Sunday, October 7, 2012

Korea မင်းသမီးတွေကို အားကျတာပေါ့ သူတို့လို ၀တ်ချင်တာပေါ့


၂၁ ရာစုမြန်မာမိန်းကလေး ..........................................


* Korea မင်းသမီးတွေကို အားကျတာပေါ့ သူတို့လို ၀တ်ချင်တာပေါ့ ဒါပေမဲ့ ဘိုးဘွား မိဘ အကိုတွေ မောင်တွေက မကြိုက်လို့ ဆင်ခြင်ရတယ်။


*တခါတလေ စိတ်လွတ်ကိုယ်လွတ်လည်ပစ်ချင်တာပေါ့
စိတ်
ညစ်လို့ စိတ်ထွက်ပေါက်ရှာ ပစ်ချင်တာပေါ့
ညလုံးပေါက် လည်ပစ်ချင်တာပေါ့ ဒါပေမဲ့.....မြန်မာမိန်းကလေး လေ ။ ဆိုတဲ့ အသိနဲ့ လူငယ်စိတ်ကို ချိုးနှိမ်ပစ်ရတယ်။

*လွတ်လပ်သော နေထိုင်မှု ဆိုပြီး နေချင်တာပေါ့
ဒါပေမဲ့ လူကြီးမိဘတွေရှေ့မှာ ထိုင်ချင်သလိုထိုင် နေချင်သလိုနေ ပြောချင်သလို ပြောလို့မရဘူး ယဉ်ကျေးမှု အရ ထိုင်ပုံ နေပုံ ပြောပုံဆိုပုံ စကားအသုံးအနှုန်း ကအစ သတိထားရတယ်။

*တခြားနိုင်ငံက ရွယ်တူမိန်းကလေးတွေ ကိုယ့်ဟာကိုယ်သီးသန့်နေ ကိုယ့်ဘ၀ကိုယ်ထူထောင်နေကြတာ အားကျတာပေါ့
ဒါပေမဲ့ လူကြီးတွေရဲ့ အမြင်မှာတော့ အိမ်ထောင်မကျသေးတဲ့ မြန်မာမိန်းကလေး တစ်ယောက်က ကိုယ့်ကိုကိုယ် မထိန်းနီုင်သေးတဲ့ ကလေးပါပဲ

*ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည် တိုင်းတပါးမှာ ပညာသွားသင်မယ်ဆိုရင်တောင် ယောက်ျားလေးတစ်ယောက်ထက် မြန်မာ မိန်းကလေးတစ်ယောက်က နှစ်ဆ လောက်ပိုကြိုးစားရပါတယ်
မိန်းကလေးဆိုတဲ့ ကန့်သတ်ချက်ကြီးကိုကျော်ဖို့ အမြဲ သတိထားနေရတဲ့သူပါ။

*ဘယ်လောက်ပဲ social ကျပြီး ခေတ်မီသူဖြစ်ပါစေ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တဲ့ ဘာသာတရားရဲ့ အဆုံးအမကိုတော့ လိုက်နာကြပါတယ်။ အလေးထားကြတာကလဲ မြန်မာမိန်းကလေးပါပဲ

* လူတစ်ယောက်ကို ချစ်မိပြန်တော့လဲ မချစ်မိသယောင်နေတာ ဟန်ဆောင်တာမှမဟုတ်တာ
မြန်မာမိန်းကလေးတစ်ယောက်ရဲ့ စောင့်စည်းရမယ့် ကျင့်ဝတ်တစ်ခုကို သူထမ်းဆောင်နေရတာပါ
သူ့ရင်တွေ ဘယ်လောက်ပူနေလဲ ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်


*ချစ်သူရှိလာပြန်တော့လဲ လူကြီး တွေနဲ့ အိမ်ကို ကြောက်တတ်ရတာ
တခြား မဆိုင်တဲ့လူတွေသိမှာ ရှက်တတ်တာ မြန်မာမိန်းကလေးပါပဲ

