆၉- ပါကင်းမ်
• ၇၀- ပိုးကရင် (အနောက်)
• ၇၁- ပိုးကရင် (အရှေ့)
• ၇၂- ဖိုပွါ
• ၇၃- ဖုန် (ဖွန်)
• ၇၄- ဖျင်
• ၇၅- ဗမာ
• ၇၆- ဘန်ဂဲ
• ၇၇- ဘွဲ့
• ၇၈- မကန်း
• ၇၉- မရူ
• ၈၀- မနူမနော
• ၈၁- မဟူ
• ၈၂- မာရင်
• ၈၃- မီရမ် (မရာ)
• ၈၄- မီအဲ
• ၈၅- မောရှမ်း
• ၈၆- မော်နေပွါ
• ၈၇- မိုယ့်ထိုင် (ကသဲ)
• ၈၈- မြို
• ၈၉- မြောင်ဇီး
• ၉၀- မြိတ်
• ၉၁- မွင်း
• ၉၂- မွန်
• ၉၃- ယော
• ၉၄- ယင်းကြား
• ၉၅- ယင်းတလဲ
• ၉၆- ယင်းနက်
• ၉၇- ယင်းဘော်
• ၉၈- ယွန် (လာအို)
• ၉၉- ရခိုင်
• ၁၀၀- ရဘိန်
• ၁၀၁- ရဝမ်
• ၁၀၂- ရီရန်
• ၁၀၃- ရောင်ထု
• ၁၀၄- ရှမ်း
• ၁၀၅- ရှမ်းကလေး
• ၁၀၆- ရှမ်းကြီး
• ၁၀၇- ရှမ်းဗမာ
• ၁၀၈- လရှီ
• ၁၀၉- လာချိတ်
• ၁၁၀- လားဟူ
• ၁၁၁- လီစူး
• ၁၁၂- လီရှော
• ၁၁၃- လု
• ၁၁၄- လူရှိုင်း (လူရှေ)
• ၁၁၅- လေးမြို့
• ၁၁၆- လော်ဝေါ်
• ၁၁၇- လောက်ထူ
• ၁၁၈- လင်လဲ
• ၁၁၉- လိုင်
• ၁၂၀- လိုင်ဇို
• ၁၂၁- လမ်း
• ၁၂၂- လျင်းထု
• ၁၂၃- လွယ်လ (ဝ)
• ၁၂၄- သက်
• ၁၂၅- ဟွားလ်ငို
• ၁၂၆- အခါ
• ၁၂၇- အဇီး
• ၁၂၈- အနူး
• ၁၂၉- အနန်း
• ၁၃၀- အရှိုချင်း (မြေပြန့်)
• ၁၃၁- အောဝခမီ
• ၁၃၂- အူပူ
• ၁၃၃- အိုက်ကွယ်
• ၁၃၄- အင်
• ၁၃၅- အင်းသား

တူနေတာတွေည်းရှိ ၊ မပါတာတွေလည်းရှိနိုင်
၎ ။ အဲသည် မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရဲ့ စာရင်းကို ကျနော်တို့ သာမန်ကာလျှံကာ ကြည့်မယ် ဆိုရင် ဟုတ်သလိုလို ထင်ရပါတယ် ။ အဲသည်စာရင်းမှာ တူနေတာတွေ တော်တော်ပါနေပါတယ် ။ ကျနော်သိသလောက်ပြောရရင်တော့ (၁) ကချင် နှင့် (၂၂)

ဂျိန်ဖေါ့ (Jing Phaw) ဟာ အတူတူဖြစ်ပါတယ် ။ ဗမာတွေက ကချင်လို့ ခေါ်တယ် ။ ကချင်တွေက မိမိကိုယ်ကို မိမိ ဂျိန်ဖေါ့ (Jing Phaw) လို့ ခေါ်ပါတယ် ။ နောက်ပြီး (၄၈)တိုင်းခန္တီးနှင့် (၁၂)ခန္တီးရှမ်း ၊ (၃၁)တိုင်းလိုင် နှင့် (၁၀၇) ရှမ်းဗမာ (၁၀၅-ရှမ်းကလေး လို့လည်း

ခေါ်သလို ရှမ်းနီဆိုပြီးတော့လည်း ခေါ်ကြပါသေးတယ်) ၊ (၅၂)တိုင်းလုံ နှင့် (၁၀၆)ရှမ်းကြီး ဆိုတာတွေက အတူတူ ဖြစ်ပါတယ် ။ ရှမ်းလိုခေါ်တာ နှင့် ဗမာလိုခေါ်တာပဲ ကွာပါတယ် ။ ကျန်တာတွေတော့ ကျနော် မသိပါ ။ ကျန်တဲ့ စာရင်းမှာလည်း တူတာတွေ

အများကြီးရှိနိုင်သေးသလို မပါတာတွေ ကျန်ခဲ့ တာတွေလည်း အများကြီး ရှိနိုင်ပါသေးတယ် ။ ဥပမာ ကူကီး ၊ မုန်းဝန်းရှမ်း ဆိုတာတွေပေါ့ ခင်ဗျာ ။

ပညာရှင်များခင်ဗျာ
၅ ။ မြန်မာသမိုင်း ပညာရှင်များ ၊ မြန်မာတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက် နေပါတယ် ဆိုတဲ့ သူများခင်ဗျာ မြန်မာတိုင်းရင်းသား လူမျိုးစု ဘယ်နှစ်စု ရှိပါတယ်လို့ အမှန်အတိုင်း ပြောနိုင်အောင်တော့ ကြိုးစားကြစေလိုပါတယ် ။ သိတ်ခက်ခဲမည့်ကိစ္စတော့ ဟုတ်မယ်မထင်ပါ ။ ဇောက်ချပြီး အားထည့် ကြိုးစားကြမည်ဆိုလျင် ၂ နှစ် ၃ နှစ်အတွင်းမှာ အဖြေထွက်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။

ပညာရှင်များ ဂရုပြုနိုင်ဖို့အတွက် “ လူမျိုးဘယ်လောက်ရှိသည်ကိုမသိသေးလျင် ၊ ဘာသာစကား ဘယ်လောက်ရှိသည် ဟူသော အချက်ကို မသိသေးသဖြင့် Linguistic survey လုပ်ရန်လိုကြောင်း ” ဦးမြင့်ကြည် (မြန်မာစာအဖွဲ့ဝင်) ရဲ့ တင်ပြချက်ကိုလည်း ထပ်ဆင့် တင်ပြလိုက်ရပါတယ်ခင်ဗျာ ။

နိဂုံး
၆ ။ ခုအချိန်မှာ မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရှိတယ် ဆိုတဲ့ အဆိုဟာ အမှန်လိုလို အတည်လိုလို ဖြစ်နေပါတယ် ။ နဝတဥက္ကဌကြီးရဲ့ မိန့် ကြားချက်ဖြစ်သမို့ မြန်မာ့ သမိုင်းပညာရှင် များလည်း မထိရဲ ၊ မတို့ရဲ ဖြစ်နေကြပါတယ် ။ ဘယ်သူမှ ဝေဖန်ဆန်းစစ်ခြင်း ၊

သုတေသနပြုခြင်း မရှိခဲ့ကြပါဘူး ။ အမှား တစ်ခုဟာ ကြာလာရင် အမှန်လိုလို ဖြစ်သွားနိုင်တာမို့ ၊ အမှားဟာ အမှန် ၊ အမှန်ဟာ အမှား ဖြစ်မသွားရလေအောင် သမိုင်းကြောင်းလေး ကိုပြန်လည် တည့်မတ်ပေးကြဖို့ စာတမ်းဖြင့် မေတ္တာရပ်ခံတင်ပြအပ်ပါတယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ် ။

0 ကွန်မန့်ရေးရန်:

Post a Comment