Thursday, September 13, 2012

မြန်မာနိုင်ငံတွင် တယ်လီဖုန်းလုပ်ငန်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန်စီစဉ်


(IANS သတင်းမှ 11Sept 2012ရက်စွဲပါ “Myanmar mulls telecom Industry’s privatization” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရက ၎င်း၏ နိုင်ငံပိုင်တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန်စီစဉ်လျက် ရှိသည်။ မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန MPT က၎င်း၏တယ်လီဖုန်းဆက်သွယ်ရေးကို ပုဂ္ဂလိကလုပ်ကိုင်သူ ၄ ဦးဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်မည့် အစီအစဉ်ကို ရေးဆွဲနေသည်ဟု ပြည်တွင်းသတင်းရပ်ကွက်ကို ကိုးကား၍ Xinhua သတင်းက ဖော်ပြထားသည်။
တဆင့်ပြီးတစ်ဆင့် ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ MPT ကိုဖျက်သိမ်းကာ အစိုးရဘတ်ဂျတ်ထောက်ပံ့မှုမပါဘဲ လုပ်ကိုင်မည့် မြန်မာ့ တယ်လီကွန်းအဖြစ် ပြုပြင်ဖွဲ့စည်းမည်ဟု ဆိုသည်။  လက်ရှိ ရတနာပုံတယ်လီပို့သည် ရတနာပုံတယ်လီကွန်းဟု အမည်ပြောင်းထားသော ကုမ္ပဏီသစ် ဖြစ်လာမည်ဟု သိရှိရသည်။
အခြားပုဂ္ဂလိကလုပ်ကိုင်သူနှစ်ဦးမှာမူ မိုဘိုင်းဖုန်း၊ လိုင်းဖုန်း၊ အများသုံးတယ်လီဖုန်း ကွန်ယက်၊ အချက်အလက်နည်းပညာနှင့် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းမျာတွင် ပါဝင်ဖြည့်ဆည်းနိုင်မည့် နိုင်ငံခြားကုမ္ပဏီများ ဖြစ်လိမ့်မည်ဟု သိရှိရသည်။
တယ်လီကွန်းကော်ပိုရေးရှင်းကို ယခုနှစ်မကုန်မီ ဖွဲ့စည်းပြီးနောက် MPT ကနိုင်ငံတကာတင်ဒါခေါ်ယူမည်ဖြစ်သည်။ ကန်ထရိုက်ရသော ကုမ္ပဏီများအနေဖြင့် ၂၀၁၃ တွင် လုပ်ငန်းအကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေရမည်ဟု သတင်းများက ဆိုသည်။
၂၀၁၆ တွင် တယ်လီဖုန်းသုံးစွဲမှုနှုန်း ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန်အတွက် ၂၀၁၃ တွင်စတင်မည့်  လုပ်ငန်းစဉ်သည် ၂၀၁၆ တွင် သုံးစွဲသူဦးရေ ၃၉.၅ သန်းရှိလာရန် ရည်မှန်းထားသည်ဟု သတင်းတွင်ဖော်ပြထားသည်။
တရားဝင် MPT ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် မိုးဘိုင်းဖုန်း(သို့မဟုတ်)ကြိုးဖုန်းသုံးစွဲသူ သုံးသန်းမျှသာရှိသောကြောင့် သုံးစွဲမှုနှုန်း ၅.၆ ရာခိုင်နှုန်းသာ ရှိသည်ဟု သိရသည်။
တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းသည် ကြီးကြပ်မည့် ဥပဒေကိုလည်း ယခုနှစ်မကုန်မီ ရေးဆွဲပြဋ္ဌာန်းလိမ့်မည်ဟု မျှော်လင့်ရသည်။

(Email မှရရှိသည်ကို ပြန်လည်မျှဝေပါသည်)

0 ကွန်မန့်ရေးရန်:

Post a Comment