* ဘယ်လောက်ပဲ ပညာတော်ပါစေ မာနကြီးပါစေ ချစ်သူနဲ့တွေ့ရင် ကလေး တစ်ယောက်လို ဘာမှမသိဘဲ ချစ်သူရဲ့ စကားကို အမိန့်လိုနားထောင်တတ်တာလဲ မြန်မာမိန်းကလေးတွေပါပဲ

*ချစ်သူကို လက်ထပ်ရတဲ့ အခါ ကိုယ့်တစ်ဘ၀လုံးဟာ လက်ထပ် လိုက်တဲ့ ချစ်သူ အပိုင်ဖြစ်သွားတတ်ပါတယ် ခင်ပွန်းရဲ့ ကောင်းခြင်း ကို သာ ပတ်ဝန်းကျင်ကို သိစေတတ်ပေမဲ့ ခင်ပွန်းရဲ့ ဆိုးခြင်း ကို တော့ မိဘကိုတောင် ပေးမသိဘဲ တစ်ယောက်ထည်းခါးစည်းခံတတ်တာလဲ မြန်မာ မိန်းကလေးတွေပါပဲ

*ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းထဲမှာ သွားလာတဲ့ အခါ " ဒါ ကျွန်မ ခင်ပွန်းလေ " ဆိုတဲ့ မိတ်ဆက်စကားထက် "ကျွန်မက ---------ရဲ့ ဇနီးပါ "ဆိုပြီး ခင်ပွန်းရဲ့ နောက်ကွယ်မှာပဲ နေတတ်ကြပါတယ်။ခင်ပွန်းကို အားကိုးကြပါတယ်။ အလေးထားကြတယ်။ အဲဒီလိုပြောခွင့်ရခြင်းကိုပဲ ဂုဏ်ယူစရာ တစ်ခုအဖြစ် သတ်မှတ်ထားတာကလဲ မြန်မာမိန်းကလေးတွေ ပါပဲ.....................
Photo: ၂၁ ရာစုမြန်မာမိန်းကလေး .......................................... * Korea မင်းသမီးတွေကို အားကျတာပေါ့ သူတို့လို ၀တ်ချင်တာပေါ့ ဒါပေမဲ့ ဘိုးဘွား မိဘ အကိုတွေ မောင်တွေက မကြိုက်လို့ ဆင်ခြင်ရတယ်။ *တခါတလေ စိတ်လွတ်ကိုယ်လွတ်လည်ပစ်ချင်တာပေါ့ စိတ်ညစ်လို့ စိတ်ထွက်ပေါက်ရှာ ပစ်ချင်တာပေါ့ ညလုံးပေါက် လည်ပစ်ချင်တာပေါ့ ဒါပေမဲ့.....မြန်မာမိန်းကလေး လေ ။ ဆိုတဲ့ အသိနဲ့ လူငယ်စိတ်ကို ချိုးနှိမ်ပစ်ရတယ်။ *လွတ်လပ်သော နေထိုင်မှု ဆိုပြီး နေချင်တာပေါ့ ဒါပေမဲ့ လူကြီးမိဘတွေရှေ့မှာ ထိုင်ချင်သလိုထိုင် နေချင်သလိုနေ ပြောချင်သလို ပြောလို့မရဘူး ယဉ်ကျေးမှု အရ ထိုင်ပုံ နေပုံ ပြောပုံဆိုပုံ စကားအသုံးအနှုန်း ကအစ သတိထားရတယ်။ *တခြားနိုင်ငံက ရွယ်တူမိန်းကလေးတွေ ကိုယ့်ဟာကိုယ်သီးသန့်နေ ကိုယ့်ဘ၀ကိုယ်ထူထောင်နေကြတာ အားကျတာပေါ့ ဒါပေမဲ့ လူကြီးတွေရဲ့ အမြင်မှာတော့ အိမ်ထောင်မကျသေးတဲ့ မြန်မာမိန်းကလေး တစ်ယောက်က ကိုယ့်ကိုကိုယ် မထိန်းနီုင်သေးတဲ့ ကလေးပါပဲ *ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည် တိုင်းတပါးမှာ ပညာသွားသင်မယ်ဆိုရင်တောင် ယောက်ျားလေးတစ်ယောက်ထက် မြန်မာ မိန်းကလေးတစ်ယောက်က နှစ်ဆ လောက်ပိုကြိုးစားရပါတယ် မိန်းကလေးဆိုတဲ့ ကန့်သတ်ချက်ကြီးကိုကျော်ဖို့ အမြဲ သတိထားနေရတဲ့သူပါ။ *ဘယ်လောက်ပဲ social ကျပြီး ခေတ်မီသူဖြစ်ပါစေ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တဲ့ ဘာသာတရားရဲ့ အဆုံးအမကိုတော့ လိုက်နာကြပါတယ်။ အလေးထားကြတာကလဲ မြန်မာမိန်းကလေးပါပဲ * လူတစ်ယောက်ကို ချစ်မိပြန်တော့လဲ မချစ်မိသယောင်နေတာ ဟန်ဆောင်တာမှမဟုတ်တာ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ စောင့်စည်းရမယ့် ကျင့်ဝတ်တစ်ခုကို သူထမ်းဆောင်နေရတာပါ သူ့ရင်တွေ ဘယ်လောက်ပူနေလဲ ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ် *ချစ်သူရှိလာပြန်တော့လဲ လူကြီး တွေနဲ့ အိမ်ကို ကြောက်တတ်ရတာ တခြား မဆိုင်တဲ့လူတွေသိမှာ ရှက်တတ်တာ မြန်မာမိန်းကလေးပါပဲ * ဘယ်လောက်ပဲ ပညာတော်ပါစေ မာနကြီးပါစေ ချစ်သူနဲ့တွေ့ရင် ကလေး တစ်ယောက်လို ဘာမှမသိဘဲ ချစ်သူရဲ့ စကားကို အမိန့်လိုနားထောင်တတ်တာလဲ မြန်မာမိန်းကလေးတွေပါပဲ *ချစ်သူကို လက်ထပ်ရတဲ့ အခါ ကိုယ့်တစ်ဘ၀လုံးဟာ လက်ထပ် လိုက်တဲ့ ချစ်သူ အပိုင်ဖြစ်သွားတတ်ပါတယ် ခင်ပွန်းရဲ့ ကောင်းခြင်း ကို သာ ပတ်ဝန်းကျင်ကို သိစေတတ်ပေမဲ့ ခင်ပွန်းရဲ့ ဆိုးခြင်း ကို တော့ မိဘကိုတောင် ပေးမသိဘဲ တစ်ယောက်ထည်းခါးစည်းခံတတ်တာလဲ မြန်မာ မိန်းကလေးတွေပါပဲ *ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းထဲမှာ သွားလာတဲ့ အခါ " ဒါ ကျွန်မ ခင်ပွန်းလေ " ဆိုတဲ့ မိတ်ဆက်စကားထက် "ကျွန်မက ---------ရဲ့ ဇနီးပါ "ဆိုပြီး ခင်ပွန်းရဲ့ နောက်ကွယ်မှာပဲ နေတတ်ကြပါတယ်။ခင်ပွန်းကို အားကိုးကြပါတယ်။ အလေးထားကြတယ်။ အဲဒီလိုပြောခွင့်ရခြင်းကိုပဲ ဂုဏ်ယူစရာ တစ်ခုအဖြစ် သတ်မှတ်ထားတာကလဲ မြန်မာမိန်းကလေးတွေ ပါပဲ.....................
 
 credit to  Hnin  Maykha
သူငယ်ချင်းများအတွက် အတွေးလေးတစ်ခုလောက်ရမယ်လို.ထင်တဲ့ စိတ်နဲ. ဝေငှလိုက်ပါကြောင်း
 
မော်နီကာ

0 ကွန်မန့်ရေးရန်:

Post a Comment