Sunday, October 7, 2012

ကမ္ဘာကျော်ခဲ့သော အလွဲများ


1.Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲလ်ကုမ္ပဏီအသေးလေးလုပ်မယ် ဆိုပြီးနာမည်ကို Micro(သေးငယ်သော)၊Soft(software) ဆိုပြီး နာမည်ပေးခဲ့တာ။ယနေ့ ခေတ်မှာ အကြီးဆုံးကုမ္ပဏီတွေထဲက တစ်ခု ဖြစ်နေပါပြီ။

2.စတိဗ်ဂျော့က သူ့ ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင် ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့ သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီ ပန်းသီးတစ်ကိုက် ကိုက်မိတဲ့ပုံနဲ့ ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။
3.Final Fantasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ ကုမ္ပဏီက ဂိမ်းထုတ်တိုင်း ရှုံးနေတာ။ဘတ်ဂျက်  ကလဲ သိပ်မကျန်တော့ဘူး။နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေ၀ါလီ ခံတော့မယ်ဆိုပြီးဂိမ်းနာမည်ကို Final Fantasy  (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာအဲ့ဒီကတည်းက ကုမ္ပဏီအောင်မြင်တာ အခုထိပါပဲ။
4.Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ဒါကြောင့် Google Home Page ကို စလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။နာမည်ကို မှတ်ပုံတင်ဖို့ သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းတဲ့ အချိန်မှာတပ်တဲ့ မျက်မှန်) ဆိုတာကို ရွေးလိုက်တာပါ။ ဒါပေမဲ့ မှတ်ပုံတင်လုပ်တဲ့လူက လွဲပြီးတော့ Google ဆိုပြီး
မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင် ရှာဖွေသည်လိုအဓိပ္ပာယ်ထွက်တဲ့ အထိအောင် အောင်မြင်နေပါပြီ။
5.Facebook ကို စတင်တည်ထောင်တဲ့ မက်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြား အရောင်များထက်ပိုမိုခွဲခြားနိုင်ပါတယ်။အခြား အရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲသုံးလိုက်တာယခုဆိုရင် အပြာရောင်ဘားတန်း နဲ့အဖြူရောင် စာလုံးဆိုရင် Facebook သင်္ကေတ ဖြစ်နေပါပြီ။
6.Java programming ဆိုရင် စပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့ အိမ်ပြတင်းပေါက်နားမှာဝက်သစ်ချပင်ရှိတော့ အဲဒါကို အစွဲပြုပြီး Oak Programming ဆိုပြီး နာမည်ပေးလိုက်တာ။ဒါပေမဲ့ မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူ နာမည်ရှိနေတော့ အခြား တစ်မျိုးစဉ်းစားရတယ်။အဲ့ဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေ ကော်ဖီတွေ နင်းကန် သောက်တာကို သတိရပြီးကော်ဖီတွေ အများကြီးထွက်တဲ့ ဂျားဗားကျွန်းနာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပါပဲ။
http://www.facebook.com/notes/myanmar-jokes/%E1%80%80%E1%80%99%E1%8...

0 ကွန်မန့်ရေးရန်:

Post a Comment