Sunday, August 19, 2012

ပလောင်ဒေသအတွင်း TNLA, KIA ပူးတွဲပြီး ဗမာစစ်တပ်အား တိုက်ခိုက်

 

TNLA တပ်ဖွဲ့ဝင်များ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မန်တုန်မြို့နယ်နှင့် နမ့်ဆန်မြို့နယ်တ၀ိုက်တွင် မြန်မာစစ်တပ်၊ ကချင်နှင့် ပလောင်စစ်တပ်တို့် မကြာခဏ တိုက်ပွဲငယ်များ ဖြစ်ပွားလျှက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသတွင် ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့ ညနေပိုင်း ၃း၃၀ မှ ၅း၀၀ နာရီအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ရင်း (၁၁၂)မှ တပ်ရင်းမှူး တာဟိုဝ်ပ္လါင်နှင့် KIA တပ်ရင်း (၃၄) တပ်ရေးဗိုလ် ဆိုင်လီတို့မှ ပူးတွဲပြီး ဗမာစစ်တပ် တိုက်ခိုက်ခိုက်
၁၉၆၃ ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့တွင် ပလောင်အမျိုးသား တပ်ဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ ခုနှစ် ဧပြီလ(၂၁)ရက်နေ့မှာ အကြောင်းအမျိုးကြောင့် နအဖ စစ်အုပ်စုတို့ အပစ်ခတ် ရပ်စဲခဲ့ပါသည်။ ပြီးနောက် ယင်း ပလောင်လူမျိုးများ နေထိုင်သော ဒေသများကို ပလောင်ဒေသ အထူး (၇) အဖြစ် သတ်မှတ်ကာ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်က အုပ်ချုပ်ခဲ့ပါသည်။
၂၀၀၅ ခုနှစ် ယခင် စစ်အုပ်စု၏ ဒုဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန် လက်ရှိ သမ္မတကြီး ကိုယ်တိုင် အပစ်အခတ် ရပ်စဲထားသည့် PSLA တပ်ဖွဲ့ကို အင်အားသုံး အတင်းအဓမ္မ ဖြုတ်ချခံခဲ့ရပါသည်။
ပလောင်အမျိုးသား စစ်ရေး နိုင်ငံရေးကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး ( PSLF )မှ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)၊ မဟာမိတ် အင်အားစုများနှင့်အတူ ဆက်လက် တိုက်ပွဲ ဆင်နွဲ့လာခဲ့ပါသည်။
( PSLF ) ကို ၁၉၉၀ ခုနှစ် နောက်ပိုင်း ထိုင်းမြန်မာ အခြေပြုကာ တအာင်းအမျိုးသား စစ်ရေး နိုင်ငံရေးကို ဆက်လက် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ယခင် PSLA မျိုးချစ် ခေါင်းဆောင်အချို့နှင့် တပ်ဖွဲ့ဝင်များ အပါဝင် တအာင်းပြည်သူများ စည်းရုံးကာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် Taang National Liberation Army (TNLA) ကို မဟာမိတ် KIA ပံ့ပိုးကူညီမှုဖြစ် ပြန်လည်ဖွဲ့စည်းပြီး ပလောင်ဒေသသို့ စစ်ရေးနိုင်ငံရေးပါ လှုပ်ရှားလာနိုင်ခဲ့သည့်အပြင် မဟာမိတ်တပ်ဖွဲ့ KIA ၊ SSA တပ်ဖွဲ့တို့နှင့် စစ်ရေး ပူးပေါင်းမှုဖြင့် ရှမ်းပြည်နယ်အတွင်း ထိုးစစ်ဆင် လှုပ်ရှားလာနိုင်ခဲ့ပါသည်။

Mai Kyaw Oo

0 ကွန်မန့်ရေးရန်:

Post a Comment