Thursday, September 27, 2012

ထိုးထားတဲ့ တက်တူးတွေကို ဖျက်ချင်ပါ သလား


ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံး စွဲအောင် ထိုးထားတဲ့ ဆေးတွေကို ဖျက်ချင်ပါ သလား

25 SEPTEMBER 2012 | BY HEALTH DIGEST

ခန္ဓာကိုယ်ပေါ်မှာ လှချင်လို့ပဲ ဖြစ်ဖြစ်၊ သတ္တိရှိတယ်ဆိုတာ ပြချင်လို့ ပဲဖြစ်ဖြစ် တစ်သက်လုံး စွဲသွားစေ မယ့် ဆေးတွေကို ထိုးလေ့ရှိကြပါတယ်။ 
အဲဒါတွေကတော့ အမျိုးသား တွေရော၊ အမျိုးသမီးတွေပါ ထိုးလေ့ ရှိတဲ့ တက်တူး လို့ခေါ်တဲ့ ဆေးမင် ကြောင်တွေ၊ မျက်ခုံးမကောင်းတဲ့ အမျိုးသမီးလေးတွေ ထိုးလေ့ရှိတဲ့ မျက်ခုံးထဲ ကို ဆေးထိုးထည့် တာတွေ၊ နှုတ်ခမ်းနီဆိုး စရာ မ လိုဘဲ နှုတ်ခမ်း လေးရဲနေအောင် ထိုးလေ့ရှိတဲ့ နှုတ် ခမ်းထဲ ဆေးထိုးထည့်တာတွေပါ။ လူဆိုတာ အကြိုက်က အမျိုး မျိုး ပြောင်းနေတတ်ကြတာလေ။ ဒီလို တစ်သက်လုံးစွဲသွားစေမယ့်ဆေးတွေ ထိုးထားပြီးမှ မကြိုက်တော့လို့ ဖျက်ချင်ရင် အရင်က ဖျက်လို့မရ ပေမယ့် အခုတော့ လေဆာနဲ့ ဖျက် လို့ရနေပါပြီ။ ဒါကြောင့် ဒီလိုအရာ တွေကို လေဆာနဲ့ဖျက်ပေးတဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်း ကြီးလမ်း၊ တိုက် ၆၂/အေ၊ အခန်း ၄ မှာရှိတဲ့Face Life Skin Beauty (ဖုန်း-၂၅၄၉၅၇၊ ဝ၉၂၀၃၄၇၄၆) ကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ဒီနည်းကတော့
 
◆ ဖျက်လိုတဲ့နေရာကို ထုံဆေး လိမ်းပြီး ၄၅ မိနစ် ထားပေးရပါတယ်။
◆ ပြီးရင်လေဆာနဲ့ရိုက်ပေးရပါတယ်။
◆ လေဆာနဲ့ရိုက်လို့ အသားက နီရဲသွားပါတယ်။ အဲဒါကို ရေခဲနဲ့ မိနစ် ၃၀ လောက် အုပ်လိုက်၊ ခွာလိုက် လုပ်ပေးရပါတယ်။
◆ ပြီးရင်တော့ ဆေးလေးလိမ်းပေး လိုက်ရုံပါပဲ။ ဒီလို ကုထုံးတစ်ခါ ပြုလုပ်ပြီးတိုင်း အဲဒီနေရာကို ရေတစ်ရက်မထိရပါဘူး။ ပြုလုပ်ပြီးနောက် ၃ရက်မှ တစ် ပတ်လောက်အထိ နေ့စဉ် ဆေးလိမ်း ပေးရပါတယ်။ အဲဒီလို လေးပတ်ကို တစ်ခါ နှုန်းနဲ့ ၅ ခါကနေ ၆ ခါအထိ ပြုလုပ် ရင် လုံးဝပျောက်ကင်းသွားတယ်လို့ သိရှိပါတယ်။

