Thursday, September 13, 2012

မဖတ်ရင်လူဖြစ်ရှုံးပြီသာမှတ်


မဖတ်ရင်လူဖြစ်ရှုံးပြီသာမှတ်

လူတိုင်းမှာ ကံ(သို့မဟုတ်) အလုပ် ဆိုတာ ရှိတယ်နော်
ကံဆိုတာက အလုပ်ပါ
မွေးလာတဲ့အချိန်မှာ
(၁)အတိတ်ဘ၀ကံရင့်သန်သူ (သို့မဟုတ်) ကောင်းသောအလုပ်များများ လုပ်ခဲ့သူပါ။
(၂)အတိတ်ဘ၀ကံနည်းပါးသူ (သို့မဟုတ်) ကောင်းသောအလုပ် လုပ်တာ နည်းခဲ့သူ (သို့မဟုတ်) မကောင်းတာ လုပ်တာများခဲ့တဲ့သူပါ။
နှစ်မျိုးနှစ်စားကွဲပြားပါတာ မင်းတွေ့မိမှာပါ။
(၁)ဒါပေမဲ့ မင်းမွေးကတဲက ဆင်းရဲတာ မင်းလုပ်တာ မဟုတ်ပါ။(အရင်ကလုပ်ခဲ့တာတွေ အကျိုးဆက်ပေါ့ )
(၂)သည်ဘ၀မှာတော့ နောက်ဆုံးအချိန် ထိ မင်းမချမ်းသာသေးရင် မင်းလုပ်တာတွေ မှားနေသေးတယ်နော်။
(၃)နောင်ဘ၀သော် လူပြန်ဖြစ်ရင်လဲ မင်းဆင်းရဲဦးမှာ။
ဒါကြောင့်မို့ အရင်က ဆင်းရဲတာ မတွေးနဲ့
သည်ဘ၀ ချမ်းသာအောင် သမ္မာအာဇီဝ ထဲကရွေး
သည် စက်ဝန်းကို တပါတ်ပြည့်အောင် မင်းပြေးနိုင်ရင်
သည်ဘ၀ရော နောင်ဘ၀ရော
သံသရာပေါင်းများစွာမှာ
မင်းချမ်းသာတော့မှာပါ ။
အတိတ်ကံ မကောင်းတဲ့ စက်ဝန်းကို
ဖျက်ဆီးဖို့ ပြုပြင်ဖို့
မင်းအလုပ်ပါ သူငယ်ချင်း။
မင်း ဘေးထိုင် ဘုပြောလုပ်နေရင်
ဆင်းရဲတာကို မကြေနပ်ဖြစ်နေရင်
မကြေနပ်တာကို ရိုးမယ်ဖွဲ့နေရင်
လုပ်သင့်တာ မလုပ်ရင်
သံသရာများ စွာမှာ
မင်းဘဲ စိတ်ဆင်းရဲရမှာပါနော်။
မင်းသာမဟုတ်ပါ မင်းနဲ့နီးတဲ့လူတိုင်း
အပူဒါဏ် ခံစားရမှာပါ။
လောကမှာ လူတိုင်းပျော်ခြင်ကြတာ
မင်းလဲအသိ ငါလဲအသိပါ ။
ပျော်ခြင်ရက်နဲ့ မပျော်နိုင်ကြတာကို
အတိတ်ဘ၀ကံကို အပြစ်မဆိုနဲ့လေ
မင်း လူဖြစ်တုန်း ရုန်းထွက်လေကွာ
အခွင့်အရေး တစ်ခါကျန်ပါသေးရဲ့
သည်တခါပါ ဆက်မှားသေးရင်လား
မင်းအမှား မင်းခံရတော့မှာ
နောင်ဘ၀ဆိုတာ မင်းမှာမရှိတော့ဘူးနော်...။

0 ကွန်မန့်ရေးရန်:

Post a Comment