ပန်းသွေးခြယ်

News from : HEALTH DIGEST
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
Photo: ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံး စွဲအောင် ထိုးထားတဲ့ ဆေးတွေကို ဖျက်ချင်ပါ သလား 25 SEPTEMBER 2012 | BY HEALTH DIGEST ခန္ဓာကိုယ်ပေါ်မှာ လှချင်လို့ပဲ ဖြစ်ဖြစ်၊ သတ္တိရှိတယ်ဆိုတာ ပြချင်လို့ ပဲဖြစ်ဖြစ် တစ်သက်လုံး စွဲသွားစေ မယ့် ဆေးတွေကို ထိုးလေ့ရှိကြပါ တယ်။ အဲဒါတွေကတော့ အမျိုးသား တွေရော၊ အမျိုးသမီးတွေပါ ထိုးလေ့ ရှိတဲ့ တက်တူး လို့ခေါ်တဲ့ ဆေးမင် ကြောင်တွေ၊ မျက်ခုံးမကောင်းတဲ့ အမျိုးသမီးလေးတွေ ထိုးလေ့ရှိတဲ့ မျက်ခုံးထဲ ကို ဆေးထိုးထည့် တာတွေ၊ နှုတ်ခမ်းနီဆိုး စရာ မ လိုဘဲ နှုတ်ခမ်း လေးရဲနေအောင် ထိုးလေ့ရှိတဲ့ နှုတ် ခမ်းထဲ ဆေးထိုးထည့်တာတွေပါ။ လူဆိုတာ အကြိုက်က အမျိုး မျိုး ပြောင်းနေတတ်ကြတာလေ။ ဒီလို တစ်သက်လုံးစွဲသွားစေမယ့်ဆေးတွေ ထိုးထားပြီးမှ မကြိုက်တော့လို့ ဖျက်ချင်ရင် အရင်က ဖျက်လို့မရ ပေမယ့် အခုတော့ လေဆာနဲ့ ဖျက် လို့ရနေပါပြီ။ ဒါကြောင့် ဒီလိုအရာ တွေကို လေဆာနဲ့ဖျက်ပေးတဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်း ကြီးလမ်း၊ တိုက် ၆၂/အေ၊ အခန်း ၄ မှာရှိတဲ့Face Life Skin Beauty (ဖုန်း-၂၅၄၉၅၇၊ ဝ၉၂၀၃၄၇၄၆) ကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ဒီနည်းကတော့ ◆ ဖျက်လိုတဲ့နေရာကို ထုံဆေး လိမ်းပြီး ၄၅ မိနစ် ထားပေးရပါတယ်။ ◆ ပြီးရင်လေဆာနဲ့ရိုက်ပေးရပါတယ်။ ◆ လေဆာနဲ့ရိုက်လို့ အသားက နီရဲသွားပါတယ်။ အဲဒါကို ရေခဲနဲ့ မိနစ် ၃၀ လောက် အုပ်လိုက်၊ ခွာလိုက် လုပ်ပေးရပါတယ်။ ◆ ပြီးရင်တော့ ဆေးလေးလိမ်းပေး လိုက်ရုံပါပဲ။ ဒီလို ကုထုံးတစ်ခါ ပြုလုပ်ပြီးတိုင်း အဲဒီနေရာကို ရေတစ်ရက်မထိရပါဘူး။ ပြုလုပ်ပြီးနောက် ၃ရက်မှ တစ် ပတ်လောက်အထိ နေ့စဉ် ဆေးလိမ်း ပေးရပါတယ်။ အဲဒီလို လေးပတ်ကို တစ်ခါ နှုန်းနဲ့ ၅ ခါကနေ ၆ ခါအထိ ပြုလုပ် ရင် လုံးဝပျောက်ကင်းသွားတယ်လို့ သိရှိပါတယ်။ ပန်းသွေးခြယ် News from : HEALTH DIGEST Post by အေးချမ်းမွန် ( excellencemedia.myanmar@gmail.com)

0 ကွန်မန့်ရေးရန်:

Post a Comment